ဒဏ်​ရာ

in #myanmar7 years ago

ညဟာ ကြယ်​​တွေနဲ့
အဆက်​အသွယ်​ပြတ်
အ​မှောင်​ထဲ အကြမ်းဖက်​သမား​တွေလို
ချောင်း​မြောင်း​နေတဲ့ အရိပ်​​တွေ
အနာတရ​တွေသာ
အနာတရလို့
မျက်​နှာကြက်​နဲ့ ကြမ်းပြင်​ကြား
ငါရ​နေတဲ့ဘဝကို
မီးညှိကြည့်​လိုက်​​တော့
ငါ့အရိပ်​ဟာ​ဇောက်​ထိုး
ငါ့အမည်​နာမဟာ​ပြောင်းပြန်
အဆုံထိ​တွေးလည်း
အဆုံးထိမ​ရောက်​နိုင်​​တော့လမ်းနဲ့
ငါ့အတ္ထုပ္ပတ္တိကို
အမှာ​စာ​ရေးထားတဲ့
သေခြင်းတရား
ဒီခရီးကိုငါ
ဓားထစ်​ထားလိုက်​တယ်​...

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

Nice post
I follow you Follow mee back plz
vote my post

ငါတို့ အနာဂတ် ဝေဝါးနေတဲ့အချိန်
လမ်းပြကြယ် ကြောင့် ငါတို့ ပျော်ရွှင်ခဲ့တယ်
လမ်းပြ ကြယ် က အနာဂတ် ရဲ့ အားကိုးရာ
ငါတို့ အတွက် ယုံကြည်ရာ
ငါတို့ အတွက် မှီခို ရာ

မိုက်​တယ်

သေခြင်းတရားအကြောင်းတွေ ခုတလေ ခဏခဏကြားနေရတယ်

မစုအားရင်းကျွန်​​တော်​ blog ထဲအစကစာ​တွေဖတ်​ကြည့်​😁😁😁😁
သေချင်​စိတ်​​ပေါက်​သွားမယ်

အစ်ကိုရယ် ဘ၀ကို အဲလောက်တော့ မကြမ်းလိုက်ပါနဲ့ နည်းနည်းတောင်သနားသွားတယ်

ကြမ်းကြည့်​တာပါ😁😁😁

မိုးကောင်ကင်နဲ့ မြေကြီးကြားမှာ နေတဲ့ငါ့တွက် ကဗျာဆိုတာ ဗလာပါပဲ ☺☺

😊😊😊😊😊

This post has received gratitude of 0.50 % from @appreciator thanks to: @ahtaroo.

ဗလာ ဗလာ ဗလာ

ဗလာဆို​​တော့ရှိ​တော့ပု​ပေါ့

နိုးတဝက် အိပ်ပျက်
လမိုက် ရက်တွေ

ခရီးရှည် အတွက်
ပြင်ဆင်လျက်………

ထိပ်တန်းစီးရီး ထိုခရီးက
လဲလျှင်ပြန်ထ ကျလျှင်ပြန်ကောက်
စိတ်မဖောက်နှင့်

ကြိုးစာနေသူ `အတာ´လူတွက်
ထိပ်ဆုံးနေရာ ပန်းတိုင်းသာသည်
စောင့်နေလျှက်သာ နေ့တိုင်သာတည်း

တော်တော်ဆိုးတဲ့အတာ HIV ပြီးတော့be deadနောက်တစ်ခါ heavenly ပေါ့နော်။