A Bit Deeper Inside Steemit. မသိမဖြစ်​ စတီးမစ်​အ​ကြာင်းများ

in #myanmar7 years ago (edited)

image

စတီးမစ်ဆိုတာ ဘာလဲ။ ဘာလို့ ပိုက်​ဆံရတာလဲ။ ဘယ်သူကတည်ထောင်တာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်တုန်းက စတည်ထောင်တာလဲ။ ဌာနချုပ်က ဘယ်မှာလဲ။ လူဘယ်နှစ်​​ယောက်က အသုံးပြုနေကြပီလဲ။ စတီးမစ်ငွေကြေးပေါင်းက ဘယ်လောက်ထိရှိလဲ။ ???????

images.jpg

What is Steemit?. Why do you get paid? Who created this Platform? Aiming what? When was it created? Where does it based.? Where is the source of money? How many people are using it? How many Steeem currency are there in market. ?

These are the questions coming through my mind since I began to know Steemit. Whenever I introduce steemit to my friends, they always ask me the same questions. But I could never appreciate them. That is the main reason that awake my interest on Steemit. I read and watched lots of posts and youtube videos and here are something I have known. Let me share with you guys because I believe you have came across with these questions too.

စတီးမစ်မှာ ပိုစ့်တင်ရင် ငွေရပါတယ်လို့ စသိကတည်းက ကျွန့်တော့ခေါင်းထဲမှာမေးခွန်းတွေ ထပ်လာခဲ့ပါတယ်။ ယုံလည်းမယုံချင်ခဲ့ဘူး။ ခုကျတော့လည်း မယုံလို့မရတော့ပြန်ပါဘူး။ ဒါပေမယ့် ခေါင်းထဲက သိချင်နေတဲ့ မေးခွန်းတွေကိုတော့ အဖြေရှာနေဆဲပါ။ သူများတွေလဲ သိချင်နေမယ်လို့ ယုံကြည်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့မိတ်ဆွေများကို စတီးမစ်အကြောင်းပြောပြရင် ကျွန်တော့အား အထက်ပါမေးခွန်းများကို မေးမြန်းသောကြောင့်ပင်။ သို့သော် ကျွန်တော် ပြန်လည်ဖြေကြားခြင်း မပြုနိုင်ခဲ့။

မိတ်ဆွေတို့လည်း ကျွန်တော့လို ကြုံဖူးချင်ကြုံဖူးကြပါလိမ့်မယ်။ မိတ်ဆွေတို့ကိုယ်တိုင်လည်း ဖြေနိုင်ကောင်းဖြေနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ မဖြေနိုင်ခဲ့လို့ စတီးမစ်အကြောင်းကို လေ့လာရဦးမှာပဲ ဆိုပြီး ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေလေ့လာခဲ့ပါတယ်။ အခု ဒီပိုစ့်မှာ ကျွန်တော့ သိရသလောက်ကို တင်ပြချင်ပါတယ်။

စတီးမစ် ဘလော့ဂင်း ဟာ စတီမ်း ဘလော့ချိန်းပေါ်မှာ ရပ်တည်နေတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပါတယ်။ Steem Blockchain ကတော့ ပိုစ့်တင်သူ ဘုတ်ပေးသူတွေကို ပိုက်ဆံပေးတဲ့ပုံစံနဲ့ STEEM @ SBD ခေါ် အနာဂါတ်ငွေကြေး (Cryptocurrency) တစ်မျိုးကို ထုတ်လုပ်နေပါတယ်။

စတီးမစ် သည် နယူယောက်မြို့တွင် ရုံးစိုက်ထားပီး Virginia တွင် ဌာနချုပ်တည်ရှိသော ပုဂ္ဂလိကပိုင် ကုမဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူတွေကိတော့ Ned Scott နဲ့ Dan Larimer တို့ပဲဖြစ်ပါတယ်။

Steemit is a social platform runs on top of the Steem Blockchin. There are 3 currencies namely STEEM, Steem dollar and Steem Power. Steem is the main currency and can be used to buy Steem Power. Those currencies are created by steem blockchain. Ned Scott and Dan Larimer created the blog and it is based in Newyork city.

Happy_1st_Steemit_Birthday_Uwe_Lang.png

ကျွန်တော်တို့ အခု စွဲလမ်းနေကြတဲ့ စတီးမစ်ကြီးရဲ့ မွေးနေ့ကတော့ ဇူလိုင်လ ၄ ရက် ၂၀၁၆ ခုနှစ်ဖြစ်ပါတယ်။ လောလောဆယ် တာဝန်ထမ်းဆောင်နေသူတွေကြည့်မယ်ဆိုရင် အကြံပေးပုဂ္ဂိုလ်များအဖြစ် Andrew Haines နဲ့ William Mougayar တို့ဖြစ်ကြပီး မားကတ်တင်း အဖွဲ့ဝင်များကတော့ @zuvarnic နဲ့ @andrachy တို့ ဖြစ်ကြပါတယ်။

စတီးမစ်ကို ကောင်းတယ်ပြောသူရှိကြသလို မကောင်းဘူးပြောသူများလည်း ရှိကြပါတယ်။ မကြိုက်တဲ့သူတွေကတော့ စတီးမစ်ဟာ မဟိုချုပ်ကိုင်မှု တစ်အားတင်းကျပ်တယ်လို့ ပြောကြပါတယ်။ တည်ထောင်သူ၊ အလုပ်မှုဆောင်အဖွဲ့တွေနဲ့ အပေါင်းအပါတွေကသာ အကျိုးအမြတ်များစွာကို ထိမ်းချုပ်နေကြတယ်လို့ ဆိုပါတယ်။

Steemit was created on 4 th July, 2016. It has Andrew Haines and William Mougayar as advisory board and @zuvarnic and @andrachy as marketing team. But The source of the money giving on steemit is not know by me yet. Still need to find and read more. If you have some update infos, Please leave some. Thanks.

ပြီးတော့ စတီးမစ်ဟာ ပထမဆုံး ထွက်ပေါ်လာတဲ့ ပိုစ့်တင် ငွေရ ပလက်ဖောင်းမဟုတ်ပါဘူး။ သူ့အရင် ဇူး တို့ ဘက်ဘလျူး တို့ ရှိခဲ့ဖူးပါတယ်တဲ့။ ဒီစတီးမစ်ကတော့ သူတို့နောက်မှာ ထွက်လာတဲ့ ဆင်တူရိုးမှားပုံစံဆိုပါတော့။

ကျွန်တော် ဒီပိုစ့်ကို ရေးနေရင်းမှာပဲ ဖတ်မိတဲ့ အကြောင်းအရာ တစ်ခုရှိပါတယ်။ စတီးမစ် မကောင်းကြောင်းရေးထားတဲ့ စာတစ်ခုပါ။ ဝေမျှသင့် မဝေမျှသင့် စဉ်းစားပီးတဲ့နောက်တော့ မဝေမျှတာ ကောင်းပါလိမ့်မယ်လို့ပဲ တွေးခဲ့ပါတယ်။ ကျွန်တော်တို့ သိရလို့လဲ အကျိုးရှိမှာ မဟုတ်လို့ပါ။ ကျွန်တော်တို့ အားလပ်ချိန်တွေကနေ အပိုဝင်ငွေရနေနိုင်တာ ကျွန်တော်တို့အတွက် အဆင်ပြေနေပြီပဲ မဟုတ်လား။

စတီးမစ်ပေါ်ကငွေကြေး။

စတီးပေါ်က ငွေကြေးကို သုံးမျိုးတွေ့ရပါတယ်။ STEEM (စတီးမစ်ရဲ့ အဓိကငွေကြေး) STEEM POWER (အရင်းအနှီးငွေကြေး)၊ SBD အသင့်သုံး ငွေကြေးတို့ ဖြစ်ပါတယ်။ စတီးမစ်ငွေကြေးကတော့ နှစ်စဉ် ငွေဖောင်းပွမှုနှုန်းကတော့ ၉.၅ ရာခိုင်နှုန်းပါ။ စတီးမစ်ငွေကြေးပေါ်ပေါက်လာတာတော့ ရင်းနှီးမြှုပ်နံသူရှိလိုရှိလို့ပါ။ (But) ဒီစတီးမစ်ပေါ်မှာ ပေးနေတဲ့ ငွေကြေးနဲ့ ပါတ်သတ်ပြီး ကျွန်တော် လေ့လာနေတာ ကြာပါပီ။ ဒါပေမယ့် သေသေချာချာ ဂဂဏဏ နားမလည်သေးပါဘူး။

ပြီးတော့ ဒီစတီးမစ်ပေါ်မှာ ငွေကို အလကားနီးပါးရနေတယ် ( ပိုစ့်တင်ဖို့ အားစိုက်ထုတ်ရတာကလွဲလို့ပေါ့)။ ဒါပေမယ့် ဘယ်သူပေးနေလဲ ဘယ်အချိန်ထိပေးနိုင်မှာမို့လဲ။ စတီးမစ်ပေါကို နေ့တိုင်းနေ့တိုင်း လူသစ် ထောင်ဂဏန်းနဲ့ ချီပီး ဝင်ရောက်နေတာနော်။

ဒီအဖြေတွေကို သေချာမသိရင် ကိုယ်စီးတဲ့မြင်း အထီးအမ မသိသလို ဖြစ်နေမလား။

ကျွန်တော်ကတော့ ဒီလိုအတွေးတွေနဲ့ အလုပ်ရှုပ်နေပါကြောင်း လေ့လာရေးကိုသာ လက်နက်အဖြစ် အသုံးပြုနေပါကြောင်းတင်ပြရင်းနဲ့
ဒီပိုစ့်လေးဟာ စိတ်ဝင်စားစရာကောင်းရင် ကျေးဇူးပြု၍ အားထုတ်လေ့လာသောအချိန်ကို ငဲ့ကာ ဦးနှောက်အလကားဖောက်မစားပဲ Vote များ ပေးခဲ့ကြပါရန် တောင်းဆိုရင်း ဒီစာကို ဒီမျှ ရပ်နားခွင့်ပြုပါ။

စတီးမစ် ပလက်ဖောင်းဟာ တစ်ကယ်တော့ သိပ်ကို ရှုပ်ထွေးလွန်းပါတယ်။ နားလည်သယောင်ရှိသော်လည်း စာဖတ်ရင်း ပိုစ့်ရေးရင်းနှင့် ပြန်လည်မပြောပြတတ်တော့ပါသဖြင့် ကျွန်တော်ဖတ်ရသော ပိုစ့်များကို လင့်များချပေးခြင်းဖြင့် ညွှန်ခဲ့ပါတယ်။

https://medium.com/chain-cloud-company-blog/platforms-pt-2-there-is-no-free-money-on-steemit-and-golos-40152d418723

https://en.m.wikipedia.org/wiki/Steemit

အကယ်၍ ကိုယ်တိုင်ဖတ်လို့ နားမလည်ဘူးဆိုရင် နောက်ပိုစ့်များမှာ အကောင်းဆုံး ရှင်းပြနိုင်အောင် ကြိုးစားလေ့လာထားပါ့မယ်။ မိတ်​​ဆွေ စိတ်ဝင်စားလျင် သိလိုလျင် စာတိုများ ချန်ခဲ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်​ပါတယ်​။

စာရေးသူ @aikkhorn
MSC-223

credit to google Image (source) 1 , 2 , 3

Sort:  

Thank for knowledge!

welcome kha.

စာတိုများလည်း ချန်ခဲ့ပြီ
စာရှည်များကိုလည်း ဖတ်သွားတယ် ညီရေ

ဟုတ်​ကဲ့ပါ
ကျေးဇူးပါ အစ်​ကို​ရေ့

ထက်လေ့လာပြီး မျှဝေပေးပါ စိတ်ဝင်စားမိတယ်

ဟုတ်​ကြိုးစားပါ့မယ်

ခုလိုရေးပေးတာကောင်းပါတယ်

ဟုတ်​ ကြိုးစားပါ့မယ်​ဗျာ

ကျေးဇူး အမျာကြီးတင်ပါတယ် ခင်ဗျ

ဟုတ်

သိထားသင့်တဲ့ အကြောင်းအရာပါ ဒီထက် ကျယ်ကျယ်ပြန့် ပြန့် လေး ဝေမျှပေးပါဦး

ဟုတ်​ကဲ့ပါ

မျှ​ဝေ​ပေးတ​ကျေးဇူးတင်​ပါတယ်​ bro :-)

ဟုတ်

ဒိထက်ပို ဖတ်ခြင်ပါသေးတယ်ညီ

ဟုတ်​ အဲ့တာဆိုရင်​ အားရှိတာ​ပေါဗျာ

ပိုသိ​ချင်​ပါ​သေးသည်​။

ဟု အားရှိပါ၏

တကယ်ကို လူတိုင်းလိုလိုသိချင်ကြတဲ့မေးခွန်းတွေပဲဗျာ

ဟုတ်​ ​ကျေးဇူးပါ

Review ထည့်ရေးရင်လည်းကောင်းတာပဲ ၊မသိသင့်တာတော့ရှိမယ်မထင်ပါဘူး

ဟုတ်

ထပ်ပြီးမျှဝေပေးပါအူး

ဟုတ်

ကျေးဇူးတင်ပါတယ်ဗျာ

Welcome ပါ

ဗဟုသုတ ရတဲ.အတွက် ကျေးဇူးပါ။

လာ​ရောက်​အား​ပေးတဲ့ အတွက်​ ​ကျေးဇူးပါ

ကျွမ်းတယ်ကွာ

ကျွမ်းပါပုကွာ

အရမ်းကောင်းတယ် ဆက်ရေးပေးပါအုး

ဟုတ်

good post ပါအကိုစိုင်း အားပေးလျှက်ပါနော်

ကျေးဇူးပါခင်​ဗျ

ဟော်တော်အေ good ပါတယ်

ဘယ်လိုကြီးပါလိမ့်

Thanks for sharing your knowledge

You are welcome

ဆက်ရေးအကိုရေ အားပေးနေမယ်

ကျေးဇူးပါ ခင်ဗျ
Follow လုပ်ထားပါတယ်။

Thanks for sharing

Thanks for sharing

Thanks for sharing.

လူတိုင်းသိသင့်တဲ့ ဗဟုသုတတွေပါ