မျက်စိအတွက် လေ့ကျင့်ခန်း

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png

ယခုတစ်လော ကျွန်တော်တို့ MSC အဖွဲ့သားအတော်များများ မျက်စိနှင့်ပတ်သက်ပြီး ရောဂါ ခံစားနေကြရကြောင်း မကြာခဏကြားလာရပါတယ်… စာဖတ်တိုင်း စာရေးတိုင်း မျက်ရည်ကျ နေကြရသူများအတွက် စာအုပ်စာတမ်းများပြန်လည်ရှာဖွေကာ ရေးသားပေးလိုက်ပါတယ်… ကျွန်တော်ကိုယ်တိုင်သည်လည်း ဆိုင်ကယ်စောစာစီးတိုင်း မျက်ရည်ကျရပါတယ်… အခုတစ်လောမှာ မျက်စိပိုထိခိုက်လာတယ်လို့ဆိုနိုင်ပါတယ်… မျက်မှန်တပ်ရတော့မလား ထင်မိပါတယ်… Leader ကိုယ်တိုင်လည်း မျက်မှန်မတပ်လိုသောကြောင့် ငြီးငြူနေသံလည်း ကြားရပါတယ်… ယခုနည်းစနစ်လေးတွေကို စမ်းသပ်ကြည့်လျှင် အဆင်ပြေနိုင်မလားဆိုသော အားကိုးစရာတစ်ခု အဖြစ် ရရှိစေမလားဆိုသော စိတ်ကူးဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်… မစမ်းသပ်ရသေးသော်လည်း တချို့သော နည်းလမ်းများက အမှန်တကယ်အဆင်ပြေနိုင်မည် ဟုလည်း ထင်မိပါတယ်… လက်တွေ့ပျောက်ကင်းသလား မပျောက်ကင်းသလားတော့ ကျွန်တော်ကိုယ်တိုင်လည်း မစမ်းရသေးတဲ့အတွက် သေချာအာမဘန္တေမခံရဲပါဘူး… အဆင်ပြေကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်… မိမိတို့မျက်စိကို မိမိတို့ကိုယ်တိုင်ကုသ ကြရမှာဖြစ်ပါတယ်… မျက်စိနှင့်ပတ်သောပြီး ယခင်ကလည်း ကျွန်တော်ရေးသားခဲ့ဘူးပါ တယ်...


healthy eyes2.gif

Image from google


ကုတ်(ဂုတ်)ကြွက်သားများကို အကြောလျော့ပေးရပါမယ်… မျက်စိ နှင့် မျက်စိကြွက်သားများ လေ့ကျင့်ခန်းလေးတွေမှန်မှန် ပြုလုပ်ပေးကြရမှာဖြစ်ပါတယ်… မိမိတို့အဆင်ပြေတဲ့အချိန် မိမိတို့အိမ်မှာ ရုံးမှာ အလုပ်ခွင်မှာ လုပ်ကြရမှာဖြစ်တဲ့အတွက် အချိန်အနည်းငယ်တော့ ပေးကြရမှာဖြစ်ပါတယ်… ဆေးခန်းသွားပြကြမယ်ဆိုရင်လည်း အချိန် ပေးကြရမှာဖြစ်ပါတယ်… ဆေးခန်းသွားရင်တော့ သေချာပေါက် ငွေကုန်မှာဖြစ်ပေမယ့် အခု ဖော်ပြပေးတဲ့နည်းလေးတွေကတော့ ပိုက်ဆံမကုန်ပါဘူး… ဒီတော့ စမ်းကြည့်ရင် အကျိုးမယုတ်နိုင်ပါဘူး… မိမိတို့ကိုယ်တိုင်က မျက်စိအတွက်လိုအပ်သော လေ့ကျင့်ခန်းများ အပြင် အစားအသောက်ကိုလည်း ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်… မျက်စိအမြင်ကောင်းစေရန် အတွက် မျက်စိအား အမြဲလှုပ်ရှားပေးရန် လိုအပ်ပါတယ်… အရာဝတ္တုတစ်ခုကို အချိန်ကြာမြင့်စွာ အကြာကြီး အသေကြည့်နေခြင်းသည် မျက်စိမှုန်ရခြင်း၏ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်…


03.png

Image from google


ပထမအနေဖြင့် မျက်စိကြွက်သား လျော့ကျစေရန်အတွက် မျက်စိကို လက်ဝါးနဲ့ဖုံးအုပ်တဲ့လေ့ကျင့်ခန်းကို စလုပ်ကြရမှာဖြစ်ပါ တယ်… ပြုလုပ်ရမည့်နည်းလမ်းကတော့ ထိုင်ခုံ၊ ကုလားထိုင်၊ နောက်အမှီပါသော ထိုင်ခုံ၊ အိပ်ရာပေါ်တွင် သက်တောင့်သက်သာ အရှိဆုံးဖြစ်စေသောအနေအထားဖြင့်နေပါ… ကိုယ်ရောစိတ်ပါ အတတ်နိုင်ဆုံးလျော့ထားပါ… သို့မှသာ သက်တောင့်သက်သာဖြစ်စေနိုင် ပါတယ်… မျက်စိကိုမှိတ်ထားပြီး လက်ဖ၀ါးများဖြင့် ဖုံးအုပ်ထားပါ… လက်ဖ၀ါးများအား ခုံးထား ရန်လိုပါတယ်… ဒူးနှစ်ဖက်အား စေ့ထားပြီး တံတောင်ဆစ်များကို ဒူးပေါ်တွင်တင်ထားပါ… ထိုနည်းသည် မျက်စိကို အနားပေး အကြောလျော့ခြင်းပင်ဖြစ်ပါတယ်… မဲမှောင်နေလေ မျက်စိအကြောများ လျော့ရလေဖြစ်ပါတယ်… စိတ်အားလျော့ချထားရန်လည်းအလွန် အရေးကြီးလှပါတယ်… ထိုနည်းအား တစ်ကြိမ်လျှင် မိနစ် (၂၀) မှ မိနစ် (၃၀) ထိ ပြုလုပ်ပေးရ ပါမယ်… တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ် ပြုလုပ်ပေးရပါမယ်… နေ့စဉ် ပြုလုပ်ပေးရန် လိုအပ်လှ ပါတယ်… ထိုကဲ့သို့ နေ့စဉ်ပြုလုပ်ပေးပါက မကြာမီအချိန်ပင် မျက်စိအမြင်အား ကောင်းလာ မည်ဖြစ်သည်ကို အံ့သြဖွယ်ရာတွေ့မြင်ကြရပါမယ်… မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာကို မျက်နှာလွှဲပြီး ခုပဲစလုပ်ကြည့်လိုက်ပါ...


04.png

Image from google


နောက်ထပ်နည်းတစ်ခုသည်ကား ခန္ဓာကိုယ်အကြော့လျော့သည် လေ့ကျင့်ခန်းနှင့်တူသည်ပင် ဖြစ်ပါတယ်… ခန္ဓာကိုယ်အား မတ်မတ်ရပ် ခြေထောက်များအား အနည်းငယ်ခွဲရပ်ပါ… လက်နှစ်ဖက်အား ဘေးတွင် ပေါ့ပေါ့ပါးပါးချထားပါ… ခန္ဓာကိုယ်အား ဘယ်ဖက်သို့ယိမ်းလျှင် ညာဖက်ခြေဖ၀ါးကြွပေးပါ… ခန္ဓာကိုယ် ညာဖက်သို့ယိမ်းလျှင် ဘယ်ဖက်ခြေဖ၀ါးကြွပေးပါ… လေ့ကျင့်ခန်းတစ်ကြိမ်လျှင် (၁၀)မိနစ်ကြာသည်အထိလုပ်ပါ… တစ်နေ့လျှင် (၂)ကြိမ် (၃)ကြိမ် ပြုလုပ်ပေးရန်လိုပါတယ်…. (၂)မိနစ် မျက်စိဖွင့်ပြီးယိမ်းပါ… ထို့နောက် (၂)မိနစ် မျက်စိမှိတ် ထားပြီး ဆက်လက်ယိမ်းပေးပါ… ထိုသို့ တစ်လှည့်စီ မျက်စိဖွင့် မျက်စိမှိတ်ခြင်းဖြင့် ယိမ်းပါ… မျက်မှန်တပ်နေကြရသူများလည်း လေ့ကျင့်နိုင်ပါတယ်… ကိုယ်ကို ဘယ် ညာ ယိမ်းနေစဉ် မျက်မှန်ချွတ်ထားရန်လိုပါတယ်…


05.png

Image from google


နောက်လေ့ကျင့်ပေးရမည့်လေ့ကျင့်ခန်းတစ်ခုမှာ မျက်တောင်ခတ်ခြင်းပင်ဖြစ်ပါတယ်… မျက်တောင်က အမြဲတမ်းခတ်နေတာပဲဟု ပြောစရာရှိပါတယ်… ဒါပေမယ့် မတူညီပါ… သေချာလေ့ကျင့်ခန်းလုပ်ခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်းတို့သည် မတူညီသည်ကို သိနိုင်ပါ တယ်… ဒါကြောင့် မျက်စိအမြင်ပြန်လည်ကြည်လင်လာကြစေရန်အတွက် မကြာခဏ မျက်တောင်ခတ်ခြင်းလေ့ကျင့်ခန်းကို လေ့ကျင့်ရန်လိုအပ်ပါတယ်… ဘယ်လိုအကြောင်းကိစ္စ ဆောင်ရွက်နေတာပဲဖြစ်ပါစေ… နှစ်စက္ကန့်အတွင်းတွင် မျက်တောင် (၃)ခါ ခတ်ကြရမှာဖြစ်ပါ တယ်… စာဖတ်နေလျင်လည်း မျက်တောင်ခတ်ရန်လိုအပ်ပါတယ်… ဒါကတော့ မျက်စိကို ကြာရှည်ကြည့်နိုင်ရန်အတွက် ပြုလုပ်ပေးရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်…


Untitled-1.png

Image from google


နောက်တစ်နည်းကတော့ ရေချိုးတိုင်း မျက်နှာသစ်တိုင်း နေ့စဉ် ပြုလုပ်သင့်တဲ့နည်းလေးတစ်ခုပဲဖြစ်ပါတယ်... လူသိများတဲ့နည်းလေးလည်းဖြစ်ပါတယ်... လုပ်ရမှာကတော့ ချေိုးတိုင်း မျက်နှာသစ်တိုင်း ရေအေးထည့်ထားသောခွက်ပေါ်သို့ ခေါင်းငုံ့ပြီး မျက်စိကို ရေအေးဖြင့်ပက်ပေးခြင်းပင် ဖြစ်ပါတယ်… ရေအေးဖြင့်ပက်ရာတွင် ကြမ်းကြမ်း တမ်းတမ်းမပက်ရပါ… ညင်ညင်သာသာ ပက်ရန်လိုအပ်ပါတယ်… အကြိမ်(၂၀) ရေအေးဖြင့် ပက်ပြီးပါက မျက်စိမှိတ်ပြီး မျက်နှာသုတ်ပုဝါဖြင့် (၂)မိနစ်ခန့်ကြာအောင် မျက်စိများအား ညင်သာစွာပွတ်ပေးရန်လိုပါတယ်… ကြမ်းတမ်းစွာမပွတ်သင့်ပါဘူး… ထိုလေ့ကျင့်ခန်းအား ပြုလုပ်ပေးခြင်းဖြင့် မျက်စိအား ကြည်လင်တောက်ပလာစေတဲ့အပြင် မျက်စိအကြောများလည်း သန်စွမ်းစေနိုင်ပါတယ်…


06.png

Image from google


အခြားသောနည်းစနစ်များ ရှိနိုင်ပါသေးတယ်… ဆက်လက်ဖော်ပြပေးသွားပါဦးမယ်... ကျွန်တော်မှတ်သားထားမိသမျှထဲမှ အလွယ်ကူဆုံးဟု သတ်မှတ်နိုင်သလို အကောင်းဆုံးလို့လည်း ပြောနိုင်သော လေ့ကျင့်ခန်းများ ကိုသာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်… အားလုံးသော ချစ်မိတ်ဆွေများ မျက်မှန်တပ်ရခြင်း ဘေးမှ ကင်းလွတ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်းဖြင့် ရပ်နားခွင့်ပြုပါခင်ဗျာ….


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

**6-Mar-2018 အင်္ဂါနေ့(Tuesday)

Sort:  

တနေကုန် computer ထေို့င် အလပ်ြလုပ်နေရသူတွေအတွက် သိသင်တာလေး တင်ပေ့း ကျေးဇူးပါ

လာဖတ်ပေးတာလည်းကျေးဇူးပါ

လေ့ကျင့်ခန်းလေးတွေကို မျက်စိအတွက်လိုက်လုပ်သင့်ပါတယ်
ကျေးဇူးပါအကို

သိသမျှလေးတွေမျှဝေပါမယ် ကျေးဇူးပါ

You got a 1.44% upvote from @buildawhale courtesy of @ansoe!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

You got a 3.10% upvote from @allaz courtesy of @ansoe!

You got a 9.26% upvote from @upmyvote courtesy of @ansoe!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.