တစ်ခါက မျိုးရိုးစဉ်ဆက် ဖိနပ်ချုပ် လုပ်ငန်းကို လုပ်ကိုင်တဲ့ Rivera( ရီဗဲရား ) မိသားစုလေး တစ်စုရှိခဲ့ပါတယ်။
မက္ကဆီကို နိုင်ငံက မြို့လေး တစ်ခုမှာပေါ့။
ရီဗဲရား မိသားစုလေးမှာ Miguel( မီးဂွဲလ် ) ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေး တစ်ယောက် ရှိပါတယ်။
သူဟာ ဂီတကို အရူးအမူး ဝါသနာပါပေမယ့် သူ့မိသားစုကတော့ အပြင်းအထန် ကန့်ကွက်တာကြောင့် သူ့ဆန္ဒလေးကို မျိုသိပ်ကာ ဈေးထဲမှာပဲ လှည့်လည် ဖိနပ်တိုက်ရင်း သူ့မိသားစုရဲ့ ဖိနပ် လုပ်ငန်းကို ကူညီလုပ်ကိုင်ဖို့ ကြိုးစားနေရရှာပါတယ်။
ဂီတကို လူတော်တော်များများက နှစ်သက်မြတ်နိုး ကြပါတယ်။
ဒါပေမဲ့ သူ့မိသားစုကတော့ ခါးခါးသီးသီးနဲ့ ကို ဂီတကို ကျိန်စာဆိုး တစ်ခုလို ရွံ့မုန်းလို့နေပါတယ်။
ဒါကလည်း အကြောင်းရှိပါတယ်။
ဒီအကြောင်းကို ပြောရမယ်ဆို မီးဂွဲလ် ရဲ့ အဘီ လည်း ဖြစ်၊ ဒီဖိနပ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်တဲ့ ဖွားဖွား အီမဲဒါ က စ ပြောရမှာ ဖြစ်ပါတယ်။
ဖွားဖွား အီမဲဒါရဲ့ တစ်ဦးထဲသော ခင်ပွန်းဖြစ်သူ က ဂီတကို တစိုက်မက်မက် လုပ်ကိုင်လိုတာကြောင့် သူ့ သမီးလေးနဲ့ ဇနီးဖြစ်သူကို ထားခဲ့ကာ ဂီတာတစ်လုံးနဲ့ ထွက်သွားလိုက်တာ လုံးဝ ပြန်မလာတော့ပါဘူး။
အဲသည့် ကတည်းက အီမဲဒါက သူ့ခင်ပွန်းကို မုန်းတီး နာကျည်းနေခဲ့ပါတယ်။
ဒီလို ဖြစ်တာဟာ ဂီတကို ချစ်လို့ ဖြစ်ရတာလို့လည်း ယူဆခဲ့ပါတယ်။
သမီး ဖြစ်သူ Co Co( ခိုခို ) နဲ့ သူမရဲ့ စားဝတ်နေရေး အတွက် ဖိနပ် ချုပ်တဲ့ အလုပ်ကို အောင်မြင်တဲ့ အထိ ဇောက်ချ လုပ်ကိုင်ခဲ့ပါတယ်။
ခုလို ဇောက်ချ လုပ်ကိုင်တဲ့ အတွက် ဖိနပ်လုပ်ငန်းက တစ်စတစ်စ အောင်မြင်လာခဲ့ ပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် မိသားစု လုပ်ငန်း အဖြစ် လုပ်ကိုင်လာတာဟာ သူမရဲ့ တီ ဖြစ်သူ မီးဂွဲလ် မျိုးဆက် ထိတိုင်အောင်ပါပဲ။
ဒါပေမဲ့ စည်းကမ်းက တော့ တစ်ခုရှိပါတယ်။
ရီဗဲရား မိသားစုအတွက် ဂီတသည် ကျိန်စာဆိုး။
မိသားစုဝင် မည်သူမျှ ဂီတနဲ့ မပတ်သတ်ရ။
သူမကိုယ်တိုင်လည်း သူ့ခင်ပွန်းအကြောင်းကို မေ့ထားတယ်။
ဘယ်သူမှကို မပြောပြ။
မိသားစုဓာတ်ပုံမှာတောင် သူမခင်ပွန်းရဲ့ ဦးခေါင်းနေရာကို စုတ်ဖြဲထားတယ်။
သည်တော့ သမီးဖြစ်သူ ခိုခိုတောင်မှ ငယ်ငယ်က မြင်ဖူးထားလို့ သူမ ဖခင်ကို မှတ်မိနေတာ။ ကျန်မျိုးဆက်တွေ ဘယ်သူမှ မမြင်ဘူးကြ။
ဂီတ ကျိန်စာမိသွား၍ မိသားစုကို စွန့်ပစ်သွားနိုင်ခဲ့သူ ဆိုတာက လွဲရင် ကျန်တာ မသိ။
ဘိုးဘေးတွေကို ပူဇော်ပသတဲ့ အခန်း
ထဲမှာတောင် တခြားမိသားစု ဝင်တွေ အဒေါ် ဦးလေး ဘကြီး တို့ရဲ့ ဓာတ်ပုံ တွေက ကိုယ်စီ ကိုယ်ငှ ပြည့်ပြည့် စုံစုံ လှလှပပ ရှိနေကြပေမဲ့ သမီးလေး ခိုခိုရယ် သူမရယ် သူမ ခင်ပွန်းရယ် ရိုက်ထားတဲ့ တစ်ပုံတည်းသော ဓာတ်ပုံလေးမှာတော့ သူမခင်ပွန်းဖြစ်သူရဲ့ ဦးခေါင်းနေရာလေးက ပြဲနေလျက်။
မိသားစုက အဲသည်လောက် ခါးခါးသီးသီးနဲ့ ဂီတကို မုန်းနေကြတော့ မီးဂွဲလ် ခမြာ သူ့ရဲ့ ဂီတ အာသာဆန္ဒကို ဟိုးထပ်ခိုးလေးအပေါ်မှာပဲ တစ်ယောက်တည်း ဂီတာစုတ်လေး တစ်လုံးနဲ့ ဖြေဖျောက်နေရရှာတယ်လေ။
သူ့ရဲ့ စံပြပုဂ္ဂိုလ်ကတော့ သူ့ခေတ် သူ့အခါက စ လို့ လက်ရှိအချိန်အထိ နာမည်ကျော် လူကြိုက်များနေဆဲ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ကြီး Ernesto De La Cruz( အာနက်စတိုဒီလာခရုဇ် ) ပါပဲ။
အာနက်စတိုရဲ့ နာမည်ကျော် လူကြိုက်အများဆုံး တေးသီချင်းကတော့ Remember me( သတိရပေးပါ ငါ့ကို ) ပဲဖြစ်ပါတယ်။
ဒါပေမဲ့ မီးဂွဲလ်ကတော့ အာနက်စတိုကို သဘောကျနှစ်ခြိုက်သူ ပီပီ သူ့သီချင်း တီးလုံး တီးကွက်သာမက ရုပ်ရှင် ထဲက သရုပ်ဆောင်ချက်တွေ ဇာတ်လမ်း ဇာတ်ကွက် ပြောစကားတွေ အထိပါ အလွတ်ရ နေတော့ပါတယ်။
မီးဂွဲလ် စွဲစွဲမြဲမြဲ မှတ်မိနေတာက တော့ အာနက်စတိုရဲ့ အခွင့်အရေးရှိတုန်း မိမိရရ ဆုပ်ကိုင် ထားပါ ဆိုတဲ့ စကားလေးပါ။
ဒီလိုနဲ့ နေလာရင်း တစ်နေ့မှာတော့ မထင်မှတ်တဲ့ ဖြစ်ရပ် တစ်ခုကနေ မီးဂွဲလ်က သူဟာ အာနက်စတိုရဲ့ မျိုးဆက်ဖြစ်နေမှန်း သိရှိခဲ့ရပါတယ်။
သူဟာ အလွန်ပျော်ရွှင်သွားပြီး ဂီတ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အင်အားတွေလည်း ရရှိခဲ့ပါတယ်။
ဒါပေမယ့် သူ့မိသားစုကတော့ အသည်းအသန် တားမြစ်နေဆဲပါပဲ။
သူ့မိသားစုက သူ့ကို တားမြစ်ဖို့ ကြိုးစားနေရင်း မီးဂွဲလ်ရဲ့ တစ်ခုတည်းသော ဂီတာလေးကို ချိုးဖဲ့မိသလို ဖြစ်သွားတာကြောင့် ဂီတာစုတ်ကလေးဟာ အသုံးပြုလို့ မရအောင် စုတ်ပြတ်သတ်သွားပါတော့တယ်။
ဒီတစ်ခါမှာတော့ မီးဂွဲလ်ဟာ သူ့မိသားစုကို စိတ်အနာကြီးနာကာ အိမ်မှထွက်ပြေး သွားပါတော့တယ်။
မိသားစုနဲ့ ကွဲကွာသွားတဲ့ မီးဂွဲလ် ဟာ မလုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်ရင်း သဘာဝလွန် ဖြစ်ရပ် တစ်ခုနဲ့ ထိတ်လန့်ဖွယ် တွေ့ကြုံခဲပါတယ်။
အဲသည့် ဖြစ်ရပ်ကပဲ သူ့ မိသားစု မျိုးဆက်သမိုင်း အမှန် ကို သိရှိဖို့ ဖြစ်လာခဲ့ပါတယ်။
သည်တော့ သူ့မိသားစု သမိုင်း အမှန်က ဘာလဲ ?
သူ ဂီတ လမ်းကြောင်းမှန် ပေါ် လျှောက်လှမ်း နိုင်ပါ့မလား ?
ဂီတ ဟာ တကယ်ပဲ ကျိန်စာဆိုး ဖြစ်စေခဲ့သလား ဆိုတာကတော့ ………
ဒီ အဆင့်မြင့် ကာတွန်း ရုပ်ရှင် ဇာတ်ကားလေးကို ဒါရိုက်တာ Lee Unkrich က ၂၀၁၇ မှာ ဖန်တီးပုံဖော် ပြသခဲ့ပါတယ်။
3D animation ဇာတ်ကား ဖြစ်တာကြောင့် အကုန်အကျ မနည်းလှပါဘူး။
စာရင်းဇယား အရ US ဒေါ်လာ ၁၇၅ သန်းကျော် အကုန်ခံပြီး ဖန်တီးခဲ့တာပါ။
ပြန်ရတော့ သန်း ၈၀၀ ကျော်ကျော်လောက်သာ ပြန်ရခဲ့တာပါ။ 😜
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကျွန်တော် ဒီကားလေးကို ပဉ္စမ အကြိမ် မြောက်ကြည့်မိပါတယ်။
ပထမအကြိမ်စ ကြည့်မိကတည်းက ဒီကာတွန်းကားလေးက ပြောပြတဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို သိလိုက်ရပါတယ်။
ထပ်ကြည့်တော့ ထပ်သိပါတယ်။
ထပ်ကြည့်တော့ အားနည်းချက် အားသာချက်တွေပါ မြင်လာရပါတယ်။
ဒါကြောင့် ကျွန်တော် ဒီကားလေးကို ညွှန်းပါ့မယ်။
အပေါ်က ညွှန်းထားတာကို မေ့လိုက်ပါ။
အခုမှ တကယ် ညွှန်းမှာပါ ခင်ဗျ။
မိတ်ဆွေ မိတ်ဆွေရဲ့ မိသားစုကို စိတ်ပျက်နေပါသလား ဒီဇာတ်ကားလေးကို ကြည့်ပါ။
မိတ်ဆွေ သင်၏ မျိုးဆက်သစ်များကို မိသားစုဟာ ဘယ်လောက်တန်ဖိုး ရှိပါသလဲ ဆိုတာ ပြောရတာ မောနေပါသလား ဒီဇာတ်ကားလေးကို သာ ထပ်ခါထပ်ခါ ပြသပေးလိုက်ပါ။
အမှတ်တရတွေ မေ့ပျောက်သွားတာ ဟာ ဘယ်လောက်ခါးသီး ရက်စက်လဲ ဆိုတာ သိချင်ရင် ဒီဇာတ်လမ်းကို ကြည့်ပါ။
ဒီဇာတ်ကားလေးရဲ့ theme song လည်း ဖြစ် အဓိပ္ပာယ်လည်း ပြည့်ဝတဲ့ Remember me ဆိုတဲ့ သီချင်းလေးရဲ့ စာသားများကို တစ်ပိုင်းတစ်စ လောက် ဘာသာပြန်ပေးရင်းနဲ့ ကျွန်တော်ရေးသားတဲ့ အညွှန်းလေးကို အဆုံးသတ်ချင်ပါတယ်။
တစ်စုံတစ်ခု လွဲချော်မှုသည် ကျွန်တော်၏ ပေါ့လျော့မှုသာ ဖြစ်ပါကြောင်း ………
Remember Me
Remember me
Though I have to say goodbye
Remember me
Don't let it make you cry
For ever if I'm far away
I hold you in my heart
I sing a secret song to you
Each night we are apart
Remember me
Though I have to travel far
Remember me
Each time you hear a sad guitar
Know that I’m with you
The only way that I can be
Until you’re in my arms again
Remember me
သတိရပေးပါ ငါ့ကို
သတိရပေးပါ ငါ့ကို
နှုတ်ဆက်ထွက်ခွာသွားရလည်း
သတိရပေးပါ ငါ့ကို
သေဆုံးသွားရမယ် ဆိုရင်တောင် ငိုကြွေးမနေပဲလေ
ငါတော့ မင်းလေးကို နှလုံးသားထဲမှာ သိမ်းထားတယ်
တို့တွေ ကွဲကွာနေတဲ့ ညတိုင်း ညတိုင်း မင်းလေးကို ရည်ရွယ်တဲ့ သီချင်းလေးတွေ ငါသီဆို နေမှာ
သတိရပေးပါ ငါ့ကို
ထားခဲ့ပြီး အဝေးကို ရောက်နေရချိန်
သတိရပေးပါ ငါ့ကို
ဂစ်တာသံ ကြားတိုင်း မင်းလေးဘေးမှာ ကိုယ်ရှိနေတာ
ကိုယ့် ရင်ခွင်ထဲ နောက်ထပ် တစ်ကြိမ်လောက် ထွေးပွေ့ထားနိုင်မယ် ဆိုရင် ဘယ်လိုနည်းလမ်း ဖြစ်ဖြစ် အစွမ်းကုန် ကိုယ် ကြိုးစားမှာ ဆိုတော့
ကိုယ့်ကို သတိရပေးပါ
Give my love to you all ,Steemians. 😍 😍 😍
MSU NO - 022
written by : @aggamun
#myanmar #msu #life
Congratulations @aggamun! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
so nice😋 😋 😋
👍 👍
@aggamun
ဗဲရီးဗဲရီး ဂွတ်✌
thz u thz u 😊@aggamun
ကာတွန်းကားပေမယ့် မျက်ရည်လည်ရတဲ့ကားလေးပါ ..
ဟုတ်ပ bro ရာ
@aggamun
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.tumblr.com/explore/trending
shame on you BOT !!