ကျွန်​​တော်​နှင့်​ ​မေးရိုး

in #myanmar7 years ago

သူများကိုထိုးဖို့ဆိုတာ
ကိုယ့်​မှာ​မေးရိုးရှိရတယ်​။
မောင်​​ချောနွယ်

တစ်​ခါတစ်​ရံမှာ တစ်​စုံတစ်​ခုအတွက်​ တစ်​စုံတစ်​ရာကို ​ပေးလိုက်​ချင်​​ပေမယ့်​ ငါ့မှာ​မေးရိုး မရှိတာခက်​တယ်​။ ရယူချင်းမှာမှမဟုတ်​။ ​ပေးဆပ်​ခြင်းမှာလည်း ​မေးရိုးရှိတယ်​ဆိုတာ သိခဲ့ပြီး​နောက်​ တကယ်​ဆို​မှော်​ဝင်​တဲ့ အလွမ်း​တွေနဲ့ ဘဝ​လေးကို ချစ်​မြတ်​နိုး​နေတယ်​ဆိုတဲ့ စိတ်​ဟာလည်း​မေးရိုးပဲ။ ​ပျော်​ရွင်​ဖွယ်​​နေ့​တွေအတွက်​​မေးရိုးဟာ လိုအပ်​ခဲ့သလို နာကျင်​ဖွယ်​​နေ့​တွေအတွက်​လည်း ​မေးရိုးဟာလိုအပ်​​နေဦးမှာအမှန်​။

images_1506229786336.jpg

ဂျက်​လန်​ဒန်​မှာ ​မေးရိုးရှိလား။ ​ချေ​ဂွေဗားရားမှာ ​မေးရိုးရှိလား။ စစ်​ပွဲ​တွေမှာ ​မေးရိုးရှိလား။ ချာလီချက်​ပလင်းမှာ ​မေးရိုးရှိလား။ ဟစ်​တလာမှာ ​မေးရိုးရှိလား။ မိုက်​တိုင်​ဆန်​မှာ ​မေးရိုးရှိလား။ ကွန်​မြူနစ်​ဝါဒမှာ ​မေးရိုးရှိလား။ ဒီမိုက​ရေစီမှာ ​မေးရိုးရှိလား။ ​မေးရိုးဟာဘယ်​မှာလဲ။ အ​ရှေ့အလယ်​ပိုင်း​ဒေသရဲ့ ဗုံးခိုကျင်းတစ်​ခုထဲမှာလား။ ပုံ​တောင်​ပုံညာ​ဒေသမှာလား။ ဒါမှမဟုတ်​ ယမ်း​ငွေ့​တွေ​ဝေ​နေတဲ့ ​လေထုထဲမှာလား။ ​သေခြင်းတရားဆီမှာလား။ ​မေးရိုးဟာ ဂျစ်​ပစီတစ်​​ယောက်​လား။ ကျီးကန်းတစ်​​ကောင်​လား။ ဘာမဆိုအကုန်​ကြိတ်​ဝါးတတ်​တဲ့ စက်​ခလုတ်​တစ်​ခုလား။ ဘုရားသခင်​ရဲ့ တယ်​လီဖုန်းလား။

နာကျင်​မှုဟာ ​မေးရိုးလား။ ဆဲ​ရေးသံ၊ ငို​ကျွေးသံ၊ ​တောက်​​ခေါက်​သံများရဲ့ ဂီတဟာ ​မေးရိုးလား။ ဘာသာတရားဟာ ​မေးရိုးလား။ ကဗျာတစ်​ပုဒ်​ဟာ ​မေးရိုးလား။ ​ငွေ​ကြေးဟာ ​မေးရိုးလား။ ငတ်​မွတ်​ခြင်းဟာ​ ​မေးရိုးလား။ ​မေးရိုးနဲ့မပတ်​သက်​သမျှဟာ ​မေးရိုးလား။ ​မေးရိုးဟာ ဘယ်​ကလာခဲ့သလဲ။ ​မေးရိုးဟာ ​ရော့ကီး​တောင်​တန်း​တွေဆီကလား။ ဆိုက်​​ဘေးရီးယားမြက်​ခင်း​တွေဆီကလား။ ဆာဟာရသဲကန္တာရထဲကလား။ ဂင်္ဂါမြစ်​ထဲကလား။ ဧရာဝတီမြစ်​ထဲကလား။ ​ပျောက်​ဆုံး​နေတဲ့ပရိုင်းမိတ်​​တွေဆီကလား။

images(2)_1506229787085.jpg

မေးရိုးဟာ ဘယ်​ကိုသွားမှာလဲ။ ​ကောင်းကင်​နဲ့ငရဲဆီကိုလား။ ​လောင်​ကျွမ်း​နေတဲ့ ဂြိုလ်​ကမ္ဘာဆီကိုလား။ တစ်​ညလုံးမအိပ်​တဲ့ ပါရီမြို့ ကြီးဆီကိုလား။ ​မေးရိုးဟာပြတိုက်​​တွေထဲဝင်​ထွက်​လို့ ​မေးရိုးဟာဝိုင်​အရက်​ကို​သောက်​လို့။ ​မေးရိုးဟာဂိုတွန်​ကဖီးမှာထိုင်​လို့။ မိုဒီကလျာနီနဲံ စကား​ပြောလို့။ ပီကာဆိုဟာ ​မေးရိုးကို ပုံတူဆွဲလို့။ ​မေးရိုးဟာ အီလျာအာရင်​ဘတ်​နဲ့အတူ ​ဆေးတံ​သောက်​လို့။ ၃၃လမ်းမှာထိုင်​လို့။

မေးရိုးဟာ ​မေးရိုးကိုပွတ်​ရင်း ​မောင်​​ချောနွယ်ကို သတိရ​ကြောင်း ​မောင်​​ချောနွယ်​သူ့ကို ထိုးသွားတဲ့ ကိစ္စကို ခွင့်​လွတ်​​ကြောင်း သူ့ကို ​မောင်​​ချောနွယ်​ရဲ့ လိပ်​စာ​လေး တစ်​ဆိတ်​​လောက်​ ​ပေး​စေလို​ကြောင်း တစ်​ညလုံးမအိပ်​တဲ့ မြို့ကြီးမှာ ​မောင်​​ချောနွယ်​​ရောက်​​နေမှာ ​သေ​ချာ​ကြောင်း မြည်​တွန်​​တောက်​တီးပြီး ​မေးရိုးဟာ အားလုံးကိုနှုတ်​ဆက်​ သူ့အထာနဲ့သူ ထွက်​ခွာသွား​လေရဲ့။ မထွက်​ခွာသွားခင်​ ​မေးရိုး ချန်​ထားရစ်​ခဲ့တာက​တော့ စားလက်​စ ​ခေါက်​ဆွဲပန်းကန်​ရယ်​ ​ရေ​ရောထားတဲ့ အရက်​တစ်​ခွက်​ရယ်​ အံကပ်​တစ်​ခုရယ်​ ဆီဗီယာပလာ့ပ်​ရဲ့ ကဗျာစာအုပ်​ရယ်​ ကွမ်းတံ​တွေးကွက်​​တွေပါပဲ။ ဒီလိုနဲ့ ​မေရိုးဟာ လူယဉ်​​ကျေး​တွေဆီ အလည်​သွားလိုက်​ဦးမယ်​ဆိုလား ကျွန်​​တော်​ကို​တော့ ​မေးရိုးဟာ အရင်​လို ခင်​ခင်​မင်​မင်​ မာမာထန်​ထန်​ပါပဲ။ မင်းငါ့ကို ထိုးချင်​တယ်​ဆို အချိန်​မ​ရွေးဖုန်း​ခေါ်လိုက်​တဲ့။ ဒီလိုနဲ့ ကျွန်​​တော်​နဲ့​မေးရိုး ဆူး​လေဘုရားလမ်းမှာ နှုတ်​ဆက်​လမ်းခွဲခဲ့ကြတယ်​။ စပါယ်​ယာဟာ ​မေးရိုးကို လျှပ်​တပြက်​ခွက်​ကနဲ့ ထိုးပြီးကား​ပေါ်ကိုဆွဲတင်​သွားတဲ့ မြင်​ကွင်းနဲ့အတူ ကျွန်​​တော်​လည်း ကိုယ့်​​မေးရိုး ကိုယ်​ပွတ်​ရင်း ​မေးရိုးကိုနှုတ်​ဆက်​လိုက်​ရဲ့။
"​ကောင်း​သောညပါ"

မ​နေ့က​မေးရိုးဆီကအမြန်​​ချောနဲ့ စာတစ်​​စောင်​​ရောက်​လာ​လေရဲ့။
သူစစ်​​မြေပြင်​ တစ်​ခု​ရောက်​​နေဆိုပဲ။ သူ​ရောက်​​နေတဲ့ စစ်​​မြေပြင်​မှာ လူ​တွေဟာ ​မေးရိုးနှစ်​ထပ်​နဲ့ဆိုလား။ စစ်​ကြီးပြီးရင်​ သူအိမ်​ကိုပြန်​​တော့မယ့်​အ​ကြောင်း သူ့ကို​စောင့်​​မျော်​​နေတဲ့ လက်​သီ​တွေဆီ ပြန်​လာခဲ့မယ့်​အ​ကြောင်းနဲ့ ​မေးရိုးဟာ ဘန်​ကာထဲမှာ မုတ်​ဆိတ်​ရိတ်​ရင်း "စစ်​ကြီးပြီးရင်​" ဆိုတဲ့သီချင်းကို ဆို​နေ​လေရဲ့။

ဒီလိုနဲ့သပ်​မကြာမီ ​နောက်​​နေ့မနက်​ ကျွန်​​တော်​မျက်​နှာသစ်​​နေတုန်း ဗြုန်းဆို​မေးရိုးဟာ ​ပေါက်​ချလာပါ​တော့တယ်​။ "ကဲ...ကိုယ်​လူတစ်​ခုခုသွားဝါးရ​အောင်​သွားကြစို့" ဆိုပြီး ​မေးရိုးနဲ့ ကျွန်​​တော်​ဟာ ​နောက်​ဆုံးအကြိမ်​အဖြစ်​ လက်​ဖက်​ရည်​ဆိုင်​ထိုင်​ဖြစ်​ကြတယ်​။ ​မေးရိုးဟာ ပလာတာ တစ်​ချပ်​ကိုဝါးရင်း တစ်​ခြား​မေးရိုး​တွေဟာသူ့​လောက်​ ကွာလတီ မ​ကောင်း​ကြောင်း ​မေးရိုးနဲ့လုပ်​ထားတဲ့ သူ့ရဲ့ကဗျာတစ်​ပုဒ်​ ဒဏ်​ရာရသူများစာရင်းကို ထုတ်ပြ​လေသည်​။ ​နောက်​​မေးရိုးဟာ သူလည်းတစ်​ချိန်​ချိန်​မှာ​တော့ တစ်​ခြား​မေးရိုးတစ်​ခုကို ​နေရာဖယ်​​ပေးမယ်​ဆိုတဲ့ အ​ကြောင်းလွမ်း​လောက်​​အောင်​ ​ပြောပြန်​တယ်​။ ထို​နောက်​သူ့ကို ပါရီမြို့က ပြတိုက်​တစ်​ခုက အလိုရှိ​နေတဲ့အ​ကြောင်း သူလည်း သင်္ကြန်​တစ်​တွင်းလုံး ပြတိုက်​ထဲ သွား​ခွေ​နေမယ်​ဆိုတဲ့အ​ကြောင်းနဲ့ ကျွန်​​တော့်​ကိုလည်း​ရောက်​ရင်​ဝင်​ခဲ့ဖို့ တတွတ်​တွတ်​မှာ​နေ​လေရဲ့။ ပြီး​တော့ ​မေးရိုးဟာ သူ့ကို​ကျောက်​ပတ်​တီးတစ်​ခု လက်​​ဆောင်​​ပေးဖို့ ​နောက်​ရယ်​သံ​ပေါင်းဆုံထည့်​ထားတဲ့ ဖိုင်​တစ်​ခုလည်းလိုချင်​​ကြောင်းနဲ့ ​နောက်​ဆုံးသူကျွန်​​တော့်​ကို ​ပြောသွားခဲ့တဲ့ စကားတစ်​ခွန်းက​တော့ "တကယ်​​တော့မင်းတို့ထင်​​နေသလို ငါဟာ​မေးရိုးတစ်​ခုမဟုတ်​ပါဘူးကွာ... ​မေးရိုး ဟန်​​ဆောင်​ထားတဲ့ ကမ္ဘာကြီးပါ" တဲ့။ ဒီလိုနဲ့ပဲ ​မေးရိုးနဲ့ ကျွန်​​တော်​​ဝေးကွာသွားခဲ့ကြတယ်​။ ​မေးရိုးဟာဟိုတယ်​​ပေါ်မှာလား။ ပြည့်​တန်​ဆာအိမ်​မှာလား။ စတိတ်​ရှိုးပွဲ​တွေမှာလား။ ​မေးရိုးဟာ​သေသည်​အထိ သူ့ယုံကြည်​ချက်​ကို စွန့်​လွတ်​မသွားဘူးလား။ လူ့ဘဝကြီးကို ပြစ်​ပြစ်​နှစ်​နှစ်​ ပျက်​လုံး​တွေ ထုတ်​​နေတုန်းပဲလား။ မနက်​တစ်​ခွက်​ ညတစ်​ခွက်​နဲ့အမှန်​တရားကို ပလုပ်​ကျင်းအိပ်​​သေးလား။ သူ့အိပ်​မက်​​တွေထဲမှာ သူ့ဘဝကိုအမြှုပ်​ထွက်​​အောင်​ မြှုပ်​နှံထား​ကြောင်း တဖွဖွ​ပြောတုန်းလား။ သို့​သော်​ ​မေးရိုးဟာ သူ့အလုပ်​ကို​တော့ ဆက်​လက်​လုပ်​​ဆောင်​​နေလိမ့်​မယ်​ဆိုတာ​တော့ ​သေခြာပါတယ်​။ ​မေးရိုးနဲ့မ​တွေ့​တော့တဲ့​နောက်​ ကျွန်​​တော်​လည်း ​မေးရိုးအ​ကြောင်းသိပ်​မ​တွေးဖြစ်​​တော့ တစ်​ခါတ​လေ ညကြီးသန်း​ခေါင်​​မေးရိုးကို သတိရတဲ့ အခါရ​ပေါ့... ​မေးရိုးဟာ လူ​တွေနဲ့အဆင်​မှ​ပြေပါ့မလား။

ညက​တော့ မ​တွေ့ရတာကြာပြီဖြစ်​တဲ့ ​မေးရိုးဟာ ကျွန်​​တော့်​ရဲ့ အိပ်​မက်​ထဲအထိ​ရောက်​ရှိလာပြီး သူအလွန်​ပဲစိတ်​ညစ်​​နေရတဲ့အ​ကြောင်း ဟစ်​​ဟော့တစ်​ပုဒ်​ရွတ်​ရင်း ကျွန်​​တော်​ကို​ပြေပြ​နေ​လေတယ်​။ သူ့ရဲ့ဝိဥာဉ်​ကိုလည်း ကျွန်​​တော့်​ကို လက်​​ဆောင်​​ပေးချင်​​ကြောင်း အခု​ကောင်းကင်​ဘုံက သူ့ကိုလက်​မခံလို့ ပြန်​လာရတဲ့အ​ကြောင်း၊ ​သေခြင်းတရားနဲ့လည်း သူမိတ်​​ဆွေဖြစ်​ခဲ့ပြီဆိုတဲ့အ​ကြောင်း၊ သူ့အ​ပေါ်​ကောင်းတာဆိုလို့ ဒုက္ခတရားတစ်​ခုပဲရှိ​ကြောင်း၊ ​မေးရိုးဟာတဆတ်​ဆတ်​ လှုပ်​ခါ​ပြောပြရင်း ကျွန်​​တော်​ရဲ့ နှလုံးခုန်​သံကို စိတ်​ဝင်​တစားနား​ထောင်​​နေ​လေရဲ့။ ကျွန်​​တော်​လည်း မျက်​လုံးပိတ်​ထားရင်း ​မေးရိုး​ပြောသမျှနား​ထောင်​၊ ကိုယ့်​အသက်​ရှူသံကိုအာရုံပြု၊ ​မေးရိုးကို နှစ်​သိမ့်​ဖို့စကား​တွေစီ​နေတုန်းမှာပဲ ​မေးရိုးဟာ ကျွန်​​တော့်​ကိုခွပ်​ခနဲထိုးပြီး အိပ်​မက်​ထဲက ထွက်​ခွားသွား​လေရဲ့....။

ဒါ​တွေဟာ အိပ်​မက်​လား၊ တကယ်​လား။ ​မေးရိုး ​ရောက်​လာတယ်​ဆိုတာဟုတ်​သလား။ မသဲကွဲ​တော့ဘူး။ ကျွန်​​တော့်​စိတ်​​တွေ ​ဝေ​ဝေဝါးဝါး ထုံထုံထိုင်းထိုင်းနဲ့ အခိုးအ​ငွေ့တစ်​ခုလို လွင့်​​နေ​လေရဲ့။ ကျွန်​​တော်​နဲ့ ​မေးရိုး သိကျွမ်းခဲ့ကြတယ်​ဆိုတာက​ကော တကယ်​လား။ ပြန်​စဉ်းစားလိုက်​တိုင်း ​မေးရိုးအ​ကြောင်းဟာ ကျွန်​​တော့်​ခေါင်းထဲမှာ ဘယ်​လိုမှ​ပေါ်မလာ​တော့တာပါပဲ။

ဒါနဲ့ပဲ မှန်​​ရှေ့တည့်​တည့်​မှာရပ်​ရင်း ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​အကြာကြီးစိုက်​ကြည့်​ ​နေမိစဉ်​ထဲမှာပဲ မှန်​ထဲမှာ အခု​တွေ့​နေရတဲ့ ​မေးရိုးများဖြစ်​​နေမလား။ မှန်​ထဲမှာ ကျွန်​​တော်​​တွေ့​နေရတဲ့ ​မေးရိုးက​တော့ ပါရီသားငထွား​မေးရိုးနဲ့​တော့ချွတ်​စွပ်​။ မှန်​​ရှေ့မှာရပ်​ရင်းဖြင့်​ ကျွန်​​တော့်​ခန္ဓာကိုယ်​မှာလည်း တဆတ်​ဆတ်​တုန်​ခါလာပါ​တော့တယ်​။ တစ်​စုံတစ်​​ယောက်​၏ အမိန့်​​ပေး​စေခိုင်းသံတစ်​ခုလိုနားထဲ ပဲ့တင်​ထပ်​​အော်​သံများ... "​ဟေး" ခနဲ​အော်​သံနှင့်​အတူ မှန်​ထဲမှကျွန်​​တော့်​ကိုစိုက်​ကြည့်​​နေ​သော ​မေးရိုးကိုခုန်​အုပ်​ရင်း "ခွမ်း" ခနဲထိုးချလိုက်​​တော့တယ်​။ "ခွမ်း" ခနမြည်​သံနဲ့အတူ မှန်​ထဲက​မေးရိုးဟာလည်း ရုတ်​ချည်း​ပျောက်​ကွယ်​သွား​တော့တယ်​။

ကျွန်​​တော်​လည်း အစိတ်​စိတ်​အပိုင်းပိုင်းဖြစ်​​နေတဲ့ မှန်​ကွဲ​တွေကိုလှဲကျင်းရင်း အံဖွယ်​အဖြစ်​အပျက်​တစ်​ခုကို ​တွေ့လိုက်​ရပါ​တော့တယ်​။ မှန်​ကွဲစ​တွေထဲမှာ ​မေးရိုးဟာ ပုံသဏ္ဌာန်​အမျိုးမျိုးနဲ့ ​ပေါ်​နေကြတာပါပဲ။ တကယ်​​တော့ ကျွန်​​တော်​မှာလဲ ဘာ​မေးရိုးမှမရှိပါဘူး..။

@ahtaroo
Photo credit; google image

Sort:  

good post, great idea.

very good idea

(အရက်ကြောင်တာနေမှာဘာ)

နည်းနည်းပါ

နာ့မှာလဲ မေးရိုးရှိတယ်လေ

လက်​သီးဆီလာခဲ့ပါ😂😂😂

ဘီယာသောက်ဖို့ပဲရတယ်😂

တိုက်​မယ်​ဗျာ

မောင်ချောနွယ်ကလည်းဗျာ ၊သူများကိုထိုးဖို ကိုယ့်မှာလက်သီးပဲလိုမှာ ပါ။

ကိုယ်​လဲပြန်​ထိုးခံရနိုင်​တယ်​😁😁😁

အရေးသားကောင်းပါ
ဖတ်ရတာနည်းနည်းတော့မူးသွားတယ်

ဟီးဟီး မူး​အောင်​​ရေးထားတာ

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

မေးရိုးဖတ်တာနဲနဲတော့လည်သွားတယ်

နည်းနည်း​လေးထပ်​ဖတ်​ကြည့်​လိုက်​ပါ

အန် မေးရိုး ဆိုတာ နာမည် လားလို့ ဘာ

လှည့်​ကွက်​က​လေးတစ်​ခုပါ

thanks for your sharing knowledge,brother!

Thank bro

မေးရိုး ဒသန

ဟုတ်

Woo ... So amazing.
I really like this post than all earlier posts you had been write.
Thank Bro

Thank bro

ကိုယ့်မေးရိုးကိုယ် ပြန်စမ်းမိသွားသည်

ရှိတယ်​မလား

Nice article.....😃😃😃

အိပ်​မက်​လား တကယ်​လား 😄

ဘယ်​လိုထင်​သလဲ

သေချာတာ​တော့ ကျ​​နော့်​မှာ​မေးရိုးရှိပါတယ်​😜😜

😁😁😁😁

အားပေးဘျှက်ပါ

ကျေးဇူးပါ

ဒီလို စာမျိုး ဖတ်နိုင်ဖို့
skill တော့ လိုမယ်ဗျ

စာကို ဖတ်မလို့ လုပ်နေတုန်း
စာက ပြန်ဖတ်သွားလိမ့်မယ်

မောင်ချောနွယ်ပြောသလိုပေါ့

သူများကိုထိုးဖို့ဆိုတာ
ကိုယ့်​မှာ​မေးရိုးရှိရတယ်​။

ကျေးဇူးပါ​ရွှေ​ရောင်

မေးရိုးဆိုတာ အီးမေး မဟုတ်တဲ့ဟာဖြစ်မှာပေါ့ကွာ။

ဟုတ်​ဆရာ

တကယ့်မှေးရိုးကောင်းပါပဲ ကိုအတာ 😃

ကျေးဇူးပါ

ဆရာ မေရိုး က အရန်းကောင်းတာဘဲဗျာ

ကျေးဇူးပါ

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This post has been ranked within the top 80 most undervalued posts in the first half of Sep 24. We estimate that this post is undervalued by $8.94 as compared to a scenario in which every voter had an equal say.

See the full rankings and details in The Daily Tribune: Sep 24 - Part I. You can also read about some of our methodology, data analysis and technical details in our initial post.

If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.