ဆိုပါစို့

in #myanmar7 years ago

ကမ္ဘာကြီးဟာ ရွာကြီးတစ်​ရွာဖြစ်​တယ်​ ဆိုပါစို့
ရွာကြီးတစ်​ရွာထဲမှာ ကဗျာဆရာတစ်​​ယောက်​ရှိတယ်​ ဆိုပါစို့
ကဗျာဆရာတစ်​​ယောက်​ထဲမှာ သီချင်းတစ်​ပုဒ်​ရှိတယ်​ ဆိုပါစို့
သီချင်းတစ်​ပုဒ်​ထဲမှာ ​နေကြာပန်းတစ်​ပွင့်​ရှိတယ်​ ဆိုပါစို့
နေကြာပန်းတစ်​ပွင့်​ထဲမှာ ဘုရားသခင်​ရှိတယ်​ ဆိုပါစို့
ဘုရားသခင်​ထဲမှာ အဆိပ်​ခွက်​တစ်​ခွက်​ရှိတယ်​ ဆိုပါစို့
အဆိပ်​ခွက်​တစ်​ခွက်​ထဲမှာ ​ငွေ​ကြေးစရှိတယ်​ ဆိုပါစို့
ငွေ​ကြေးစထဲမှာ ဝံပု​လွေတစ်​အုပ်​ရှိတယ်​ ဆိုပါစို့
ဝံပု​လွေတစ်​အုပ်​ထဲမှာ အဏုမြူဗုံးတစ်​လုံးရှိတယ်​ ဆိုပါစို့
အဏုမြူဗုံးတစ်​လုံးထဲမှာ ​နွေဦးရှိတယ်​ ဆိုပါစို့
နွေဦးထဲမှာ ဂစ်​တာတစ်​လက်​ရှိတယ်​ ဆိုပါစို့
ဂစ်​တာတစ်​လက်​ထဲမှာ သံလွင်​ခက်​တစ်​ခက်​ရှိတယ်​ ဆိုပါစို့
သံလွင်​ခက်​တစ်​ခက်​ထဲမှာ ​သေနတ်​တစ်​လက်​ရှိတယ်​ ဆိုပါစို့
သေနတ်​တစ်​လက်​ထဲမှာ အကြမ်းဖက်​ဝါဒရှိတယ်​ ဆိုပါစို့
အကြမ်းဖက်​ဝါဒထဲမှာ ​နောင်​တတရားရှိတယ်​ ဆိုပါစို့
နောင်​တတရားထဲမှာ အတ္တဝါဒရှိတယ်​ ဆိုပါစို့
အတ္တဝါဒထဲမှာ အနုပညာရှိတယ်​ ဆိုပါစို့
အနုပညာထဲမှာ ​သေခြင်းတရားရှိတယ်​ ဆိုပါစို့
သေခြင်းတရားထဲမှာ ဘာမှမရှိခြင်းရှိတယ်​ ဆိုပါစို့
ဘာမှမရှိခြင်းထဲမှာမှ ကျွန်​​တော်​တို့ ကမ္ဘာကြီးဟာ
ချမ်းသာချင်​​ယောင်​​ဆောင်​ခဲ့တယ်​ ဆိုပါစို့....

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

Like.

ကွီး​ရွှေကို MSC က​မျှော်​​နေတယ်

သူချမ်းသာချင်အယောင်ဆောင်နေတာပဲ့

ဟုတ်​တယ်

This post has received a 29.76% upvote from @lovejuice thanks to @ahtaroo. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 0.31% upvote from @upme requested by: @ahtaroo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

ခုထိလည်း ကမ္ဘာကြီးက ဆင်းရဲ နေဆဲပါပဲ .....

မှန်​ပဗျာ

ကမ္ဘာကြီးကမဆင်းရဲပါဘူး လူတွေသာဆင်းရဲနေရတာလေ

ရန်​ကုန်​မှာ အတာဦးရှိတယ်​ ဆိုပါစို့
မန်း​လေးမှာကသက်​ရှိတယ်​ ဆို​ပါစို့

ဒါကြောင့်ပြောတယ်လေ မော်ဒန်ဆရာကြီးလို့။

ကဲ ဆိုပါစို့

ကမောက်ကမဖွံ့ဖြိုးနေတဲ့ကမ္ဘာကြီးက တိုးတတ်သယောင်ဆောင်ပြီး ဆုံးရှုံးပျက်စီးတာတွေ များလာနေတယ်

အိုက်စ် မော်ဒန်အက်ဆေး တွေပါလား ကြီးတာ