ကျွနု​ပ်​နှင့်​ မိမိကိုယ်​ကို အဆုံးစီရင်​ခြင်း ၁

in #myanmar7 years ago (edited)

ဒီမိုက​ရေစီဆိုတာ ကိုယ့်​အားကိုယ်​ကိုးပြီး တိုင်းပြည်​အကျိုးသယ်​ပိုးရတဲ့ဝါဒတစ်​ခုပါ။ ဘာပဲလုပ်​လုပ်​ပြည်​သူပြည်​သားအားလုံးနဲ့ ဆုံဖြတ်​လုပ်​ကိုက်​ရတဲ့စနစ်​ပါ။ အာဏာရှင်​မရှိ ဥာဏ်​ကြီးတဲ့ ​ခေါင်း​ဆောင်​သာရှိတဲ့စနစ်​ပါ။ လူ့လွတ်​လပ်​ခွင့်​ကို အပြည့်​အဝ​ပေးထားပြီး အစွမ်းရှိရင်​ ရှိသ​လောက်​ ရပိုင်​ခွင့်​​တွေကိုလည်း ယူခွင့်​​ပေးထားပါတယ်​။ ကိုယ်​သာလျှင်​အရှင်​သခင်​၊ ကိုယ်​ဘဝကိုယ်​ဖန်​တီး၊ ကိုယ်​သမိုင်းကိုယ်​​ရေးမယ့်​ ကိုယ့်​အသက်​ကိုယ်​ပိုင်​ဆိုင်​​ရေးပါ။ ခက်​​နေတာက ကိုယ်​အသက်​ကို သတ်​မ​သေ​အောင်​ ဘယ်​ဥပ​ဒေကမှ မတားမြစ်​ထားတာပါပဲ။ ကိုယ့်​အသက်​ကို​တောင်​ မ​နှ​မြောတဲ့လူကလည်း ဘယ်​ဥပ​ဒေ​တွေကို ဂရုစိုက်​​နေ​တော့မလဲ။ အချိန်​တိုအတွင်းမှာဖျက်​ကနဲ​ပေါ်ပြီး ဖျက်​ကနဲဖြစ်​သွားတဲ့ကိစ္စ။ နှမလက်​​လျော့​နေ​လေ​တော့​ပေါ့။ ကိုယ့်​ကိုယ်​ကိုယ်​သတ်​​သေသွား ကြသူအများစုဟာလည်း စားဝတ်​​နေ​ရေး​လို့ဆိုတဲ့ ရုပ်​ဝတ္ထု​တွေ​ကြောင့်​မဟုတ်​ပဲ စိတ်​ပိုင်းဆိုင်​ရာ ခံစားချက်​​တွေ​ကြောင့်​သာ သတ်​​သေသွားကြသူ​တွေပါ။ အဲ့ဒီလူ​တွေထဲကမှ ကျွနု​ပ်​သိ​သ​လောက်​ ကိုယ်​ကိုယ်​ကိုယ်​အဆုံးစီရင်​သွားကြတဲ့ လူ​တွေအ​ကြောင်း ကျွနု​ပ်​သိသ​လောက်​​ပြောပါရ​စေ။

မြို့မငြိမ်း

FB_IMG_1503209273206.jpg

ဆရာမြို့မငြိမ်းဟာ မန္တ​လေးက​မွေးပြီး မန္တ​လေးမှာကြီးပြင်းခဲ့တဲ့ မန္တ​လေးသားတစ်​​ယောက်​ပါ။ လွတ်​လပ်​​ရေးရပြီး စ​ခေတ်​ကြီးထဲမှာ ထွန်းကားခဲ့တဲ့ အနုပညာရှင်​တစ်​​ယောက်​။ ဆရာမြို့မငြိမ်းဟာ ဗိုလ်​ချုပ်​​အောင်းဆန်းတို့ ​ခေတ်​ကတည်းက သီချင်း​တွေကို စတင်​​ရေးသားပြီး ​ခွေးတံဆိပ်​ဓာတ်​ပြား​တွေ ထုတ်​​ဝေခဲ့ပါတယ်​။ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ မင်္ဂလာ​ဆောင်​မှာဆိုခဲ့ကြတဲ့ သက်​​ဝေသီချင်းဟာ ဆရာမြို့မငြိမ်းရဲ့ သီချင်းပါ။ ပြီး​တော့အစိုးရအဖွဲ့က ​ရေးဖွဲ့ခိုင်းတဲ့သီချင်းကိုလည်း ဆရာမြို့မငြိမ်းက လူချွန်​လူ​ကောင်းဆိုပြီး ​ရေးဖွဲ့ခဲ့ပါတယ်​။ အ​ရွှေးချယ်​ခံရတဲ့ သီချင်းက​တော့ ပြည်​​တော်​သာ။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ဟာ ပြည်​​တော်​သာသီချင်းကို ကြား​တောင်​မကြားဖူးကြဘဲ ဆရာမြို့မငြိမ်းရဲ့ လူချွန်​လူ​ကောင်းသီးချင်းက​တော့ ယ​နေ့အချိန်​ထိ ကြား​နေရဆဲပါ။ " ​ခေတ်​မှီမှီကမ္ဘာကြည့်​ကြည့်​မြင်​... ပါဝင်​ တစ်​​ယောက်​ဆိုတအားပင်​"တဲ့။ Tomorrow Never Dir သီချင်းပါ။ ဂျပန်​​တွေမန္တ​လေးကိုဗုံးကြဲ​တော့လည်း စစ်​ကိုင်း​ချောင်​မှာခိုလှုံရင်း ​ရေချိုးဆိပ်​တို့ ပြည်​​တော်​ဝင်​သီချင်းတို့ကိုလည်း ဖန်​တီးခဲ့ပါတယ်​။ ပြည်​​တော်​ဝင်​သီချင်းဟာ ​တောင်​သမန်​မှာပြုလုပ်​တဲ့ အ​မေလူထု​ဒေါ်အမာရဲ့ ​မွေး​နေ့ပွဲမှာ မပါမဖြစ်​ သီချင်းပါ။ ကျွန်​​တော်​ကလည်း သင်္ကြန်​သီချင်း​ကောင်းကြားရင်​ ဆရာမြို့မငြိမ်း​ရေးတယ်​ချည်းထင်​​နေသူပါ။ အထူးသဖြင့်​ သင်္ကြန်​မိုး​ဇောတ်​ဝင်​​တေးသီချင်း​တွေကို​ပေါ့။ ​တော်​​တော်​ကြာမှပဲ ဦး​မောင်​​မောင်​​ရေးတယ်​ဆိုတာသိခဲ့ရပါတယ်​။
ဆရာမြို့မငြိမ်းရဲ့အဖျားအနားကိုမှီ​အောင်​လိုက်​နိုင်​သူဆိုလို့ မန္တ​လေး မှာကို​မောင်​​မောင်​ တစ်​​ယောက်​ပဲရှိမယ်​လို့ ​တွေးမိပါတယ်​။ ဆရာမြို့မငြိမ်းဟာ စိတ်​ကူးစိတ်​သန်းနဲ့ အနုပညာဥာဏ်​ကြီးသူပါ။ သူဖြစ်​ချင်​တဲ့ သူရဲ့ ​နောက်​ဆုံးစိတ်​ကူးအိပ်​မက်​က သူဖန်​တီးထားတဲ့ သီချင်း​တွေကို လူအ​ယောက်​ ၁၀၀​လောက်​တီးရတဲ့ ဆင်​ဖိုနီသြခက်​စထရာတီးဝိုင်းနဲ့ သွင်းပြီး ဒါမြန်​မာကွလို့ဆိုပြီး ကမ္ဘာကိုချပြချင်​တဲ့စိတ်​ကူးပါ။ ဒါ​ပေမယ့်​ ဒီစိတ်​ကူးကို သူအ​ကောင်​အထည်​​ဖော်​ခွင့်​မရခဲ့ပါဘူး။ ကျွန်​​တော်​တို့မြန်​မာပြည်​ဂီတသမား​တွေပဲ ဆဏာမြို့မငြိမ်းရဲ့အနုပညာ အိုင်​ကျူကိုမလိုက်​နိုင်​လို့လား။ စည်းလုံးမှုမရှိလို့လား။ ပံ့ပိုး​ပေးနိုင်​သူ​တွေလက်​တွန့်​​နေတာ​ကြောင့်​လား ကျွန်​​တော်​မသိပါဘူး။ ခု​ခေတ်​မှာလည်း က​လေး​တွေက သူရဲ့အိပ်​မက်​ကို ကူညီတဲ့အ​နေနဲ့ သူရဲ့သီချင်း​တွေကို သြခက်​စထရာနဲ့ဆိပြီး ကွန်​ပျူတာနဲ့တီးပြီး အ​ခွေထုတ်​ကြပါတယ်​။ သူတို့စိတ်​ကူးကို​တော့ ကျွန်​​တော်​အသိအမှတ်​ပြုပါတယ်​။

ဒါက​တော့ လူသားကိုစက်​ရုပ်​နဲ့အစားထိုးတဲ့ သ​ဘောပါ။ ​လေမှုတ်​တူရိယာ​တွေနဲ့ တ​ယောရဲ့အသံကို အခု​ခေတ်​​နောက်​ဆုံး​ပေါ် တီး​နေကြနဲ့ ကီးဘုတ်​လို့​ခေါ်တဲ့အရာ​တွေ​တောင်​ အသံတူ​အောင်​မတီးနိုင်​ပါဘူး။ ဒါ​တွေက​တော့ နားပါးမှသိနိုင်​မယ့်​ကိစ္စ​တွေ။ ဥပမာ ဦးတင်​ရီရဲ့ တ​ယောသမားတီးတဲ့ ​ရွှေအိုးစည်​ကို ကီးဘုတ်​နဲ့ တီးပြီးအ​ခွေထုတ်​ကြည့်​ပါ။ အနုပညာဟာ အနုပညာပါ။ ဆရာမြို့မငြိမ်း ​နောက်​ဆုံး​ရေးခဲ့တဲ့သီချင်း​လေး တိမ်​လွှာမို့မို့လွင်​က​တော့ ကျွန်​​တော်​ကြိုက်​တဲ့သီချင်း​လေးပါ။ ဝင်းဦးသရုပ်​​ဆောင်​ပြီး ဝင်းဦးဆိုထားတဲ့ တိမ်​လွှာမို့မို့လွင်​ ဇာတ်​ကားကိုလဲကြည့်​ဖူးပါတယ်​။ ဒီသီချင်းနဲ့ပတ်​သက်​ပြီး ကျွန်​​တော်​အမြင်​ကို​ပြောချင်​တာက​တော့ တိမ်​လွှာမို့မို့လွင်​သီချင်းကို အဆိုမပါပဲ လူအ​ယောက်​တစ်​ရာ​လောက်​နဲ့ တီးထားတဲ့ သံစုံတီးဝိုင်းကြီးတစ်​ခုနဲ့ မိနစ်​၂၀​လောက်​တီးလိုက်​ရင်​ ဗီသိုဗင်​၊ ချိုက်​​ကော့စကီး၊ ယန်​နီတို့ရဲ့ သီချင်း​တွေလိုများ ဖြစ်​လာမလားလို့ပါ။ တိမ်​လွှာမို့မို့လွင်​သံစဉ်​ထဲမှာ စာသားမပါပဲ အသံ​တွေကိုချည်း ကျွန်​​တော်​ခံစားကြည့်​ဖူးပါတယ်​။ သံစဉ်​ထဲမှာတိမ်​​တွေ့​ရွေ့​နေတာ လှိုင်းက​လေး​တွေလှုပ်​​နေတာ အလွမ်း​တွေလူး​နေတဲ့ ရာသီဥတုကိုလည်း မြင်​​နေရပါတယ်​။ ဒီတိမ်​လွှာမို့မို့လွင်​ သီချင်းက​​တော့ ဆရာမြို့မငြိမ်းရဲ့ သြခက်​စထရာနဲ့ ဖန်​တီးချင်​တဲ့ ​နောက်​ဆုံးအိပ်​မက်​ သီချင်းတစ်​ပုဒ်​ပဲလို့ ထင်​မိပါတယ်​။
ဆရာမြို့မငြိမ်းဟာလည်း သူလုပ်​ချင်​တာ​တွေမလုပ်​ရတဲ့ကမ္ဘာမှာမ​နေချင်​​တော့ပုံရပါတယ်​။ မ​နက်​​စော​စောအိမ်​ကထွက်​သွားပြီး တရုတ်​သင်္ချိုင်းနားက ​မြေလမ်းက​လေး​ပေါ်မှာ သူ့အိပ်​မက်​​တွေကို အဆုံးသတ်​ပစ်​ခဲ့ပါတယ်​။ ဘယ်​သူ့ကိုမှသူဒုက္ခမ​ပေးခဲ့ပါဘူး။ ကွပ်​ပျစ်​​လေးနားကဖိနပ်​တစ်​ရံကသက်​​သေပါပဲ။ ကွပ်​ပျစ်​​လေးနားမှာသာဖိနပ်​မချွတ်​ခဲ့ဘဲ ဖိနပ်​စီးပြီး ကား​အောက်​ကိုတိုးဝင်​ခဲ့ရင်​ ဟိုတစ်​ဖက် ဒီတစ်​ဖက်​ ကစဉ်​ကလျားဖြစ်​​နေတဲ့ ဖိနပ်​ကိုကြည့်​ပြီး ကိုယ်​ကိုယ်​ကိုယ်​​သေ​ကြောင်းကြံစည်​တယ်​လို့ ဘယ်​သူယုံမှာလဲ။ ​သေသူဟာလည်းမြို့မငြိမ်းဖြစ်​​နေတဲ့အတွက်​ အပြစ်​မရှိတဲ့ ကားသမားဟာလည်း ​ထောင်​နန်းစံရုံသာ သို​သော်​ ဆရာမြို့မငြိမ်း ကွပ်​ပျစ်​နားချွတ်​ထားခဲ့တဲ့ ဖိနပ်​က​လေးတစ်​ရံဟာ မြို့မငြိမ်း​နောက်​ဆုံး​ရေးထားခဲ့တဲ့ ​သေတမ်းစာ​လေးတစ်​​စောင်​ဖြစ်​​နေခဲ့တယ်​​လေ။ ဒါ​ကြောင့်​ ကျွန်​​တော်​ ကဗျာတစ်​ပုဒ်​​ရေးခဲ့ဖူးတယ်​။

မြို့မငြိမ်းရဲ့ဖိနပ်​တစ်​ရံက ကဗျာဆန်​တယ်​.....။

ဒီအ​ကြောင်းအရာများသည်​ ကျွနု​ပ်​ဖက်​ခဲ​သောစာအုပ်​များနှင်​ လူကြီးများ​ပြော​သော မြို့မငြိမ်းအ​ကြောင်းများကိုအ​ခြေခံ၍ ကျွနု​ပ်​စိတ်​ကူး နှင့်​​ပေါင်းစပ်​ကာ ​ရေးသားထားခြင်းဖြစ်​ပါသည်​။

အတာဦး

Sort:  

ခေါင်းစဉ် ဖတ်ပီး ရင်တုန်တာဟာ

😁😁😁

I voted for u and vote me again bro

Done bro

good post

ကျေးဇူးပါ

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank you

Steemit မှာ စာပိုဒ်အစမှာ space ခံလို့ မရပါ။ font ပျက်သွားပါတယ်။စာပိုဒ် တပိုဒ်လုံး ထောက်နေတာ .. စာပိုဒ် အစက space ကို delete လုပ်လိုက်ပါ

ဟုတ်

ကွီးအတာ အာ့တွေအားကျပြီးလိုက်မလုပ်နက်နော် တားတားတို့ကစိတ်မခိုင်ဝူးဂျ

ဟားဟားဟား

nice post,bro!

ကျေးဇူးပါ

အောက်ဆုံးစာပိုက်က ဖတ်မရဘူး ပြင်အူးဗျ။

အယ်​ ဒီမှဖတ်​လို့ရ

ဂမ္ဘီရဆရာတွေကတော့ အမြင်တစ်မျိုးရှိကြတယ်ဗျ

ကောင်းတယ် ဆက်ရေးပါအုံးနော

ဟုဟု