အညတရတစ်ယောက်၏ အညတရအတွေး

in #myanmar7 years ago

image

မင်္ဂလာပါခင်ပါ။ ကျွန်တော် စတီးမစ်ကို ဝင်ရောက်လာတာ ၁ လ ကျော်လာပါပြီ။ အောင်မြင်မှုဆိုတာ ဘာမှန်းမသိသေးပေမယ့် တစ်နေ့ထိုနေရာရောက်မည် လို့တော့ ယုံကြည်နေပါသည်။ MSC နှင့် HFS စသော အဖွဲ့အစည်းများသို့ ဝင်ေ၇ာက်ခွင့်ရ၍ အခွင့်အလမ်းများ ပိုမိုများပြားလာသဖြင့် ပို၍ပင် ဝန်းသာပိတိဖြစ်ကာ အခက်ခဲပေါင်းများစွာကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံသားများကို ကူညီနေသော ရှေ့ဆောင် ဆရာ တစ်ဖြစ်လဲ အစ်ကိုအစ်မများကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်နေမိပါကြောင်း ပြောကြားရင်း စကားပျိုးလိုက်ပါရစေ။

ကျွန်တော်သည် သာမန်လူသားတစ်ယောက်ဖြစ်၍ ပိုက်ဆံလိုချင်သည် လောဘရှိသည် အောင်မြင်လိုသည်ဟူသော အတ္တဟိတစိတ်ရှိသူဖြစ်ပါသည်။ ထိုနည်းတူပင် သူတစ်ပါးအကျိုး လူအများအကျိုးကိုလည်း အပြင်လောကမှာ သယ်ပိုးထမ်းရွက်နေသော အခမဲ့ (သို့သော်လည်း အဖွဲ့အစည်းမှ စားဝတ်နေရေးထောက်ပံ့) သင်တန်းဆရာလေးဖြစ်သည်မို့ ပရဟိတ စိတ်လည်းရှိသူဖြစ်ပါတယ်။ ဒါကတော့ စကားပလ္လင်ခံထားတာပါ။

ဒီတော့။ ကျွန်တော် စတီးမစ်ပေါ်ရောက်လာပြီး ပိုစ့်တွေတင်လို့ ပိုက်ဆံတွေရနိုင်တာကို သိလာ နားလည်လာတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ လက်ရာကောင်းတဲ့ အနုပညာတွေကို ဖန်းတီးနိုင်တယ့် သူငယ်ချင်းတစ်ချို့နဲ့ စာမူခ မရှိတဲ့ ကဗျာဆရာ စာရေးဝါသနာရှင်တစ်ချို့ မျက်လုံးထဲ မြင်ယောင်လာတယ်။ သူတို့ကို ကူညီချင်တယ်။ သူတို့ရဲ့ ဖန်တီးမှုတွေနဲ့ သူတို့ရဲ့ ဘဝကို တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့ ပြန်ဖြစ်စေချင်လာတယ်။ သို့သော် သီချင်းသံလေးတစ်ခုသာ နားထဲ ကြားယောင်လာတယ် "ဒါ စိတ်ကူးလေးပါပဲ အိပ်မက်လေးပါပဲ" ပေါ့။

ဟုတ်ပါတယ်။ ကျွန်တော်က လက်ရှိမှာ SP ဆိုတာ အငှားရထားတဲ့ဟာတောင် ဆပ်နိုင်သေးတာ မဟုတ်ဘူး။ ကိုယ်တစ်ချက် up vote ပေးလို့လည်း ဂဏန်းက မပြောင်းလဲပါ။ ဒီတော့ သူတို့ကို ဘယ်လိုကူညီနိုင်ပါ့မလဲ။ စတီးမစ်ဆိုတာကလည်း တစ်ယောက်တည်းနဲ့ ရပ်တည်လို့ရတဲ့ လောကမဟုတ်ဘူးလေ။ ဒီတော့ အတွေးကဗ္ဘာထဲမှာသာ ဝဲဝဲလည်နေခဲ့တယ်။

ဒီတစ်ညတော့ အတွေးသစ်လေးတစ်ခု ဝင်လာလို့ပါ။ အညတရတစ်ယောက်ရဲ့ အတွေးပေမို့ သုံးစားရချင်မှလဲ ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေပေါ့ ... ကျွန်တော်တွေးမိတာက ဒီလိုပါ -
စတီးမစ်မှာ MSC ဆိုပြီး ပေါင်းစုဖွဲ့စည်းလို့ လူသစ်တွေကို ဖေးမနေတယ် ။ 3 ရက်တစ်ခါ ပရိုတွေပေးလို့ပေါ့။ ဒါက သိပ်ကိုကောင်းတဲ့ နည်းလမ်းလေးပါ။ အဲဒီကနေပီး ပိုကောင်းတဲ့ နည်းလမ်း ရှိမလား စဉ်းစားကြည့်တယ် .. အတွေးတွေ ဆက်ရင်းနဲ့ ဒီလိုလေး တွေးဖြစ်တယ် --

မြန်မာထဲက(နိုင်ငံခြားက ဖြစ်ဖြစ်ပေါ့) SP မြင့်မြင့်နဲ့ တစ်ခါ Vote ရင် ၁၀ $ လောက်တက် ပြီး အသစ်တွေကို ကူညီချင်မယ့် စေတနာရှင်တွေ ဘယ်နှစ်ယောက်လောက် ရှိမလဲပေါ့။ ၁၀ ယောက်လောက် ရှိရင် အလုပ်ဖြစ်လောက်ပီ။ ပထမ အသုတ်အတွက်ပေါ့ ( ၁ လ တန်သည် ၂ လတန်သည်).

အဲသည်ဆယ်ယောက်က တစ်ယောက်ကို လူသစ် ၂၀ လောက်ပါမယ့် အဖွဲ့ကို ဦးဆောင်ပီး တစ်နေ့ တစ်နေ့ကို VP 50% နဲ့ ယောက်တိုင်း ကို Up vote ပေးမယ်ဆိုရင် လူ ၂၀၀ က ယောက်တိုင်း ယောက်တိုင်း တစ်နေ့ကို အနည်းဆုံး ၁ SBD လောက် စုမိမယ်။ ဘုတ် ဆုကြေးတွေဘာတွေ အကုန်နုတ်ပီးသားပါ။ အချင်းချင်းလဲ ဘုတ်ပေးကြမယ်ဆို ပိုလာမှာပေါ့။

ဒီလိုဆိုရင် လူ ၂၀၀ တက်ညီလက်ညီနဲ့ ၂ လလောက်ဆို နောက်ထပ် လူ အနည်းဆုံး ၅၀ ကို ကူနိုင်မယ်ထင်တာပဲဗျာ။

ဒါကလည်း အတွေးသတ်သတ်ပါ။ စတီးမစ်နဲ့ ပါတ်သတ်ပြီး သိထားတာ ဘာမှ မရှိသေးပေမယ့် အတွေးကလေးက ထွက်လာတော့ ပြောပြချင်တယ်။ အညတစ်ရပေမို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ပြောပြရလောက်အောင် မဝံ့ရဲသေး။ အတွေးတွေလဲ တစ်လွဲတစ်ချော် ဖြစ်နေနိုင်ပါတယ်။ သို့သော် လူများကို ကူညီချင်မိသော အညတရတစ်ယောက်၏ စေတနာအတွေးမှားသတ်သတ်ပင်ဖြစ်ပေလိမ့်မည်။

တစ်ချို့ကလည်း ကျွန်တော် ငွေလိုချင်လို့ အထောက်အပံ့ အကူအညီရချင်လို့ ဒီလိုရေးတယ်လည်း ပြောကြမှာပါ။ ဟုတ်ထင်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော် စကားပျိုးထားသလိုပင် ကျွန်နော်သည်လည်း သာမန်ပုထုဇဉ်ပေပဲလေ။ သို့သော် လူ ၄ ယောက် ၅ ယောက်က ပင်ပန်းကြီးစွာနဲ့ လူ ၁၀၀ ကျော်ကို တစ်ရွတ်တိုက် ဆွဲနေရတာကို တွေးမိလို့ ပိုမိုလွယ်ကူစေကြောင်း နည်းလမ်းရှာနေတယ်လို့လဲ တွေးနိုင်ပါတယ်။ ဒါကတော့ စာရှုသူသဘောမို့ ထူးကဲ၍ မပြောလိုတော့ပါ။

အကာတွေပစ်လို့ အနှစ်ရှိရင် ယူနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စာရေးသူ @aikkhorn
MSC-223
A9

Sort:  

မှန်​ပါသည်​။MSC အဖွဲ့ဝင်​များ steem powerတိုးမှသာလူသစ်​များအားလက်​တွဲ​ခေါ်နိုင်​မည်​။ Good post;bro.Keep on your trying.

good bro

လက်ရှိ ၁၀၀ လောက်အရင်ဆုမယ် ဘဒို
ပြီးမှ လူသစ်တွေကိုပါဆွဲခေါ်မယ်

Writing is very good.
@shwebote
A14