နည်းနည်းတော့ကြာပြီ။ ကျနော့်သမီးထက် ငါးနှစ်လောက်ကြီးတဲ့ ကောင်မလေးတယောက်နဲ့ စကားပြောဖြစ်တယ်။ ကလေးမလေးမှာနားဖောက်ထားတာတွေ့တော့ ဟယ်သမီးရယ် နားကပ်မဝတ်ဘဲဘာလို့နားဖောက်တာလဲလို့ ကျနော်ကမေးလိုက်တယ်။ အဲ့ကလေးမလေးက ဘာပြန်ပြောလဲသိလား။ ဝတ်စရာနားကပ်လည်းမရှိဘူး ရွှေလည်းမရှိဘူး ဘာမှမရှိဘူးတဲ့။ ပြောပုံက မကျေမနပ်နဲ့။ မျက်နှာက အလိုမကျစူပုပ်ပုပ်နဲ့ ။ ကျနော်စိတ်လည်းမကောင်းဖြစ် စိတ်ထဲမှာလည်း အတော်ကလေးကသိကအောင့်ဖြစ်သွားတယ်။ ကလေးမလေးဟာအရွယ်နဲ့မလိုက်အောင် ရွှေကိုမက်မောတတ်နေပါလားပေါ့။ နေတာကလည်း မြို့စွန်က ရပ်ကွက်ငယ်ငယ်လေးထဲမှာ။ ကျနော့်မှာမနေသာတော့ဘူး။အားပေးစကား ပြောရတော့တယ်။ ကျနော်ကလည်း ဖန်စီလက်ဝတ်လက်စားတွေဝတ်သွားတော့ ပိုပြောလို့ကောင်းသွားတယ်။ ဟဲ့သမီးရဲ့ ဒီမှာကြည့်စမ်း အန်တီ့နားကပ် အန်တီ့ဆွဲကြိုး တွေ့လား ဘယ်လောက်လှလဲ။ ဘာရွှေမှမပါဘူး။ ခေတ်မီတယ်။ တွေ့လား။ ရွှေဆိုတာ တောဆန်တယ်။ အန္တရာယ်များတယ်။ ခေတ်မမီဘူးလို့ပြောတော့ အဲ့ဒီ့ကလေးမလေးက ဘာပြန်ပြောလဲသိလား။ အန်တီရယ် ရွှေဝတ်မှလှတာ အန်တီ့နားကပ်ကြီးကလှလည်းမလှဘူး တန်ဖိုးလည်းမရှိဘူး။ ရွှေမှမဟုတ်တာ မကြိုက်ပါဘူးတဲ့လေ။ ရွှေဝတ်မှဂုဏ်ရှိတာတဲ့လေ။ ကျနော့်မှာပါးစပ်အဟောင်းသား။ သု့မိဘတွေနဲ့ တခြားလူတချို့လည်းရှိတော့ ကျနော်ဘာမှထပ်မပြောတော့ဘဲ ပါးစပ်ပိတ်လိုက်ရတော့တယ်။ ဟုတ်တယ်လေ။ သူ့မိဘတွေကိုယ်တိုင်က ဒီကလေးကတွေ့လား စကားတတ်တာ လည်တာဆိုပြီး ဂုဏ်ယူနေကြတော့ သူ့ပတ်ဝန်းကျင်နဲ့သူ့စရိုက် အံကိုက်ပဲ။ လူတွေကြည့်တော့ နှိမ်တာမဟုတ်ဘူးစားဖို့တောင်အနိုင်နိုင်ရယ်။ တွေးလိုက်မိတယ်။ အော် သူတို့ပတ်ဝန်းကျင်မှာ ရွှေဟာသိပ်တန်ဖိုးရှိပါလားပေါ့။ သုံးလေးသောင်းလောက်တန် နားကပ်ကလေးများလုပ်ထားရင်တောင် ဟယ်ကနဲ ဟာကနဲဖြစ်ဖြစ်သွားကြတော့ ရွှေမြင်တာနဲ့ကို အထင်တွေဇွတ်ကြီးပစ်တဲ့ ပတ်ဝန်းကျင်။ ရင်လေးမိတယ်။ ဒီနေ့ခေတ်ဆိုတာကလည်း သားကောင်ရှာတဲ့မုဆိုးတွေက ပေါမှပေါ။ ရွှေအတုကလေးပြပြီး မြှူဆွယ်တာတို့ဘာတို့ဆိုတာကလည်း ကြားကြားနေရတာမနည်းဘူး။ သက်ငယ်မုဒိန်းဆိုတာတွေရော အမလေးးးကျနော်တွေးတွေးပြီး အတော်ကြောက်သွားတယ်။ သူ့မိဘတွေကတော့ အဲ့ဒီ့လောက်ထိတွေးမိပုံလည်းမပေါ်ဘူး။ မတွေးမိလို့သာပဲ အဲ့ဒီ့ လေးတန်းအရွယ်ကလေးမလေးကို ဘေးအိမ်က လူပျိုပေါက်လေးက ရေချိုးပေးတာကို ဘာမှမပြောတာ။ ဟဲ့ နင်တို့ကလည်း မသင့်တော်ပါဘူးလို့ပြောတာကို ဘာမှမဖြစ်ပါဘူး မောင်နှမတွေလိုပဲဆိုပြီး သူတို့ကတောင် ကိုယ့်ကို ဇီဇာကြောင်သူအဖြစ်ပြန်မြင်သေးတာ။ ဆိုတော့လေ တွေးတွေးပြီး ရင်တွေပူမိတာအရမ်းပဲ။ ကျနော်လည်း သမီးမိန်းကလေးမွေးထားတဲ့ အမေတယောက်မို့ပါလေ
စုမွန်သွယ်
msu 057
ဗဟုသုတ နည်းတာကိုး ဖြစ်သွားမှပဲနောင်တတွေရနေတော့မှာ။
ကြောက်စရာတွေ
ပညတ် နဲ့ ပရမတ် မကွဲသေးလို့ပါ
know ma shi lo nay mr pr
nice
good
Nice Post
ခေတ်ကာလကြီးမှာလေ.....
ရင်ပူမိတာ
Nice Nice