Waiting For Tinker Bell
.
.
မျှော်ဆဲ ...
လာမယ့်လမ်းကို ဝေ့ကြည့်တော့ ...
ဆံနွယ်ဝဲဝဲတွေလည်းမတွေ့ရ ...
နံနက်ခင်းရဲ့နေခြည်နွေးထဲ ...
ကိုယ်မျှော်တဲ့လိပ်ပြာလေးရဲ့ အတောင်ပံခပ်သံလည်းမကြားမိသေး ...
သေချာတယ် ...
ကိုယ့်အတွက် နံနက်ခင်းဟာ အလှတရားတစ်ခုမဖြစ်သေးဘူး။
မြို့ပြရဲ့ ကားမှတ်တိုင်ဟာ အသွေးအရောင်စုံ အသံစုံနဲ့
ရုပ်ဝတ္ထုတွေပေါလျှံပြည့်ဝနေတယ် ..
မှိုင်းနံ့စွဲနေတဲ့ အတ္တခြုံထည်တွေနဲ့ မနုဿ တွေ ...
Shit ...!!!
နားထဲမှာ ညီထွဋ်ရဲ့ " လူ " သီချင်းပဲကြားမိနေတယ်။
ရုတ်တရက်တုန်ခါသွားတဲ့ ကိုယ့်ဖုန်းလေးရဲ့ စေ့ဆော်မှုမှာ
လှပ်ခနဲ့ခုန်သွားတဲ့ရင်ဟာ နှုတ်ခမ်းအစုံကို အပြုံးအဖြစ်ရေးခြစ်လိုက်ကြတယ်။
ကိုယ့်လိပ်ပြာလေးရဲ့ " Msg " လေလား !!!
Shit !!! (ဒါက ဒုတိယအကြိမ်)...
သူနဲ့ကိုယ်နဲ့ သမီးရည်းစားမဟုတ်ပဲ ...
ခဏခဏ စာတိုတွေအပို့ခံရတာ ...
စိတ်ညစ်ညူးစရာပါ ။
ဖြစ်နိုင်ရင်မပို့ပါနဲ့ ...
မလိုဘူးလေ။
ကိုယ်မင်းကိုအောင့်နမ်းပေးထားတာပဲ !(နော်ဝေသူရယ်)
ကိုယ့်လက်ကောက်ဝတ်က နာရီလေးမှာ ...
စက္ကန့်တံလေး အလုပ်ကြိုးစားနေတာကိုယ်သိပါတယ် ...
မင်းလိုပဲငါ့နှလုံးသားလေးလည်း သိပ်အလုပ်များနေတယ်။(တဒိတ်ဒိတ် နဲ့)
လိပ်ပြာလေးလာမှ မင်းရဲ့စည်းချက်နဲ့ ကိုယ့်နှလုံးသားရဲ Rhythm..
Perfect ဖြစ်တော့မယ်ထင်တယ်...။ .......... ။
★ Lay Cho. ★
#MSU-061
#LayCho
အင်း ရည်းစားစာလေး တစ်စောင်လောက် ရေးပေးခိုင်းရင် ကောင်းမလား
အိမ်က မဟေသီကြီးပစ်ထားပြီး .. ဒီမှာလူပျိုလာလုပ်နေတယ်ပေါ့လေ .. ဟိဟိ
ထူးအိမ်သင်း သီချင်းတွေလိုပဲ....စာသားလေးတွေ✅
အဲ့လိုတောင်မတင်စားပါနဲ့ဗျာ ..
မခံယူရဲပါ ..
ကျွန်တော်က ကိုငှက်အသံနဲ့စာသားကိုသီချင်းပုံစံရွတ်လိုက်ပီးမှပြေားတာပါဗျာ😃
အို ... အဲ့ကဗျာရွတ်သံလေး နားထောင်ချင်မိ
မပြေားတော့ပဘူးလေ...😝
👍👍
Thz a lot bro.