မျှော်လင့်ထားတဲ့ အချိန်လေး ရောက်လာပါပီ ... သို့သော် ထင်သလို အဆင့်သင့်မဖြစ်နိုင်ခဲ့ဘူး ...
လမ်းသွယ်လေးတစ်ခုမှာ လူနှစ်ယောက် အတူလျောက်ဖို့ သိပ်လွယ်ပါတယ် ။ လက်ချင်းယှက်ပီးသွားရင် ကြည်နူးစရာပေါ့ ။ ဒါမှ မဟုတ် ရှေ့က လမ်းကြောင်းရှာ နောက်က အကာအကွယ်ပေး ဒိလိုလဲ ဖြစ်တာပဲ။ အခက်အခဲဆိုတာ မပြောပလောက်ပါဘူး။
သို့သော် ...
လူတစ်ယောက်တည်း လမ်းနှစ်သွယ်ကို လျောက်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ ... ကိုယ်ခွဲလို့ရရင်တော့ ကောင်းတာပေါ့ သို့ပေမယ့် ဒါဟာ ရုတ္တိမရှိတဲ့ အတွေးပဲ ... လူတစ်ယောက်ဟာ လမ်းတစ်လမ်းတစ်သွယ်ပဲ လျောက်နိုင်လိမ့်မယ် ...
ကျွန်နော်ကရော ... လူထဲက လူပါပဲ .. ဘယ်လိုမှ ကိုယ်ခွဲပြီး လမ်းနှစ်သွယ်လျောက်ဖို့ မဖြစ်နိုင်ပြီ ...
တစ်လမ်းက MSC တစ်လမ်းက HFS လမ်းခွဲမှာ ရင်ပူရပြီပေါ့ .....
အစက ထင်ခဲ့မိတယ် ဒီနေရာလေးဟာ လမ်းဆုံပေါ့ ( တစ်ဖက်တစ်ချက်စီကနေကြည့်ရင်)
ဒါပေမယ့် လောကကြီးက ကိုနဲ့ ဆန့်ကျင်ဘက်နေရာက ကြည့်နေတာ့ ဒီနေရာလေးဟာ လမ်းခွဲဖြစ်သွားပြီ။
လမ်းခွဲကို လမ်းဆုံအဖြစ်မြင်ဖို့ ကိုယ့်မှာ ဘာစွမ်းသေးလို့လဲ ... ကိုယ်လဲ လမ်းခွဲလိုက်မြင်ရုံပဲ ရှိတော့တယ် ...
ကျွန်တော် လမ်းခွဲကို ရောက်ပါပြီ ... ကျွန်တော်ရွေးရတော့မယ် ။
မရွေးခင် ကိုယ့်ကိုယ်ကို ပြန်ပြီး ဘာလို့ ဒီလမ်းလျောက်လဲ ဆိုတာ ပြန်မေးမိတယ် ..
Ugly Truth (အကြည်းတန် အမှန်တရား) ဆိုပါတော့
ကျွန်တော်ဒီလမ်းလျောက်လာမိတာ Better life လို့ဆိုတဲ့ ပိုသက်သာတဲ့ ဘဝ အပိုဝင်ငွေရဖို့အတွက်ပဲ ...
ဒါက တစ်ကယ်ကို အကြည်းတန်တဲ့ အမှန်တရားပါပဲ ... Steemit ပေါ်က မိတ်ဆွေတို့ကရော အချိန်တွေ ပိုနေလို့ အချိန်အလား လာဖြုန်နေတာ ဟုတ်မလား ? ဒါလည်း ကျွန်တော်နဲ့ မဆိုင်ပါဘူးလေ ... ကျွန်တော်နဲ့ ဆိုင်တာပဲ ဆက်ပြောရအောင် ...
စတီးမစ်ပေါ်ရောက်ပီးချိန်မှာတော့ ကျွန်တော့ ပထမ ရည်ရွယ်ချက်မှာ အတက်လေး တစ်ခုထွက်ခဲ့တယ် ... ဘာအတက်လေးလဲဆိုတော့ အကိုင်းတွေ ဖြစ် အသီးတွေသီးပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကို အကျိုးပြုဖို့တဲ့လေ ...
အခု အဲဒီ အတက်လေးက အကိုင်းမဖြစ်သေး အရွက်မဝေသေးဘူး အပွင့်အသီး ဘယ်ဆီနေမှန်း မသိသေးပါဘူး။။ အခုမှ အဖုထကာစလေးပဲ ရှိသေးတယ် .. တစ်ဆစ်ချိုး အပြောင်းအလဲ တွေ့ပါပြီ ...
ခေါင်နှိမ်ပြီး အသီးအရွက် အကိုင်းအခက် များအောင်လုပ်မလား .....
ရှိမြဲတိုင်းထားပြီး တစ်ရွေ့ချင်းရွေ့မလား ......
ကျွန်တော် ပြတ်သားရတော့မယ် ... ... ... ဒါကတော့ လာရင်းအကြောင်း ပြန်တွေးတာပါ ..
ကျွန်တော် လက်ရှိအခြေအနေလေး ပြန်သုံးသပ်တယ် ....
ကျွန်တော်က အင်္ဂါမစုံသေးတဲ့ ကလေးပဲ .... ဘယ်ဆိုနေနေ ကိုယ်က မှီခို ...
ကျွန်တော့ရဲ့ မှီခိုက သူများကို အလေးအပင် မဖြစ်စေဖို့တော့ လိုပြီလေ
သူများကို ထူဖို့ ကိုယ်က အရင် မက်တပ်ရပ်နိုင်ရမယ် ...
သူများကို အလင်းပို့ဖို့ ကိုယ်တိုင် အလင်းကို ထိတွေ့ဖူးသင့်တယ် .....
ဒါကြောင့် ကျွန်တော် ဒီနေရာကနေ ကြေငြာပါရစေ
ကျွန်တော်သည် ကျွန်တော်၏ ပထမ မိသားစုဖြစ်သော HFS မိသားစုမှ နှုတ်ထွက်ပါသည်။
ညီအစ်ကို မောင်နှမများအား နားလည်ပေးရန် မတောင်းဆိုဝံ့တော့ပါ ...
တစ်ချိန်ကကျေးဇူး အရိုးမြေကျသည်ထိ မမေ့ပါဘူး လို့ ပြောရင် နိဂုံးချုပ်ပါရစေ ...
ကျွန်တော်၏ အကြည်းတန်သော အမှန်တရားများ
ရေးသားသူ @aikkhorn
အကိုစိုင်းညီတို့ကိုမမေ့ရဘူးနော်
never forget me
ကျွန်တော် လမ်းခွဲခဲ့ပေမယ့် အတိတ်မေ့တဲ့ ကျေးဇူးကန်း မဟုတ်ဘူးဆိုတာ အချိန်က သက်သေပြသွားမှာပါ ခုဒီလိုပဲ ပြောပါရစေ
တစ်ရက်ကျရင်တော့နားလည်မှာပါဘဒို