အားပါးတရ သမ်းဝေနေခိုက်
ပါးစပ်ထဲ လက်ညှ်ိုးထိုးခံလိုက်ရသလို
လောကဓံရဲ့ ကျီစယ်မှုဟာ
ငါ့ဘဝကိာ အရသာပျက်စေတယ်။
ထောင်မကျဖူးဘူး
ပင်လယ်ခရီးမထွက်ဖူးဘူး
တံခါးချပ်တွေကိုတော့
ကိုယ်လုံးနဲ့တိုက်ဖွင့်
သဲလွန်စဆိုတာ ရှာခဲ့ဖူးတယ်
ကိုယ့်အကြောင်းကိုယ်ပဲ
သီချင်းလုပ်ဆိုကြတဲ့ အရပ်မှာပေါ့
အမှန်တရားကို ချစ်ခဲ့မိလို့
လွမ်းရမယ်ဆိုလည်း
မီးခိုးထွက်အောင် လွမ်းပစ်လိုက်မယ်
သွေးသားတောင်းတမှုအတွက်တော့
ပန်းသီးကိုနမ်းရုံပဲနမ်းခဲ့တယ်
ရင်ထဲရေခဲလို့ တစ်စက်စက်ပျော်ကျနေသော
နောင်တတရားများနဲ့
ငါ့အတ္ထုပ္ပတ္တိရုပ်ရှင်ဟာ
ဝင်ငွေမကောင်းခဲ့ဘူး.....
MSC- 004@ahtaroo
ဂွတ် မော်ဒန်
ကျေးဇူးပါ
ဝင်ငွေ မကောင်းတာ သေချာလို့လား
ခုရုပ်ရှင်မဟုတ် တစ်ချိန်ကရုပ်ရှင်
ခံစားမိတယ် ကဗျာလေးနဲ့😢
ကျေးဇူးပါ
No words to say, but I wana see a good movie with happy ending.
Thank you
မြန်မာနိုင်ငံအလံလေး ယသုံးခွင့် ပြုပါဗျ
သုံးပါညီ
This post has received gratitude of 0.39 % from @appreciator thanks to: @ahtaroo.
STEEM WitnessYou got a 0.28% upvote from @upme requested by: @ahtaroo. Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round. To support our activity, please vote for my master @suggeelson, as a
သူငှေးရဲ့ညည်းချင်းမြန်းလား
ဟုတ်ရပါဘူးဗျာ
ကိုတာရဲ့ ကဗျာတွေကို
ဝတ္တုပြန်ရေးလိုက်ရင် မိုက်ပီ😁😁😁
ရေးဗျာ
WOO nice
Thank
ဂွတ် မော်ဒန်
Thank
respect mordern
Thank
အတာရေကဗျာဆိုတာ သတ်ပုံတစ်လုံးမှမှားလို့မရဘူးနော်၊ မှားရင် စကားပြေလိုဟုတ်ဘူး၊ အဓိပ္ပါယ်များစွာပြောင်းသွားလိမ့်မယ်။
Thank you @ahtaroo for promoting this post together with https://steemit.com/budget/@jerrybanfield/introducing-steem-budget-proposals