How to know yourself? ကိုယ့်ကိုယ်ကို သိပီလား။

in #myanmar7 years ago (edited)

image

Human being is not a kind of living thing who could live alone. This means you have to relate with others. The relation could be as friends, group, organization, race, nation, village, ethnic or at least family, since you were born; you are in the group called family. At the same time, you become a member of a village, a citizen of a country.

So, living not alone, you have to know who you are where you are at and what can you do.

It looks simple, but not.

Let me explain with an example.

Assume that you are in a football team. You have to know which team you are playing in. Secondly, you have to know where you are playing, front, mid of back. Finally, you must understand you responsibility and what you exactly have to do.

It will be just the same no matter if you are in your family or your village. You must know your duty, your rank and you place.

The core is deeper if you are not lazy to think. Right or worn is totally depend on your analysis.

Thanks for reading.

မေးခွန်းကို တွေ့တော့ သိပ်ကို ထူးဆန်းနေမလား။ ပေါတောတောကြောင်ကြောင်တောင်တောင်နိုင်လွန်းနေမလား။ ဟုတ်တာပေါ့ လူတိုင်းက ကိုယ့်ကိုယ်ကိုတော့သိတာပေါ့။ ကိုယ့်ကိုယ်ကို အသိဆုံးပဲလို့ သင်ထင်နေပါလိမ့်မယ်။ ဒါကလည်း မှန်ကောင်းမှန်နေ ပါလိမ့်မယ်။ သို့သော် ကျွန်တော်ကတော့ အဲလို မထင်ဘူးဗျ။ ၇၀ ရာနှုန်းသော လူတွေက ကိုယ့်ကိုယ်ကို မသိကြဘူး။ အဲဒီ ၇၀ ရာနှုန်းထဲမှာ ၉၀ ရာနှုန်းက လူငယ်တွေ ဖြစ်နေပြန်ပါတယ်။ ဒါဟာ အနာဂါတ် ကမ္ဘာ​မြေအတွက် စိတ်မကောင်းစရာ အမှန်တရားဖြစ်နေပါတယ်။

ဟုတ်ပြီ။ ကိုယ့်ကိုယ်ကို သိတယ်ဆိုတာကရော ဘာကိုပြောတာလဲ။

ကိုယ့်ကိုယ်ကိုကို သိတယ်ဆိုတာ

၁) ကိုယ့်ဇာတိ သိခြင်း

၂) ကိုယ့်နေရာသိခြင်း
၃) ကိုယ့်တာဝန်သိခြင်း အဲတာတွေကို ပြောတာပါ။

ဘောလုံးကစားတာနဲ့ ဥပမာလေးပေးပြီး ပြောရအောင်။ သင်က ဘောလုံးအသင်းတစ်သင်းထဲမှာ ပါတယ်ဆိုရင် သင်သည် ဘောလုံးကန်တတ်ရုံနှင့် မရပါ။ အထက်ဖော်ပြပါ အချက်သုံးချက်ကို သိရပေမည်။

၁) သင်သည် မည်သည့်အသင်းတွင် ကစားနေသနည်း။ သင်နှင့် အတူ အပေးအယူလုပ်စကားမည့် အသင်းဝင်များကား မည်သူနည်း။ သင်သည်မည်သည့်အသင်း၏ အကျိုးအတွက် ကန်နေသနည်း။ ဤအချက်ကို ဦးစွာသိရန်လိုပါသည်။
၂) သင်သည် မည်သည့် အပိုင်းတွင် တာဝန်ယူသနည်း။ ရှေ့တန်းလား။ နောက်တန်းလား၊ အလယ်တန်းလား။ ဘယ်တောင်ပံလား။ ညာတောင်ပံလား။ ဒါတွေကို သင်မသိရင်တော့ သင်သည်အသင်းဝင်ကောင်းတစ်ယောက်မဖြစ်နိုင်သလို သင့်အသင်း အောင်မြင်မှု မရနိုင်ပေ။

၃) သင်သည် မည်သည့်တာဝန် ရှိသနည်း။ ဂိုးသွင်းဖို့လား။ ကာကွယ်ဖို့လား။ ဂိုးထဲ ဘောမဝင်အောင် လာသမျှဘောလုံးကို ဖမ်းဖို့လား။ ဒါမှမဟုတ် ဘောလုံးကို ဂိုးသွင်းမယ့်သူတွေဆီရောက်အောင် ပို့ဆောင်ပေးဖို့လား။ စသည်ဖြင့် ကိုယ့်တာဝန်ကို သိမှသာ သင်သည် အသင်းဝင်ကောင်းဖြစ်၍ သင့်အသင်းသည်လည်း အောင်မြင်မှုသို့ ချဉ်းကပ်နိုင်ပေမည်။

image

တစ်ကယ်တော့ လူတိုင်းက အသင်းအဖွဲ့နဲ့ မကင်းလွတ်နိုင်ကြပါဘူး။ မွေးလာကတည်းက မိသားစု ဆိုတဲ့ အသင်းအဖွဲ့အောက်မှာ အသင်းဝင်အသစ်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာပါပဲ။ မိသားစုဆိုတဲ့ အသင်းပြီးရင် ရွာ ဆိုဆဲ့ အသင်းအဖွဲ့နဲ့ ပါတ်သတ်နေပြန်ပါသေးတယ်။ သင်က ရွာထဲမနေလို့ ရွာအပြင်ထွက်နေတယ်ဆိုရင်တောင် သင်က မြို့တစ်မြို့ ပြည်နယ်တစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ အသင်းဝင် မြို့သား ပြည်နယ်သား နိုင်ငံသားဖြစ်နေပြန်ပါသေးတယ်။ နောက်ဆုံး သင်ဟာ လူမျိုးတစ်မျိုး ဖြစ်နေတယ့်အတွက် သင်ဟာ လူမျိုးတစ်မျိုးရဲ့ အသင်းဝင် ဆက်ဖြစ်နေပြန်ပါပြီ။ ဥပမာ ကျွန်တော်ဆိုရင် ရှမ်းလူမျိုးပေါ့။

ဒီတော့ကာ မိသားစု တစ်ခု ၊ ရွာတစ်ရွာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးတိုးတက်ဖို့ဆိုတာ အဲဒီမိသားစု ရွာ၊ နိုင်ငံ၊ လူမျိုးထဲက အသင်းဝင်ဖြစ်တဲ့ လူသားအားလုံးနဲ့ သက်ဆိုင်နေတယ်။
သင့်မိသားစု တိုးတက်ဖို့က သင်နဲ့ သက်ဆိုင်တယ် ။

သင်ကိုယ်တိုင်ကရော သင်ဟာ ဘယ်မိသားစုဝင်ပါ၊ ဘယ်နေရာ ဘယ်ရာထူး ဘယ်အဆင့်ကပါ။ ဘယ်တာဝန်ထမ်းဆောင်လို့ ဘယ်လို အခွင့်အာဏာရှိသလဲဆိုတာ စဉ်းစားမိဖူးလား။

လူငယ်တွေအားလုံး ဒီလို ကိုယ့်ဇာတိ၊ ကိုယ့်နေရာနဲ့ ကိုယ့်တာဝန်ကို သိပြီး တာဝန်ကိုယ်စီထမ်းဆောင်ကြရင် မိသားစုခြင်း အချင်းများတာ ၊ သားသမီးနဲ့ မိဘ ရန်ဖြစ်တာတွေ နည်းပါးလာမည်လို့ ယုံကြည်နေတယ်။
စာကတော့ သိပ်တိုပါတယ်။ ဒါပေမယ် တွေးတောစရာ အများကြီးပါ။
မှန်တာမမှန်တာကတော့ စာရှုပရိတ်သတ် ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်မှာပါပဲ။
ကျေးဇူးတင်ပါတယ်။

MSC 223 @aikkhorn ချဲ့ထွင်ကွန့်မြူး အတွေးထူးလေးများ

A 9
Image Credit to Google
Source 1 , 2

Sort:  

မှန်​ပါသည်​။လူတိုင်းကို​ယ့်​တာဝန်​ကို​ယ်​​ကျေပွန်​​အောင်​ကြိုးစားရပါမည်​။

ဖတ်​ရှု​ပေးသည့်​အတွက်​ ​ကျေးဇူးပါဗျာ

အတွေးကောအရေးပါကောင်းပါတယ်ဗျာ။ တင်ပြပုံလဲသွက်ပါတယ်။

ကျေးဇူးတင်​ပါတယ်​ဆရာ

team work

Yeah. It could be good for team work as well

ကောင်းတယ် ကိုစိုင်း

ကျေး​ဇူးပါbro

ကျရာနေရာကနေ အထောက်အပံ့ပြုနိုင်ဖို့က အရေးအကြီးဆုံးပါ

Good post

Good post.
@shwebote
A14

အရေးကောင်း

good post

အရမ်း​ကောင်းတဲ့ post​လေးပါ

အား​ပေး​နေပါတယ်

လူတိုင်း ကိုယ်​ကိုကိုယ်​ သိသင့်​ပါတယ်

ကောင်းပါတယ်​ဗျ

ခုချိန်ထိ ဝါးတားတားပဲအကိုစိုင်း 😁😁😁

nice post bro sai

မှန်ပါတယ်