အဆင်​မ​ပြေဘူး​ပေါ့

in #myanmar7 years ago

image
ချေ​ဂွေဗားရားပုံ တီရှပ်​​အောက်​က
လူငယ်​တစ်​​ယောက်​ရင်​ထဲ
ဘယ်​သူ​တွေများ ဝင်​ကြည့်​ဖူးပါသလဲ
လောကအ​ပေါ် အစာမ​ကြေသမျှ
ဦးထုပ်​ ​နောက်​ပြန်​ ​ဆောင်းတယ်
ဂျင်း​ဘောင်းဘီဝတ်​တယ်
ကဗျာ​ရေးတယ်
သတ္တိဆိုတဲ့ စာတန်းတက်​တူးထိုးထားတယ်
သွေးစုနာတစ်​လုံးလို စူထွက်​​နေတဲ့
ခေတ်​ရဲ့ ခံစားချက်​​တွေကို​တော့
ဂစ်​တာတစ်​လက်​ထဲထည့်
ရိုက်​ခွဲပစ်​လိုက်​တယ်
ဒီလိုပါပဲ
လူဆိုတာ ကိုယ့်​ယုံကြည်​ချက်​နဲ့ကိုယ်
သံသယာကိုလည်​ပတ်
လမ်းထိပ်​ ကွမ်းယာဆိုင်​က
ကောင်​​လေးလည်း အဆင်​မ​ပြေဘူး
ငါလည်း အဆင်​မ​ပြေဘူး
ကမ္ဘာလဲ အဆင်​မ​ပြေဘူး
ဆို​တော့
အဆင်​မ​ပြေဘူး​ပေါ့
ဆို​တော့
ဒါအရသာ​ပေါ့
သေခြင်းတရားကလွဲလို့
အရာရာ
အဆင်​မ​ပြေခြင်း မီးခိုးများသာ
တို့ဘဝ တို့ကမ္ဘာ
နိုင်​ရာစား ဥပ​ဒေသ​တွေနဲသာ
ဤကို ကျွဲလုပ်​စီးကြတဲ့​ခေတ်​မှာ
ကျီး​ပေါင်းတက်​​နေတဲ့
ငါ့လက်​ထဲက အမှန်​တရား
ဘယ်​သူမှ ​ဈေးစစ်​လို မရဘူး...

Myanmar_burma_flag_waving_animation.gif


MSC- 004@ahtaroo

Sort:  

saludos, y mucho éxito

အ​ရေးသား​တွေ မိုက်​တယ်​အစ်​ကို

ကျေးဇူးပါ

အာဟာ့ မိုခ်မိုခ်

😁😁😁😁

အမှန်​တရာပဲ ​ဈေးဆစ်​လို့ဘာရပါ့မလဲ​ပေါ့အကိုရာ

ဟုတ်​ပဗျာ

Woow..good
Congratulation myanmar steemit community
The best

Thank you

အဆင်မပြေတဲ့အကြောင်းပေါ့

အေးဟ

funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?Thank you @ahtaroo for making a transfer to me for an upvote of 0.84% on this post! Half of your bid goes to @budgets which

လူဆိုတာ… ယုံကြည်ရာတစ်ခုအတွက်… အသက်ကိုတောင်စတေးကြတာပဲ……

မှန်​တယ်​ကိုမြင့်

ဘယ်တော့မှ မစစ်ဘူး ....

ဟုတ်​တယ်

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by ahtaroo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank you

မော်ဒန်လမ်းမပေါ် လျှောက်နေပြီပေါ့ကိုတာ

လျှောက်​​နေပြီ

mscတီရှပ်အောက်က လူငယ်တစ်ယောက်ရဲ့ ရင်ထဲ
ဘယ်သူဝင်ကြည့်ဖူးပါလဲ

မှန်​ပဗျာ

တစ်ခွန်းဆိုင်ဆိုတဲ့ သတိပေးဆိုင်းဘုတ်လေးတော့ ကြိုတင်ကပ်ထားဖို့လိုမယ်အစ်ကိုရေ

ချိတ်​ထားရမယ်

အမှန်တရားက

သုံးသင့်​ရင်​သုံးရပါမယ်

ဟေ့ တက်​တူးထိုးတဲ့ဒကာကြီး စာတလုံး ဘယ်​​လောက်​လည်း
၂ရာပါ ဘုရား
အေး၅ရာ ​ပေးမယ်​ ​ရေးစမ်း "သတ္တိ" လို့ လက်​မှာ
တင်​ပါ့ဘုရား
ကျွီးကျွီး gထိုးသံ
ဟိတ်​​ကောင်​​တော်​​တော့​တော်​​တော့
အရှင်​ဘုရား "သ"ပဲပီး​သေးတယ်​ဘုရား
တော်​ပီ ကွာ နာတယ်​ကွ ​ရော့ ၅ရာ

😂😂😂😂

မူရင်း​ရေးသားသူ ရိုးဒီကို credit ​ပေးပါတယ်

https://m.facebook.com/story.php?story_fbid=1707373636182318&id=100007290930507