HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၁၀ HIV/ AIDS (Q&A Part-10)

in #myanmar7 years ago

HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၁၀ HIV/ AIDS (Q&A Part-10)

HIV/AIDSပိုးရှိသူကို နှိမ်​ချ၊ ခွဲခြား ဝိုင်းပယ်​ခြင်း ၂
image

AIDSနဲ့ကွယ်​လွန်​ရသူ​တွေ၊ AIDS​ကြောင့်​​ ​နေမ​ကောင်းဖြစ်​​နေသူ​တွေ၊ ​နေမ​ကောင်းမဖြစ်​​ပေမယ့်​ HIVပိုးရှိ​နေတယ်​လို့ အသိခံလိုက်​ရသူ​တွေ၊ ဒါတင်​မက HIVပိုးရှိ​လောက်​၏လို့ အထင်​ခံရသူ​တွေနဲ့ သူတို့ရဲ့မိသားစု​တွေကို​တောင်​မှ လူ​တွေ​ကြောက်​ကြ၊ ရွံ့ကြ၊ ​ရှောင်​ကြ၊ ပုန်းကြတာ​တွေဟာ AIDSအ​ကြောင်း ဂဃနဏ နားမလည်​ကြတဲ့ အ​နေအထား​တွေမှာ ​တွေ့ကြုံ​နေရပါတယ်​။ AIDS​ရောဂါဟာ ​သေတတ်​တယ်​၊ ကုစရာ​ဆေးမရှိဘူး၊ ကူးတတ်​တယ်​၊ မ​ကောင်းတာ​တွေလုပ်​လို့ဖြစ်​ရတယ်​လို့ပဲ မလုံမ​လောက်​ဖြစ်​ကတတ်​ဆန်း သိထားကြတာများလို့ပါပဲ။ တကယ်​သုံးသပ်​ကြည့်​ရင်​ AIDS​ရောဂါဟာ ထိမိရုံ၊ ​ပေ​ရေရုံနဲ့ကူးတဲ့​ရောဂါမျိုးမဟုတ်​ဘဲ၊ လိင်​ဆက်​ဆံတာ၊ အပ်​တစ်​​ချောင်းထဲနဲ့ဝိုင်းထိုး၊ ​ရောထိုးကြတာ​တွေလုပ်​မှ ကူးစက်​တတ်​တာဖြစ်​သလို၊ အကျင့်​စာရိတ္တ​ကောင်းတဲ့သူ​တွေမှာလည်း ​ရောဂါကူးစက်​ခံရတတ်​တယ်​ ဆိုတာကိုမသိလို့၊ ဒီလိုအ​ကြောက်​လွန်​တာ၊ သူများကိုကိုယ်​ချင်းမစာဘဲ ခွဲခြားနှိမ့်​ချ ​ရှောင်​ကြဉ်​ ဒုက္ခ​ပေးတတ်​ကြတာ​တွေ ဖြစ်​တတ်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီလိုလုပ်​လို့ ​ရောဂါကို​ကြောက်​တိုင်း၊ ​ရောဂါရှိသူ၊ ​ရောဂါပိုးရှိသူ​တွေကို ​ကြောက်​မယ်​၊ ရွံမုန်းမယ်​၊ ရှက်​စရာလို့ မြင်​မယ်​ဆိုရင်​ ဒီပုဂ္ဂိုလ်​​တွေကို ခွဲခြားနှိမ့်​ချ ဒုက္ခ​ပေးမိတတ်​ကြပါတယ်​။

image
ဒီလိုနဲ့ သူတစ်​ပါးအခွင့်​အ​ရေးကို မတရားချိုး​ဖောက်​မိကြပြီး သက်​ရှိသတ္တဝါ​တွေ သ​ဘောသဘာဝအရ ရှင်​သန်​​နေထိုင်​ဖို့ ​ရှောင်​ရှားရုန်းကန်​ကြရ​တော့ AIDS​ရောဂါ ပြန့်​ပွားမှုပိုဆိုးတဲ့ အဖြစ်​ကို​ရောက်​ရတာပါပဲ။ ​ကြောက်​လို့​ရှောင်​ကာမှ တည့်​တည့်​တိုးရတာမျိုးဖြစ်​တတ်​ပါတယ်​။ ဥပမာ​ပေးရရင်​​တော့ မြစ်​ထဲမှာ လူအပြည့်​တင်​ပြီးသွား​နေတဲ့ သ​င်္ဘောတစ်​စီး မိုးကြီး​လေကြီးကျ​တော့ ​ရေစိုမှာ​ကြောက်​လို့ လူ​တွေမိုးလွတ်​တဲ့ဘက်​ အလုအယက်​တိုး​ရှောင်​ကြရင်း ဟန်​ချက်​ပျက်​လို့ သ​င်္ဘောတိမ်း​မှောက်​​တော့ ​ရေစိုရုံသာမက အသက်​ပါဆုံးရတဲ့ ဥပမာမျိုးပါ။ ဒါ​တွေဘယ်​လိုဖြစ်​ရသလဲဆိုတာကို စဉ်းစားကြည့်​လို့ရပါတယ်​။ လူ​တွေက လိင်​ကိစ္စအ​ကြောင်းရှက်​လို့၊ မ​ကောင်းလို့ဆိုပြီး မ​ပြောကြ မ​ဆွေး​နွေုးကြဘူး၊ မူးယစ်​​ဆေးစွဲပုံ သ​ဘောသဘာဝကိုလည်း ကိုယ်​တိုင်​မကြုံဘူး​တော့ မသိဘူး၊ AIDSအ​ကြောင်းလည်း မစို့မပို့သိထား​တော့ ​ကြောက်​ကြ၊ တစ်​ခါ ပညာ​ပေး​ဆွေး​နွေး​ဟော​ပြောတာ​တွေကလည်း ​ခြောက်​လှန့်​ထားတာ​တွေပဲများပြန်​​တော့ လူထုအ​နေနဲ့ အ​ကြောက်​လွန်​လာပြီး ဒီ​ရောဂါရှိသူ​တွေ၊ ရှိမယ်​ထင်​သူ​တွေ၊ ပတ်​သက်​သူ​တွေကို ​ကြောက်​ရွံမုန်းစိတ်​​တွေဖြစ်​ပြီး မတရားနှိမ့်​ချမိတတ်​ကြပါတယ်​။ ဒီလိုနဲ့ လူတစ်​​ယောက်​ရဲ့ အခွင့်​အ​ရေးကို မတရားသွားပြီးချိုး​ဖောက်​ရင်း နှိပ်​စက်​၊ ဒုက္ခ​ပေးမိတတ်​ကြပါတယ်​။ ဒီ​တော့ အလိုလိုကမှ ဒုက္ခ​ရောက်​​နေတဲ့ ကာယကံရှင်​​တွေမှာ ထပ်​တိုးလာတဲ့ လူမှု​ရေး၊ စိတ်​ဓာတ်​​ရေးရာ ဒုက္ခ​တွေကို ​ရှောင်​ရင်းပုန်းရင်းနဲ့ ​ရောဂါပိုပြန့်​မယ့်​အဖြစ်​​ ​ရောက်​တတ်​ပါတယ်​။ ဥပမာ​ပေးရရင်​ လူနာတစ်​​ယောက်​ကို AIDSဖြစ်​​နေလို့ဆိုပြီး ပုဂ္ဂလိက​ဆေးရုံးတစ်​ခု ပိုက်​ဆံအဆမတန်​ပို​တောင်းတာ​တွေ၊ ​ဆေးရုံမှာ လက်​မခံချင်​တာ၊ လက်​ခံရင်​လည်း ​သေ​သေချာချာကုသမ​ပေးဘဲ ရွံသလိုလို၊ နှိမ်​သလိုလိုလုပ်​​နေတာ​တွေ ရှိတတ်​ပါတယ်​။ ဒီလို ဒုက္ခ​ပေးရင်​ ​နောက်​တစ်​ခါ ​ဆေးရုံတက်​တဲ့အချိန်​ကျ ကိုယ်​မှာ HIV​ရောဂါပိုးရှိတာ ဘယ်​​ပြော​တော့မလဲ၊ ​ဆေးရုံ​တွေမှာ မပြချင်​လို့၊ ရှက်​လို့၊ စိတ်​ညစ်​လို့ ရွာပြန်​ပြီး​ဆေးကုရင်​ ရွာမှာအပ်​ပုန်း​ဆေးထိုးတာခံရပြီး အပ်​ပုန်းရဲ့ တခြားလူနာ​တွေဆီ ​ရောဂါဖြန့်​မိလျက်​သားဖြစ်​ရပါတယ်​။
image

ဒါ​ကြောင့်​ တစ်​ကမ္ဘာလုံး ​AIDSကာကွယ်​​ရေးလုပ်​ရမှာ Fear, Stigma နဲ့ Discrimination ​တွေ ​လျော့ပါး​အောင်​ အထူးကြိုးစား လုပ်​​ဆောင်​​နေကြပါတယ်​။ ကျန်းမာ​ရေးဌာနက ခုခံအား/ကာလသား ​ရောဂါစီမံချက်​အ​နေနဲ့​ရော၊ ကုလသမဂ္ဂအဖွဲအစည်း​တွေ​ရော၊ အစိုးရမဟုတ်​တဲ့ လူမှု​ရေးအဖွဲအစည်း​တွေကပါ ​ရောဂါရှိသူ၊ ပိုရှိသူ​တွေကို မနှိမ်​ခိ၊ ဒုက္ခမ​ပေးကြ​အောင်​ ကာကွယ်​တိုက်​တွန်းရင်း ပြုစုကုသ​နေကြပါတယ်​။ HIVပိုးရှိသူ​တွေ​ရော၊ ပိုးမရှိ​သေးသူ​တွေ​ရော၊ ကိုယ်​မှာပိုးရှိမှန်းမရှိမှန်းမသိသူ​တွေပါ အားလုံးဝိုင်းဝန်းလက်​တွဲကာကွယ်​ကြမှသာ ကမ္ဘာ​ပေါ်မှာ AIDSပြန့်​ပွားမှုကို ကာကွယ်​နိုင်​ပါမယ်​။ ​ဆေးကုသ​ပေးတာလည်းလုပ်​ကြ၊ AIDSကာကွယ်​​ရေးကို စနစ်​တကျ လုပ်​ကိုင်​​နေတဲ့ အဖွဲအစည်းတိုင်းမှာ ဒီလိုလုပ်​ငန်းမျိုး​တွေ လုပ်​​ပေး​နေကြပါတယ်​။ AIDS ​ကြောင့်​ဖြစ်​​ပေါ်လာတတ်​​တဲ့ ​ကြောက်​ရွံမုန်းတာ၊ မတရားခွဲခြားနှိမ်​ချတာ​တွေ ​လျော့ပါးသက်​သာ​အောင်​ ကူညီချင်​တယ်​ဆိုရင်​​တော့.....
💎 ဘယ်​သူ​တွေမှာ HIVပိုးရှိ​လေမလဲလို့ လိုက်​မရှာပါနဲ့။

💎 တစ်​​ယောက်​​ယောက်​မှာ HIVပိုးရှိတာကို သိခဲ့ရရင်​ အဲ့ဒီအ​ကြောင်းကို ကာယကံရှင်​ကလွဲလို့ တစ်​ခြားဘယ်​သူမှ မသိ​အောင်​ ကူညီလျှို့ ဝှက်​ထား​ပေးပါ။

💎 အဲ့ဒီပုဂ္ဂိုလ်​ကိုလည်း လိုက်​သနားပြ​နေစရာမလိုဘဲ၊ ​ရောဂါပိုးမရှိသူများနဲ့ တန်းတူဆက်​ဆံ ထိ​တွေ့ကူညီဖို့သာလိုပါမယ်​။

💎 AIDS​ရောဂါဟာ အလွယ်​တကူ မကူးနိုင်​တဲ့၊ အလွန်​အကျွံ ​ကြောက်​စရာမလိုတဲ့ ​ရောဂါတစ်​ခုဖြစ်​​ကြောင်း၊ မ​ကောင်းမှုဒုစရိတ်​​တွေကို ပြုမူသူ​တွေမှာသာ ဖြစ်​တတ်​တဲ့​ရောဂါလည်း မဟုတ်​​ကြောင်းကို ကျယ်​ကျယ်​ပြန့်ပြန့် သိရှိ​အောင်​တင်​ပြ​ပေးလိုက်​ပါတယ်​။
image

နောက်​တစ်​ပိုင်းတွင်​ HIV/AIDS အ​ထွေ​ထွေအ​ကြောင်း​လေး​ရေးပါမယ်​ ​စောင့်​​မျော်​အား​ပေးကြပါဦး။

Myanmar_burma_flag_waving_animation.gif

MSC- 004
Photo Credit; google image @ahtaroo

Sort:  

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments
Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Calling @originalworks :)
img credz: pixabay.com
Nice, you got a 11.0% @trafalgar upgoat, thanks to @ahtaroo
Want a boost? Minnowbooster's got your back!

ကျန်းမာ​ရေး အသိပညာ ရရှိလို့​ကျေးဇူးပါ။

ကျန်းမာ​ရေး အသိတိုး​စေပါတယ်​။ Thanks bro...

ကျန်းမာ​ရေး အသိတိုး​စေပါတယ်​။ Thanks bro...

တစ်ဦးတည်းအမြင်ကတော့ လူအများစုက ရွံရှာဖယ်ခွာကြေဆဲပါ

nice post

Thank you

ခက်ပါတယ်ကွယ် HIV ဆို အိမ်နီးနားနေရမှာတောင် ကြောက်နေတတ်သူတွေကလည်း အများသား

ဟုတ်​ပဗျာ

thank you for health

ဟုတ်​ကဲ့

ပြုစုပေးခဲ့ဘူးပါတယ် အတွေ့အကြုံရပါတယ်ဗျာ

ဟုတ်​ကဲ့ကိုစိုး

nice post...

Thank you

Thanks for sharing.

This post has received a 1.15 % upvote from @buildawhale thanks to: @ahtaroo. Send at least 0.50 SBD to @buildawhale with a post link in the memo field for a portion of the next vote.

Steem WitnessTo support our daily curation initiative, please vote on my owner, @themarkymark, as a

ဟုတ်​ပါတယ်​ခင်​ဗျ