j
Photo;Credit
ဆေးအသုံးပြုရန်ရောဂါ
သွေးချို ဆီးချို ရောဂါကုဆေး တစ်မျိုး ဖြစ်သည်။ သွေးချို ဆီးချိုရောဂါတွင် တစ်မျိုးတည်းသော်လည်းကောင်း မက်ဖော်မင် သို့မဟုတ် ဆာလိဖုန်နိုင်း ယူရီးယညးဆေးတစ်မျိုးမျိုးနှင့် တွဲ၍သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ဆေးအသုံးအသုံးပြုရန်အညွှန်း
တစ်နေ့လျှင် ၄ မီလီဂရမ်ဖြင့် စပေးရပါမည်။ထိုဆေးတစ်မျိုးထည်းကိုဖြစ်စေ မက်ဖော်မင်ဆေးနှင့်တွဲ၍ဖြစ်စေ အသုံးမည်ဆိုပါက ရှစ်ပါတ်ခြားပြီး တစ်နေ့လျှင် ၈ မီလီဂရမ်အထိ တိုးပေးနိုင်ပါသည်။တစ်ကြိမ်တည်းဖြစ်စေ သို့မဟုတ် နှစ်ကြိမ်ဖြစ်စေ ခွဲ၍ အသုံးပြုနိုင်သည်။
ဘေးထွက်ဆိုးကျိုးများ
ပျို့အန်ခြင်း ဝမ်းလျှောခြင်း ခေါင်းကိုက်ခြင်း သွေးအားနည်းခြင်း ကိုယ်အလေးချိန်တိုးလာခြင်း ဖောရောင်ခြင်း သွေးချိုအလွန်ကျခြင်း ဖြစ်တတ်ပါသည်။ထို့နောက် ခြေလက်ထုံကျင်ခြင်း ဆံပင်ကျွတ်ခြင်း နုံးခြင်း ရင်ကြပ်ခြင်း ဖြစ်တတ်ပါသည်။
သတိပြုရန်နှင့် ရှောင်ကျဉ်ရန်
အသည်းကိုထိခိုက်နိုင်သဖြင့် အသည်းနှင့်ဆိုင်သော ရောဂါမျာုးဖစ်နိုင်ပါသည်။အသားဝါလာလျှင် ဆေးကိုချက်ချင်း ရပ်ရပါမည်။နှလုံးအားလျော့ခြင်း ဖြစ်နိုင်သဖြင့် နှလုံးရောဂါရှိသူများ သတိပြုသုံးရပါမည်။ကျောက်ကပ်အားလျော့ခြင်းတွင်လည်း သတိပြု အသုံးပြုရပါမည်။
အသည်းမကောင်းသူများ နှလုံးအားလျော့ခြင်း ဖြစ်ဖူးသူများ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ သတိပြူရှောင်ကျဉ်ရပါမည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;;;017
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
fighting bro @aggamun
5tin bro
Good knowledge,thanks bro
Nice Post