ဒီနေ့ ကျော်တော့်သူငယ်ချင်းမှ နင့်ဆရာမ အဖေဆုံးပြီတဲ့။ ရုတ်တရက် အံဩသွားသည်။ 'ဘာကြောင့်ဆုံးတာလဲ' မေးတော့ လျှာကင်ဆာဖြစ်ပြီးဆုံးတာတဲ့ ကျော်တော်လဲ စိတ်မကောင်းဖြစ်မိသွားသည်။ ကျော်တော်က သူပြောမှသာ ဆုံးမှန်းသိတာ။ ဒီအချိန်နွေရာသီကျောင်းပိတ်နေသည့်ကာလ။ ကျော်တော့က အပေါင်းသင်းနဲတယ်။ အေးအေးဆေးဆေးနေသူ။ အိမ်ထဲမှ အိပ်ပြင်တော်ရုံမထွက်။ အိမ်နီးနားချင်းတွေတောင်ပြောသည်။ အမေ့ကို 'နင့်မလဲ မိန်းခလေးမွေးထားတာကြနေတာပဲ။ နင့်သားက အိမ်ထဲက အိမ်ပြင်တောင်မထွက်ပါလား။' တဲ့ အဲလိုတောင်ပြောကြသည်။ သူငယ်ချင်းလာပြောမှသာ ဘာကြောင့် ဘယ်လိုဆုံးမှန်းသိရသည်။ ဆရာမနာမည်က ဒေါ်ဟေမာ ကျော်တော်တို့ကျောင်းရဲ့ အတန်းပိုင်ဆရာမ အင်္ဂလိပ်စာနဲ့ ဘဝတွက်တာ သင်သူ။ အခုဆုံးတာက သူ့အဖေ ဦးအုံးကြည်။ ဆရာမဒေါ်ဟေမာက စာသင်တာတော်တယ်ဗျ။ စာလဲသေချာရှင်းပြနိုင်တယ်။ ကျောင်းသားကျောင်းသူတွေကို စာကိုစိတ်ဝင်စားပြီး မှတ်ရလွယ်အောင်သေချာရှင်းပြနိုင်သူ။ Letter ,Eassy တို့ဆိုလဲ ကျောက်သင်ပုန်းမှာ အလွတ်ချရေးတာ။ တခြားဆရာမတွေကတော့ အထူးထုတ်,ပညာရေးပိုင်းတိုင် စာအုပ်ထဲကူးပြီး ကျောက်သင်ပုန်းမှာရေးတာ။ (ဤသည် ဆရာမကိုစော်ကားခြင်းမဟုတ်)
ရုတ်တရက် ဆရာမအဖေဆုံးပြီဆိုတော့ အံဩသွား၏။ ကျော်တော်နဲ့ ဦးအုံးကြည်က အကျွမ်းတဝင်တော့ သိပ်မရှိပါ။ ကျော်တော့် အမေနဲ့ကတော့ ရှင်းရှင်းပြောရရင်တော့ ၂လုံးထီမိတ်တွေပေါ့။ ဦးအုံးကြည်ပေးတဲ့ ထီဂဏန်းတွေက မှန်းသားဗျ။ တစ်ရက် ထီလေးကြိမ်ထွက်တယ်။ အနဲဆုံးနှစ်ကြိမ်တော့ပေါက်တယ်ဗျ။ သူပြောတာကတော့ သူ့တွက်နည်းထက် ဆရာတော်ပေးတဲ့ ဂဏန်းတွေ၊ အိမ်မက်ကို နိမိတ်ဖတ်ပြီး ထီဂဏန်းထိုးတာတဲ့။ ကျော်တော့်အမေကတော့ သူ့ကို ဆရာသင်ထားရသူ။ အမေကလဲ ထီကို သူဌေးဖြစ်၊ ခွေးဖြစ်ဆိုသလို များများစားစားမထိုးပါ။ တော်ရုံလောက်ပဲ ထိုးတာပါ။
ဦးအုန်းကြည် အပူပင်မရှိ အေးအေးဆေးဆေးနေသူ။ မနက် ၄နာရီ လောက်ဆို သူ့ရာဘာခြံလေးလာကြည့်ပြီး ရာဘာစေးလာကောက်။ ရာဘာအခွံခြစ်လုပ်တာပေါ့။ ရာဘာခြံကတော့ သူ့ ဘိုးဘွားပိုင်မြေပါ။ သူထီပေါက်တော့ ကျော်တော်အမေ့ရဲ့မိတ်ဆွေ ဒေါ်နီဆိုတဲ့ အိမ်နားကမြေကွက် (ပေ ၁၀၀) ပတ်လည်ကိုထပ်ဝယ်လိုက်တယ်။ အဲတုန်းက ပေါက်ဈေးနဲဆို ၂၅သိန်းလောက်ပဲရှိအုန်းမှာပါ။ ရန်ကုန်လိုမြို့ကြီး ပြကြီးနေရာကိုတော့မဆိုလိုပါ။ သူ့မှာ ရာဘာခြံလေးရှိနေတော့ ပုံမှန်ဝင်ငွေလေးရနေတော့ အဆင်ပြေသား။ သူ့သမီး ဒေါ်ဟေမာကလဲ အဖေကို ပိုက်ဆံပေးချင်တာမဟုတ်။ သူလဲ သူ့ယောကျာင်္နဲ့ ကလေးသုံးယောက် သူ့ဆရာမနဲ့လစာနဲ့ တောင်မလောက်။ ဦးအုန်းကြည်ဆီက ဟိုနဲနဲဒီနဲနဲပြန်တောင်းနေသူ။ သူယောကျာင်္းကတော့ ကြက်တိုက်တာ ဝါသနာကြီးသူ။ ကြက်တိုက်ရင် နိုင်ရင်တော့ တစ်ပွဲ ၅ထောင် ၁သောင်း လောက်ရတယ်။လောင်းကစားကို မိုက်ရူးရဲဆမ်သူတော့မဟုတ်။
ဆရာမက မနက်ဆိုကျောင်းသွား ကလေးတွေစာသင်၊ သူ့ယောကျာင်္းက တပ်ကြပ်ကြီးစာရေး၊ မနက်စောစောရုံးသွား ည ၈ နာရီလောက်မှပြန်လာ။ သူ့သားသမီးတွေကလဲ ကျောင်းသွား။ ဦးအုန်းကြည် အိမ်မှာတစ်ယောက်တည်း။ ဘာမှလည်း လုပ်စရာကိုင်စရာမရှိ။ အပျင်းဖြေစရာလဲမရှိ။ အိမ်မှာ တစ်ရောက်တည်းကျန်ခဲ့သူ။ ကျော်တော့်အမေအိမ်ကို မနက်မနက်ဆင်းလာပြီးတော့ ထီဂဏန်းတော့ လာမှာတယ်။ တစ်နေကုန်စာ ၄ကြိမ် ဘယ်လောက်ဆိုပြီး တစ်ခါတည်းပေးခဲ့တာ။ နောက်နေ့မနက်မှ ထီပေါက်တာနဲ့ ထိုးမဲ့ထီဂဏန်းနဲ့ ထိုးကြေးကိုချေပြီး ထပ်ထိုးခိုင်း။ ဦးအုန်းကြည်ဆုံးတဲ့ရက်က သင်္ကြန်ရက်ကြီးဗျ။ကျော်တော် အမေကလဲ သူဆုံးမှန်းမသိဘူး။ ကျော်တော်ကတော့ ထင်သား။ ထီဂဏန်းလာမမှာတာတော့ အကြောင်းရှိလို့များလားလို့တော့ တွေးမိသား။
ဒီလိုနဲ့မကြာလိုက်။
သူငယ်ချင်းဆီ သတင်းကြားလိုက်သည့် ဦးအုန်းကြည် လျာကင်ဆာနဲ့ ဆုံးပြီဆိုတဲ့သတင်းကြားရလေတော့သည်။
လျာကင်ဆာဖြစ်တဲ့ အကြောင်းရင်းကတော့ ဆေးလိပ်ကြောင့်ပေါ။ သူက ဆေးပေါ့လိပ်အမြဲတမ်း အိမ်မှာထိုင်သောက်နေသူ။ ဒါကလဲ ဆေးလိပ်သောက်သူတိုင်း လူတိုင်း မဖြစ်ပါ။ တစ်ချို့ အသက် ၇၅ လောက်ထိ ဆေးလိပ်သောက်နေသူ ဘာရောဂါမှ မရှိဘဲဆုံးသွားသူတွေအများကြီး။ ကျော်တော့် အဖိုးကတော့ ကျန်းမားရေးလိုက်စားသူ။ အသက် ၆၀ ထိအားကစားလုပ်နေသူ။ ဆေးလိပ်မသောက်၊ ကွမ်းမစား လျာကင်ဆာနဲ့ဆုံးတယ်တဲ့။ အံဩစရာတော့ကောင်းတယ်ဗျ။
ဦးအုန်းကြည်ကို ဆရာဝန်ပြောတာကတော့ 'ရောဂါအချိန်မှီတားလို့ရခဲ့ရင်တော့ ဒီရောဂါကို အမြစ်ပြတ်အောင်ကုလို့ရတယ်တဲ့။ ခုက ရောဂါက သိတာနောက်ကျတဲ့အတွက် ကုလို့မရတော့လို့ ကင်ဆာလို့ပဲပြောရတော့မယ်' တဲ့။ 'ဒါပေမဲ့ ရန်ကုန်ဆေးရုံကို ပြကြည့်ပါလား။ကျော်တော့်တို့ဆီ ဒီရောဂါကိုကုပေးလို့မရဘူး' လို့ပြော၏။ ဆရာမဒေါ်ဟေမာကတော့ သူဆီမှာငွေရှိပေမဲ့ အဖေ့ရောဂါကို စိတ်မဝင်စား။ ရန်ကုန်တက်ပြီး ဆေးကုလဲ အလကားပဲဆိုပြီးစိတ်ထဲထား၏။ ဦးအုန်းကြည် သူ့ရာဘာခြံလေးစိတ်ထဲမှတော့ သတိရနေသည်။မြေကွက်အသစ်မှာ စိုက်ထားတဲ့ ရာဘာပင်တွေ ဘယ်လောက်ကြီးပြီလဲ။ ရာဘာစေးကောဘယ်လောက်ရနေပြီလဲ။ ကြည့်ပေးမည့်သူမရှိ။ ဦးအုံးကြည်လဲ သူ့ရောဂါနဲ့သူ အိပ်ယာမှမထနိုင်၊
ဒီလိုနဲ့ တနေ့ သူအိပ်မပျော်သေးဘဲ အိပ်ယာထဲလဲနေတုန်း ဒေါ်ဟေမာနဲ့ သူယောကျာင်္းပြောသံကိုကြားနေရသည်။ စကားသံမသဲကွဲသဖြင့် သေချာနားစွင့်လိုက်၏။ သူယောကျားင်္က ' ဟဲ့ နင့်မှာစုထားတဲ့ ငွေ၁၅သိန်းရှိတယ်မလား။ ငါတို့ဆိုင်ကယ်တစ်စီး ဝယ်ရအောင်လား။' ' ရှင့်ရူးနေလား ငါ့အဖေ နေမကောင်းဘူးလေ။ ရောဂါကုဖို့က ဘာနဲ့ကုမှာတုန်း။' ' နင့်အဖေက ကင်ဆာဖြစ်နေတာလေ။ မကြာခင်သေတော့မဲ့ဟာကို ဘာကိုပူနေတာတုန်း။ ငါဆို့ဆိုင်ကယ်တစ်စီးဝယ်နိုင်မှသွားဖို့လာဖို့ အဆင်ပြေမှာ။ ငါ့မှာ ရုံးသွားရတာ လမ်းလျှောက်ပြီးသွားနေရတာ ဆယ်မိုင်လောက်ရှိတယ်။'
ဒီလိုနဲ့ ဦးအုန်းကြည် ဒီစကားသံတွေကြာပြီး ပိုက်ဆံရှိရဲ့သားနဲ့ သူကို ဆေးရုံတောင်မထားပေးပါလားဆိုပြီး စိတ်ထဲမကောင်းဖြစ်ကာနောက်နေ့မှာ ဆုံးပြီးဆိုတဲ့ သတင်းကြားရလေတော့သည်။ ကျွန်တော်လဲ ဆရာမအိမ်သွားပြီး လုပ်စရာရှိတာတွေလုပ်ပေးရင်း အသုဘ လိုက်ပို့ဖို့အချိန်ရောက်ခဲ့သည်။ မြန်မာတို့၏ ထုံးစံတိုင်း မီးသဂြိုလ်ခါနီး အုံးသီးကိုခွဲ နောက်ပြန်ပစ်ပြီး မီးသဂြိုလ်လေသည်။
ဒါနဲ့ပဲရက်လည်ဆွမ်းကျွေးပြီး နောက်နေ့လောက်ရောက်တော့ သူတို့ ရာဘာခြံကိုရောင်းလိုက်ကြသည်။ သူတို့လဲ သူတို့အလုပ်တစ်ဖက်မို့ ရာဘာခြံကို မကြည့်နိုင်သောကြောင့်ဖြစ်သည်။ ရာဘာခြံမှာတော့ ဦးအုန်းကြည် မကျွတ်မလွတ်လို့ သရဲချောက်တယ်၊ အရိပ်ပြတယ်ဆိုတော အသံတော့မကြားရပါ။ ဤသည် ဆန်းကြယ်သောအကြောင်းရာမဟုတ်ပေမဲ့ လောကရဲ့ သဘောသဘာဝ အဖြစ်ပျက်ကို ကိုးကားပြီးရေးသားထားခြင်းဖြစ်သည်။ အမှားပါရင်လွတ်ပါ။ ဆက်လက်ကြိုးစားပါအုံးမည်။ ကောင်းသောနေ့ဖြစ်ပါစေ။
@shwetoe
Photo crd (Google image)
fighting
Your feedback for thank
Fighting
Thank
message ပေးတတ်ပါပေတယ် ဆက်အားပေးနေပါမယ်
ကျေးဇူးပါ။ အားလုံးကို Reply ပြန်ပါတယ်ဗျ။
သားသမီးတွေကလည်း ကြောက်ဖို့ကောင်းတယ်နော်