ငါ့အကြားဆက်သွယ်မှု
တစ်စစီပြန့်ကျဲနေသော
အင်္ကျီကိုပြောင်းပြန်ဝတ်ထားတဲ့စိတ်ကူး
တကယ်ဆို ခိုးစားတဲ့
MSC- 004@ahtaroo
သေခြင်းတရာနဲ့ ငှက်ဆိုးတွေရဲ့ကြားက
အမြင်ရတဲ့ ဆက်သွယ်မှုတစ်ခုလို
ထောင်နေတဲ့ လက်ဖက်ခြောက်ရိုးလေးနဲ့
ငါ့အကြားဆက်သွယ်မှု
လရောင်အောက်ကျကွဲသွားတဲ့
စဥ့်ပန်းအိုးလေးရဲ့ အနှေးပြကွက်မှာ
တစ်စစီပြန့်ကျဲနေသော
ထမင်းလုံးတစ္ဆေအခြောက်ခံလိုက်ရတဲ့ အိပ်မက်တွေ
လက်ပြန်ငှဲ့သောက်ခဲ့ရတဲ့ညနေခင်းတွေ
ကြယ်အကြွေတွေကိုမျှော်မောရင်း
ညထဲအဖော်မဲ့နေတဲ့ ဇီးကွက့်ရုပ်လေးတစ်ရုပ်လို
ငွေဝင်ဂါထာတစ်ပုဒ်နဲ့
အကျႌကိုပြောင်းပြန်ဝတ်ထားတဲ့စိတ်ကူး
တာအထွက်မှာပဲပြတ်ထွက်သွားတဲ့ ဖိနပ်တရံ
ရပ်နေတဲ့စနေနံနာရီတစ်လုံး
အနာဂတ်ဟောစာတမ်းတစ်စောင်နဲ့
အခန်းလွတ်တွေထဲက ခြေသည်းခွံများ
မီးလောင်ပေါက်တွေနဲ့ငါ့မိသားစုခြင်ထောင်
အိုးစွပ်မစားခွက်စွပ်မစားသံသယများနဲ့
ငှက်ဆိုးတွေကြောင့်မိုးလင်းခဲ့ရတဲ့ငါ့ဘဝ
တကယ်ဆို ခိုးစားတဲ့
အသီးတိုင်းတော့ မချိုခဲ့ပါဘူး......
MSC- 004@ahtaroo
သြော် အတာထွက်မှဘဲ ပြတ်ရသလား အဲ့ဒီဖိနပ်ရယ်
အေးဆို
This post has received gratitude of 0.57 % from @appreciator thanks to: @ahtaroo.
No words to say.
သို့ပေမယ့် အကို့ ကဗျာတွေကတော့ ဖတ်လို့ ချိုပါတယ်ဗျာ။
ကျေးဇူးပါကိုဒွန်
funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?Thank you @ahtaroo for making a transfer to me for an upvote of 0.91% on this post! Half of your bid goes to @budgets which
တကယ့်ကဗျာဆရာတိုင်းပါပဲ
ဖတ်လို့ကောင်း
အဟင့် ကဗျာဆရာပါဗျ😜😜😜
မသိလို့ပါရှင်ကဗျာဆရာမှန်း
steemitနဲ့မှစရေးတယ်ထင်လို့ပါ
စိတ်ဆိုးနဲ့နော်
စတာပါဗျာ
အင်္ကျီ ပြောင်းပြန် ၀တ်ထားမှတော့ ။ ကိုတာရယ် ယားဘူးလား မသိ ။
နည်းနည်းယားတယ်လို့
ရေလည်စားတယ်ရော်…
မစားပါဘူးဗျာ
ထမင်းလုံးတွေ ဆို ကပ်စေးနေတော့မယ်..
ငပ်ပစေ
အလန်း😍😍
ကျေးဇူးပါ