ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
တန်ဖိုးကြီးသောအရာ၊ ရနိုင်ခဲသောအရာ၊ ဖြစ်နိုင်ခဲသောအရာတို့အား လူတို့သည် အလွန်လိုချင်ကြပါသည်။ တန်ဖိုးကြီးမားလှသောအရာ၊ လူအများစု ရရှိနိုင်ရန်ခက်ခဲ့သည့်အရာတို့အား အသင်သည်လိုချင်ငြားအံ့။ ထိုတန်ဖိုးနှင့်ထိုက်တန်လုံလောက်သော အချိန်၊ ငွေ၊ အင်အား တို့စိုက်ထုတ်ပြီး ရယူကြရမည်ဖြစ်ပါသည်။ သို့သော် အများစုသောလူတို့သည် တန်ဖိုးကြီးသောအရာတို့အား လိုချင်စိတ်ရှိကြသော်လည်း ထိုက်တန်သော အားထုတ်မှု၊ ကြိုးစားလိုမှု မရှိကြသည်က များပါသည်။ လူအများစုတို့ လုပ်နည်းကိုင်နည်းများကနေ သွေဖယ်ကာ အောင်မြင်နေသောလူများ၏ လုပ်ကိုင်နည်းများကို အသေအချာလေ့လာနည်းနာယူကြရပါသည်။ ဥပမာအာားဖြင့်ဆိုရသော် ပတ္တမြားဆိုသော အရာသည် တန်ဖိုးကြီးလှသည်ဖြစ်ရာ ထို ပတ္တမြားအား လိုချင်ပါက ပတ္တမြားနှင့်ထိုက်တန်သော အင်အားစိုက်ထုတ်မှုသော်လည်းကောင်း၊ ငွေကြေးစိုက်ထုတ်မှုသော်လည်းကောင်း တစ်ခုခုတော့ ထိုက်တန်သောအချိန်ပေးကာ ရယူကြရမည်ဖြစ်ပါသည်။ အင်အားစိုက်ထုတ်လိုခြင်းလည်းမရှိ၊ ငွေကြေးစိုက်ထုတ်လိုမှုလည်းမရှိပဲနှင့် အချောင်ရလိုစိတ်ဖြင့်တော့ အဖိုးတန်သော ပတ္တမြားကို ရရှိနိုင်ရန်မလွယ်ကူပါ။ ထို့အတူတူ လူအများကြားတွင် အောင်မြင်ကျော်ကြားသော အနုပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရန်အတွက်လည်း ထိုက်တန်သော ကြိုးစားအားထုတ်မှု ရှိရမည်သာ ဖြစ်ပါသည်။ ကြိုးစားအားထုတ်မှုမရှိသော အောင်မြင်မှုသည်လည်း ကြိုးစားအားထုတ်မှု မပါသောကြောင့် ရေရှည်တည်တံ့နိုင်ရန် မလွယ်ကူပါ။ ရေရှည်ထိန်းသိမ်းထားရန် မလွယ်ကူနိုင်ပါ။ ထိုက်တန်သောကြိုးစားအားထုတ်မှုသည် ကလေးဘ၀မှပင် သေဆုံးသည့်အချိန်ထိတိုင် လိုအပ်နေမည်သာ ဖြစ်ပါသည်။ မိခင်ရင်ခွင်မှကလေးသည် ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိဘဲနှင့် ၀မ်းလျားမှောက်ရန်၊ လေးဘက်တွားသွားရန်၊ မတ်တပ်ရပ်နိုင်ရန် စသည်ဖြင့် ကိုယ်တိုင်အဆင့်ဆင့်ကြိုးစားအားထုတ်ခဲ့ကြရပါသည်။ ဘေးမှ မိဘဆွေမျိုးတို့သည် အန္တရာယ်မဖြစ်စေရန် ၀န်းရံသောအလုပ်ကိုသာ လုပ်ပေးနိုင်မည်ဖြစ်ပါသည်။
မိမိတို့လိုချင်သောအရာသည် တန်ဖိုးကြီးမားလေလေ အားထုတ်ကြိုးစားရမှု ပိုမိုခက်ခဲလေလေဖြစ်ပါသည်။ အလွယ်တကူရနိုင်သော တန်ဖိုးကြီးအရာများလည်း ရှိနေနိုင်ပါသည်။ ထိုသို့အလွယ်တကူရခြင်းသည်လည်း အကြောင်းမဲ့သက်သက် ရရှိခြင်းမဟုတ်နိုင်ပါ။ မိဘ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းကောင်းတို့၏ ၀န်းရံကူညီမှုကြောင့်သာ ဖြစ်နိုင်ပါသည်။ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတောင့်တင်းခြင်းကြောင့် အဆင့်များ ကျော်ကာ အပေါ်သို့တက်ရောက်သွားခြင်းမျိုးရှိနိုင်ပါသည်။ ရှိလည်းရှိနေကြပါသည်။ အဆင့်ဆင့်သင်ယူ ကျော်လွှားကြရမည့် ကိစ္စရပ်တို့အား တစ်ခါတည်းခုန်ကျော်သွားသည်ဖြစ်ရာ လစ်ဟာမှုများစွာ ဖြစ်ပေါ် လာမည်မှာလည်း မလွဲဧကန်ပင်ဖြစ်ပါသည်။ လှေကားထစ်ဆိုသည်မှာ တစ်ထစ်ချင်း တက်ရခြင်းဖြစ်ပါသည်။ လှေကားထစ်များအား တစ်ထစ်ချင်းမတက်ပဲ ခုန်ကျော်သွားနိုင်သော်လည်း အန္တရာယ်များကာ လိပ့်ကျခဲ့သော် အောက်ဆုံးသို့ ပြန်လည်ရောက်ရှိသွားနိုင်သည့်အပြင် ဒဏ်ရာအနာတရဖြစ်နိုင်ပါသေးသည်။ အောက်ခြေတွင် လုပ်ကိုင်နေသော အလုပ်သေးသေးကလေးအား မလုပ်ကိုင်လိုလျှင် အလုပ်ကြီးကြီးများကိုလည်း လုပ်ကိုင် အောင်မြင်ရန်မလွယ်ကူပါ။ မည်သည့်လုပ်ငန်းတွင်မဆို သူ့ကဏ္ဍနှင့်သူ၊ သူ့နေရာနှင့်သူ အရေးပါသည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိရောက်ရှိနေသောနေရာတွင် မိမိတာဝန်ကို ကျေပွန်စွာပြုလုပ်ရန်သည် ပိုမိုအရေးကြီး ပါသည်။ လူအောက်ကြို့လို့ လူပိပြီးမသေနိုင်ပါဘူး ဆိုသည့်စကားကို ရှေးယခင်က အလွန်အသုံးများ ခဲ့ဘူးပါသည်။ လူအချင်းချင်းအောက်ကြို့ဆက်ဆံခြင်းသည် လူပိပြီးမသေနိုင်ဟုဆိုလိုရင်းဖြစ်ပါသည်။ အလွန်လေးလံသော အရာဝတ္ထုတို့အား မယူလိုလျှင် အရင်ဆုံးမိမိ၏ ကိုယ်ခန္ဓာအား အောက်သို့နှိမ့်ချပြီး မယူကြရမည်ဖြစ်ပါသည်။
သဘာဝအားဖြင့် စာမေးပွဲအောင်မြင်လိုသော ကျောင်းသားသည် သင်ကြားထားသော ကျောင်းသင်ခန်းစာများ အား ကောင်းမွန်ကြေညက်စွာ လေ့လာကျက်မှတ်ထားရမည်ဖြစ်ပါသည်။ ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲအောင်မြင်ရန် ထိုက်တန်သော ကြိုးစားအားထုတ်ခြင်းသည် သင်အံကျက်မှတ် အထပ်ထပ် လေ့ကျင့်ခြင်းသာ ဖြစ်ပါသည်။ စာမကျက်ပဲ စာခိုးချပြီး စာမေးပွဲအောင်မြင်သော ကျောင်းသားများသည် ဘ၀စာမေးပွဲတွင်မူ ကျရှုံးမည်သာဖြစ်ပါသည်။ မျှော်လင့်ချက်၊ မျှော်မှန်းချက်တို့သည် လူတိုင်းတွင်ရှိကြောင်း၊ မျှော်လင့်ချက်၊ မျှော်မှန်းချက်များပျောက်ကွယ်နေသူသည် လူသေနှင့်မခြားကြောင်း မကြာမီက ရေးသားခဲ့ပါ သည်။ ငွေကြေးဆင်းရဲသူတို့ မျှော်လင့်ချက်သည် အနည်းဆုံးတော့ ငွေကြေးအခက်အခဲများ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြေလည်ကာ ချမ်းချမ်းသာသာ နေနိုင်ရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြပါ သည်။ သို့သော် ထိုမျှော်လင့်ချက်အား အကောင်အထည်ဖော်ရန်အတွက်မူ မှန်ကန်သောအသိပညာတို့ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ဆင်းဆင်းရဲရဲဖြင့်ပင် သေဆုံးသွားရသည်သာ များပြားလှပါသည်။ သူတို့၏မျိုးဆက်များသည်လည်း ထို့အတူ ထို့အတူဖြင့် မျိုးဆက်များသည် တိုးတက်မလာခဲ့ပါ။ ဗုဒ္ဓမြတ်စွာသည် လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်၊ အားထုတ်ကျင့်ကြံ ဒုက္ခခံပြီးမှသာ အလွန်ထူးမြတ်သော ဗုဒ္ဓ ဟူသော ဘွဲ့တော်ကိုရရှိခြင်းဖြစ်ပါသည်။ ဥုံဖွ ဖြစ်စေဆိုခြင်းဖြင့် ရရှိလာခြင်းမဟုတ်ပါ။ အားထုတ်မှုမပါပဲနှင့် ရရှိသော အရာဟူသမျှသည်လည်း အဖိုးထိုက်တန်သော အရာမဟုတ်နိုင်ပါ။ အမှန်တကယ်တွင်မူ တစ်ခုသောအရာကို ရရှိလိုသောသူတို့သည် မည်သည့်အရာမှ အားထုတ်မှုတစ်စုံတစ်ရာမပါပဲ အလကားရနေခြင်းမရှိကြောင်းကို သတိမပြုမိကြခြင်းပင်ဖြစ်ပါမည်။ အလကားရ သည်ထင်ရသော လေသည်ပင် မိမိအားထုတ်မှုမပါပဲနှင့် ခန္ဓာကိုယ်အတွင်းသို့ မ၀င်ရောက်နိုင်ပါချေ။ အားထုတ်ရှုပြီး အားထုတ် ရှိုက်ပြီး အားထုတ်ခြင်းဖြင့် မလိုအပ်သည်တို့ကို ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်ကြရပါ သည်။ ထိုလုပ်ငန်းစဉ်ရပ်သွားခဲ့လျှင် သို့မဟုတ် ရပ်ထားခဲ့လျှင် လူသည် လူသေကောင်ဖြစ်သွားပါလိမ့်မည်။
Steemit Platform တွင် စာများရေးသားကြရသောအခါတွင် အခက်အခဲအမျိုးမျိုးနှင့်ကြုံကြရပါသည်။ ထိုအခက်အခဲတို့ကြောင့်ပင်လျှင် အတွေ့အကြုံများ ရင့်ကျက်လာခဲ့ကြရပါသည်။ အခက်အခဲတစ်ခုကြုံရတိုင်း အတွေ့အကြုံအသစ် အသစ်တို့ တိုးကာ ကျွမ်းကျင်မှုတို့သည်လည်း ထပ်မံတိုးလာကြရမြဲသာဖြစ်ပါသည်။ အတွေ့အကြုံရင့်ကျက်လာသည်နှင့်အမျှ တည်ငြိမ်မှုလည်း ရရှိလာကြရပါသည်။ ဈေးနှုန်းတက်ခြင်း၊ ကျခြင်း၊ Post များတွင် Vote, Comment နည်းခြင်း၊ များခြင်းတို့သည် အခက်အခဲတစ်ခုအဖြစ် မမှတ်ယူကြတော့ပါ။ ကျွန်တော်တို့ Steemit တွင် စာများရေးသားနေခြင်းသည် ငွေကြေးရင်းနှီးမြှုပ်နှံမှုမပါသော အချိန်ရင်းနှီးမြှုပ်နှံမှု ပင်ဖြစ်ပါသည်။ ကြိုးစားအားထုတ်ခြင်း၊ အချိန်ပေးလုပ်ကိုင်နေခြင်းဖြင့် ထိုက်သင့်သော ခံစားမှုများအားလည်း ခံစားနေကြရသည်သာဖြစ်ပါသည်။ ခံစားနေရမှုအားလုံးကို ဖြုန်းတီးမပစ်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ရင့်မှည့်သောအချိန်အား အချိန်ပေးစောင့်ဆိုင်းလိုက်ခြင်းအားဖြင့် ချိုမြိန်သော ရလာဒ်များကို စားသုံးနိုင်ကြမှာ ပါ။ ချိုမြိန်သောအရာတို့အား စားသုံးနိုင်ရန်အတွက် အချိန်လည်း သိပ်မလိုတော့ဟုလည်း ထင်ပါသည်။ တန်ဖိုးကြီးသောအရာတစ်ခုအား ရရှိစေရန်အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းနေရခြင်းသည် အလဟဿအချိန်ဖြုန်းခြင်းမဟုတ်ပါ။ လှေကားထစ်များအား တစ်ထစ်ချင်း တစ်ထစ်ချင်း တက်ရောက်ကြပြီး ခုန်ကျော် တက်ရောက်ခြင်းမျိုး ပြုလုပ်ပါက ခြေချော် လိမ့်ကျနိုင်ပြီး အန္တရာယ်များကြောင်း သတိရကြပါစေ။ ငွေကြေးအရင်းအနှီး စိုက်ထုတ်ထားခြင်းမရှိသော ကျွန်တော်တို့အဖို့ ထိုက်သင့်သော ကိုယ်အား၊ ဥာဏ်အားတို့ကိုသာ အသုံးပြုခြင်းဖြင့် အချိန်အနည်းငယ်စောင့်ဆိုင်းခြင်းဖြင့် ထိုက်တန်သော အကျိုးရလာဒ်ကို Steemit Platform မှ ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community
22-Aug-2018 ဗုဒ္ဓဟူးနေ့(Wednesday)
မရဘူး ခုန်မှာပဲဂျာ
ခုန်ကွာ ခုန် ခုန် ဒါပေမယ့်လည်း ဘာလေးခုန်လို့ ဖုန်မထဘူးဆိုလားပဲ
ခုန်လိုက်စမ်းပါ ကသက်ရယ်။ ခုန်လိုက် စမ်းပါ
စာမရေးတဲ့ သူကြီး
ခုန်တာပဲ မကြွတာခက်တယ် ဝိတ်ပိတာနေမယ်ဂျ
ကြိုးချည်ထားမှတော့ ဘယ်ကြွလိမ့်မလဲဟ ☻☻☻
ခုန်ပါရစေ။
သစ်ကိုင်းလွတ်လိမ့်မယ်
အဆင့်ဆင့်ဝီရိယနှင့်ကြိုးစားလျှင်အောင်မြင်ပါမည်
တစ်ထစ်ချင်းတက်တာနှေးတယ်ထင်ရပေမယ့် အချိန်တန်ရင် လိုရာရောက်တာပဲ
စာတွေဖတ်ရတာ အားရစရာဗျို့
ိ မှန်တယ်ဗျ
အားတက်တယ်ဆို ရေးရကြိုးနပ်ပါပြီ ကိုထွေးကြီးရေ
ဝီရိယမှန်မှန် အားသန်သန် ဖြင့် ကြိုးစားနေပါတယ်ဦးစိုးရေ။အားက ခဏလေးနဲ့ ကုန်ချင်နေပြီ။
Power Bank ကြီးကြီးဆောင်ထားပါ ☺☺☺
စကားနားထောင်ပါ့မယ် ခုန်ကျော်မတက်ဖဲ နေရာလုလိုက်မယ်လေ ခ်ခ်
လုစရာဘာရှိလို့ဒုံးအေ
တစ်ခုခုဖြစ်ထွန်းအောင်မြင်ဖို့ နောက်ကျနေတယ်ဆိုတာမရှိပါဘူးတဲ့ ဘရို
ဖြစ်သင့်လို့ ဖြစ်ထိုက်တဲ့ နေရာမှာ ရောက်နေတာပါတဲ့။
နောက်ကျတယ်ဆိုတာမရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းကတော့ လူတွေရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါလိမ့်မယ်
စိတ်ရှည်ရမည် သည်းခံရမည်
တော်တော့်ကို စိတ်ရှည် သည်းခံတတ်လာပါပြီ
ဟုတ်ကိုစိုးရေ ကျနော်လဲ တတ်စွမ်းသမျှတစ်လှမ်းခြင်း ကြိုးစားအားထုတ်နေပါတယ်ဗျ။ ခုန်မကျော်ရဲပါဘူးဗျာ မှောက်ရက်လဲလို့ ဒူးပြဲမှာကြောက်တယ်။
တစ်ထစ်ချင်းပဲကောင်းပါမယ် တချို့တလေကို စွန့်စားရတာ ကောင်းတတ်ပေမယ့် အမြဲတမ်း စွန့်စားတာကတော့ မကောင်းပါဘူး ကွှီးရွှေရေ
ခုန်ကျော်တက်ရင်း မတော်တဆပြုတ်ကျလို့ အကျမတော်ရင်... :-P
ဇက်ကျိုးနိုင်တာပေါ့ အန္တရာယ်များပါတယ်ဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks.