ငါးငရုပ်သီးကြော်နည်း

in #my7 years ago (edited)

မင်္ဂလာပါရှင်
ခုပြောပြပေးမဲ့ဟင်းချက်နည်းလေးကတော့ ငါးငရုပ်သီးကြော်နည်းလေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းလေးတွေကတော့ ငါး၂၅ ကျပ်သား ဆားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ငရုပ်သီးမှုန့် အနည်းငယ် နနွင်းမှုန့် အနည်းငယ် ကြက်သွန်နီ ၂ဥ
ဆီ သင့်သလာက် ဖြစ်ပါတယ် ။
ငါးအတုံးလေးတွေကို ဆားအနည်းငယ် ဟင်းခတ်မှုန် အနည်းငယ် နနွင်မှုန့် အနည်းငယ်ထည့်ပြီးနယ်ပါမယ် ပြီရင် ဆီအိုးတည်မယ် ဆီပွက်ပြီဆိုရင် ငါးတုံးလေးတွေထည့်ကြော်မယ် ကျွတ်အောင်ကြော်ပါမယ်။ပြီးရင် ငါးကြော်ပြီးသားလေးတွေကိုဆယ်ထားပါမယ်။ ပြီးရင် ကြက်သွန်နီးလေးတွေလှီးပြီးတော့ ထည့်ကြော်ရမယ် ။နွန်းပြီဆိုရင် နနွင်းမှုန့် လေးအနည်းငယ်ထည့်ပါမယ်။ ပြီးရင် ကြော်ပြီးသားငါးတုံးလေးတွေကို ထည့်ကြော်မယ် ငရုပ်သီးမှုန့်ုအနညိးငယ်ထည့် ကြော်မယ် ။မိမိကြိုက်နစ်သလိုအစပ်ထည့်လို့ ရပါတယ် ။ဒါဆိုရင် ငါးငရုပ်သီးကြော်လေးရှိပါပြီရှင် ။
အရသာရှိပြီးထမင်းမိန်စေမှာပဲဖြစ်ပါတယ်။
image
writer* khinzarwin*

Sort:  

ငါးကြော် စပ်စပ် ကြိုက်တယ် ..
Upvoted!

ဟုတ် ကျေးဇူးပါ ကြိုက်နှစ်သက်တဲ့အတွက်