ရက် မှ လ ၊ လမှ နှစ်သို့ ကူးပြောင်းခဲ့လေပြီအသက်တွေလည်း ကြီးလို့ မိဘတွေလည်းဆုံးပါးခဲ့ပြီးနောက်ကိုကျော်ဇင်တစ်ယောက် အိမ်တွင်မမြဲခဲ့ ။ မိဘထားခဲ့သောအမွေနှစ်ကလေးနှင့် ငွေရေးကြေးရေး ကလည်းတစ်ယောက်တည်းသမားဘို့ ပူစရာမရှိ ။
တစ်ကိုယ်တည်း ဘဝ မိမိ စိတ်ကူးပေါ်ရာအပျော်ရှာရင်း စိတ်၏ဖြေရာရှာခဲ့လေသည်။ ဘဝတခုကို အခြေတည်ရာ မရှာဖွေခဲ့ လေသော ကိုကျော်ဇင် ဆွေမျိုး ညာတိရှိသော်လည်းတသက်လုံးအတူနေရန်မဖြစ်နိုင် ။
မိဘတွေကလည်း အသက်ကြီးမှသားသမီး
ထွန်းကားခဲ့သည့်အတွက် သူ့ တယောက်
တည်းသာအချစ်ပုံအောအလိုလိုက် အ ကြိုက် ဆောင်ခဲ့လေတော့ သူ့ ဘဝမှာ
မပြည့်စုံခဲ့သည်က ခပ်ရှားရှား။
ကံခေသည်က မိဘများက အရမ်းချစ် အရမ်း အလို လိုက်ခဲ့သော်လည်း မိန်းကလေးများ နှင့် ပတ်သက်လာလျှင် တင်း
ကြပ်သောစည်း ကမ်းနှင့်အတူမည်သူတစ်ဦးတစ်ယောက် နှင့်မျှ ဆက်ဆံပတ်သက်မှုမျိုးကိုမလိုလားခဲ့ပေ။သားဖြစ်သူအား ကလေးငယ်သဖွယ်။ မည်သည့်မိန်းကလေးနှင့် မျှသားဖြစ်သူအားတန်သည်မထင် ။
ထိုကဲ့သို့ သားဖြစ်သူအားအချစ်ပိုခဲ့လေသည်။
ခေတ်လူငယ်ပီပီ သားဖြစ်သူ ကျော်ဇင်ကား မိဘများအကြောင်းကို သိနှင့်ပြီးဖြစ်သည့်အတိုင်းမိဘများ ရှေ့ တွင်သာ ရိုးရိုးကုတ်ကုတ်နေခဲ့သော်လည်း ကွယ်ရာတွင် မိန်းမ များစွာနှင့် ပွေရှုပ် စမြဲ ။
မည်မျှပင်အလိုလိုက် အကြိုက်ဆောင်ခဲ့သော်လည်း အရွယ်ရောက်နေသောသား
အတွက် သူတို့ ရုတ်တရက် ဆုံးပါးသွားချိန် တွင်တိမ်းမြား ခြင်းလျှင် ဆိုသည့်မိဘ ဝတ္တရား မကျေပွန်ခဲ့ ကြရှာ။
ကိုကျော်ဇင်ကား မိဘများမရှိတော့သည့်
နောက် ဝမ်းနည်းပူဆွေးမှု နှင့်အတူ အလုပ်ကိုမယ်မယ်ရရ မလုပ် ။ မိဘများထားရှိခဲ့သောသူ့ တသက်စာအမွေအနှစ်များနှင့်စိတ်ကြိုက်သုံးဖြုန်း၍ နေလေတော့သည်။
သဘောမနောကောင်း၊ သူတပါးကိုကူညီတတ်ပြီး ရက်ရောပေးကမ်းခြင်းမှာမတွန့် တိုတတ်သောကိုကျော်ဇင် သာပေါင်းညာစား သူငယ်ချင်း အပေါင်း အသင်းများကမြှောက်ပေးသည် ကတကြောင်း၊ မိမိကိုယ်တိုင်ကလည်း စိတ်ပျက်အားငယ်စိတ်လေသည်ကတကြောင်း၊ အသောက် အစားဖက်လာသည့်အပြင်
မိန်းမများစွာနှင့်လည်း ယခင်ကထက်ပွေရှုပ်ဆက်ဆံမှုများပြားလာခဲ့သည်။
သေရင် ကိုယ့်နောက်ဘာမှ မပါ။ မသေခင်တွင်ပျော်ပျော်ပါးပါး မိမိစိတ်ကြိုက်သုံး
ဖြုန်းနေထိုင်နိုင်ခြင်းသည်ပင်လက်ရှိနိဗ္ဗာန်
ပင်မဟုတ်ပါလော။ (အယူအဆလွဲမိစ္ဆာဒိဋ္ဌိ
ကပ်ငြိခဲ့လေပြီ။ )
ခေတ်စနစ်ရေစီးကြောင်းနှင့်အတူအနှိပ်ခန်း
ကာရာအိုကေ ၊တည်းခိုခန်း စသည်တို့  က များပြား လာသည် နှင့်အမျှအလယ်အလတ်လုပ်ငန်း ရှင် ၊အသေးစားလုပ်ငန်း ရှင်၊လခစား၊ နေ့စား အလုပ် သမားများ အတွက် စိတ်အပန်းဖြေရာဖြစ်လာခဲ့သည်။ ကိုကျော်ဇင်တို့ လိုသုံးဖြုန်းနေသူများ အတွက်ကားပြောစရာရှိတော့ ပေ ။ KTV, Massage စသည် တို့သည် သူတို့ အိမ်သဖွယ်ဖြစ်နေလေတော့ သည်။
အချိန်ကြာလာသည်နှင့်အမျှ
ငွေရလွယ် မိန်းကလေးများ၏ မာယာတွင်းသက်ဆင်းခဲ့ရလေပြီပေါ့ ။ မသွားရမနေနိုင်ဘာကိုစွဲလမ်းမိသည်မသိ သူတို့နယ်တွင် ကိုကျော်ဇင် မရောက်ဖူးမသိရှိသည့်အနှိပ်ခန်းကေတီဗွီ ၊ တည်းခိုခန်းသည် မရှိ။ထိုကဲ့ သို့ ကျွန်းကျင်နှံ့ စပ်ပါသောကိုကျော်ဇင်တည်း။ 😃😃😃
ကေတီဗွီ ၊ မာဆတ် မှ ညငှက်လေး
များသည်လည်း ကျော်ဇင်ဆိုမသိသူမရှိ ။
ကျော်ဇင်လာပြီဟေ့.. ဆို သူတို့ အတွက်
ထီဆိုင်မှ ထီလာလျော်သည်နှယ်။ ကိုကျော်ဇင်ကလည်း ငွေသုံးကလက်ဖွာ ပေးလိုက်သည့်မုန့် ဖိုး တခါတရံ ခပ်ထွေထွေ ဖြစ်ပြီဟေ့ဆို ပိုက်ဆံကို ပိုက်ဆံမထင် ပါသမျှ
အကုန်ကြဲလေတော့သည်။ ဆိုင်မန်နေဂျာ
တွေကပင်အစ ကိုကျော်ဇင်အတွက် ဆို
Vip တန်း ။ ထိုနယ်တခွင် ထိုမျှ သြဇာ
ညောင်းခဲ့လေသော ကိုကျော်ဇင် 😃😃😃
တကြိမ်တော့ ကိုယ်ကျော်ဇင် အမြဲသောက်စား မူးယစ်ခဲ့သည့်ဒဏ်ကြောင့် ကျန်းမာရေးအညံ့ ဘက်သို့ လိုက်လာခဲ့သည်။
သောက်စားမူးယစ်ပွေရှုပ်နေတုန်းက နေ့ဖို့ ညစာချန်ထားနိုင်ခဲ့သော်လည်း တကယ်တမ်းကျန်းမာရေး ချူခြာညံ့ဖျင်းလာချိန်တွင် နေ့ဖို့ ညစာမချန်ထားနိုင်ခဲ့ ကျန်းမာရေးအတွက်သာအာရုံစိုက် ကုသလိုက်ရသည့်အတွက် ကိုကျော်ဇင့် စီးပွားရေးအခြေနေမကောင်းနိုင်တော့ ။ မိဘများထားသည့် အမွေအနှစ်နှင့်သာ
အချိန်ကုန်ခဲ့ပြီး ဘာအလုပ်မှ မယ်မယ်ရရ
မလုပ်ခဲ့သော ကိုကျော်ဇင်ခေါင်းမီးတောက် ရပီပေါ့ ။ ဘယ်ဆွေမျိုး ဘယ်အပေါင်းသင်းကမှ ကူညီဖော်မရ ။မျက်နှာလွှဲသွားတတ်ကြလေပြီ။ မေးထူးခေါ်ပြော မကောင်း တတ်လို့  နှုတ်ဆက်ရုံသာ ပြောင်းလဲခဲ့ကြပြီ
(ငွေကြေးမျက်နှာ အလွန်ကြီးလေစွ။)
ငွေကြေးအတွက် စဉ်းစားခန်းဝင်ရင်း
ကိုကျော်ဇင်တယောက် စိတ်ညစ်ညစ်နှင့်
သွားနေကျ ဆိုင်ဘက်ဆီခြေဦးလှည့်ဖြစ်ခဲ့လေသည်။
သို့ သော် ...ခါတိုင်းကဲ့သို့  အပျော်ခြေလှမ်းများနှင့်မဟုတ်တော့ပြီ။သေချာသည်က သူ့တွင်အသိတရားတစ်စုံတစ်ရာရရှိခဲ့ပြီးဖြစ်လေသည်။
တဦးတည်းသမားကိုကျော်ဇင်တယောက် ရှေ့ဆက်ဘဝကို အဘယ်ကဲ့သို့ ဆက်လက်ဖြတ်သန်း မည်နည်း ???
အပိုင်း (၂) ဆက်ရန် ။
(ကိုယ်ပိုင်အတွေးဖြင့်ရေးသားတင်ဆက်သည်။ )
Photo by google and self.Author by @ahkhayar
ကိုကျော်ဇင်တစ်ယောက်ဘာဆက်ဖြစ်မလဲစောင့်မျော်နေပါမယ်
Yes. Just waiting bro.
Thank for reading .!
အမှားမကင်းတဲ့လောကြီးမှာအမှန်မြင်နိုင်ဖို့အတွက်အကျိုးရှိတဲ့စာမူတစ်ခုအဖြစ်အထောက်အပံရအောင်ရသပေးနိုင်ပါတယ်bro
Thank you ! 😃
ဘယ်လိုသွေဖယ်သွားမလဲ !
ဘယ်လိုလျှောက်လှမ်းသွားမလဲ !
Just waiting bro 😃
မိန်းမသာပေးစားလိုက်ပါ သီတင်းလည်းကျွတ်နေပီ
😃😃😃
လူမမာနလန်ထ အားမငွေလည်းမတော့
ဘယ်မိန်းမယူတုန်း ကိုယ့်ဆရာ
မိန်းတွေကြာင်းလည်း မသိတာလိုက်လို့  😃😃
Thank for your sharing
Welcome brother 😃
ဝေးဟေး စောင့်ပြီလေ ကိုကျော်ဇင်ရေ
စောင်စေ ဗျား 😃😃
Thank for sharing
Thank you!
အပိုင်း(၂) ကို မျှော်နေပါတယ်။
ထပ်ပြီးတတွေဖြစ်လာရင်တော့မသိဘူနော် 😃
အပိုင်း၂လေး စောင့်မျှော်နေပါတယ်
ဟုတ်ကဲ့ကျေးဇူးပါ။
ဆက်လက်အားပေးနေပါတယ်ဗျ!
Thank you 😃
မှန်ပေသည်
ကျေးဇူး
good post bro
Thank you fri😃
အေးဗျှာဒီစာလေးဖတ်ရတာအကိုဝမ်းကွဲတယောက်တောင်သတိရမိတယ်
အဲ့တာဆို အပိုင်းဆက်အာပေးပါ😃
ဒုတိယ ပိုင်းမျှော်ရတော့မှာပေါ့ …
ဟုပ 😃
Waiting part 2
Coming soon 😃
Nice Bro! Continue writing!