စာရေးပို့စ်တင် အချိန်မပေးနိုင်ဖြစ်နေတာကလည်း ဒုက္ခတစ်ခုပဲဖြစ်နေလေသလားမသိပါဘူး။ ပိုစ်မတင်ဖြစ်တဲ့နေ့ဆိုရင် တစ်ခုခုလိုနေသလိုလိုပဲ။ ကျွန်တော့်ဖြစ်အင်ပြောပါတယ်။ အခြားသူတွေတော့မသိပါဘူး။ နေ့တိုင်း နေ့တိုင်းပရိုမိုးရှင်း အလုအယက်တင်ခဲ့ရတဲ့နေ့ရက်တွေကို အမြဲတမ်းအမှတ်ရနေမိသလို ဟိုတစ်ချိန်က အက်စ်ဘီဒီ စတင်း ဈေးကောင်းခဲ့တဲ့အချိန်တွေကိုလည်း ပြန်လည်တမ်းတမိနေတာ နှစ်တောင်ပေါက်နေပြီ။
ဈေးတွေမြန်မြန်တက်ပါစေလို့ဆုတောင်းနေတာ ကိုယ်တစ်ယောက်တည်းမှမဟုတ်တော့ သေချာပါတယ်။ များများနဲ့မြန်မြန်တက်စေချင်တဲ့သူတွေချည်းပဲထင်ပါတယ်။ အခုလည်းမကြာမီ လာမည် မျှော်လို့ပဲဆိုရပေမယ့်လည်း သေချာတာကတော့ HIVE ကိုကျေးဇူးတင်ရမှာပဲ။ ဘာ့ကြောင့်ကျေးဇူးတင်ရမှာလဲဆိုတော့ကာ စတင်းတွေပိုထွက်လာလို့ပဲ။ HIVE ကြောင့် အတော်ကြာကြာ ဘယ်မှမပို့နိုင်ခဲ့တဲ့ စတင်းလေးတွေကို တောင်ပို့ မြောက်ပို့ လုပ်လာနိုင်သလို ရောင်းစားမယ်ဆိုရင်လည်း ရောင်းစားလို့ရတဲ့အခြေအနေတစ်ခုကို ပြန်လည်ပိုင်ဆိုင်လာခဲ့ရတာပါ။
ကျေးဇူးတင်ပါတယ် HIVE ရယ်လို့ပဲပြောချင်တော့တာပဲ။ ကျွန်တော်တို့လို အင်္ဂလိပ်လိုမကျွမ်းကျင်သူများအတွက်လည်း ဆက်လက်အထောက်အပံ့လေးပြုပေးပါအုံးလို့.......
ဒီမှာလည်း မတင်ရမနေနိုင် ကြံဖန်နေရပါပကော
မရလည်းရေး ရလည်းရေး မရလည်းတင် ရလည်းတင် 😆
မှန်မှန်ရေး မှန်မှန် Vote ကြပါစို့ ...
ရေးတော့ရေးနေတာပဲ vote လည်း vote တာပါပဲ
နောက်ပိုစ့်မှာ steem ကို ဟိုပို့ ဒီပို့ လုပ်နည်းလေးွေ ss နဲ့ ရှင်းပြပေးပါလား ဦးဇင်းကတော့ blocktrades ပို့လိုက် ionomy ပို့လိုက် hive အကောင့်ှောက်လွှဲလိုက်နဲ့ ဘာမှ သေချာမလုပ်တတ်သေးလို့ပါ withdraws မလုပ်တတ်တာ ပြောတာပါ
တပည့်တော်လည်း သေချာမသိကြောင်းပါဘုရား GP မှာမေးပြီး လုပ်ချင်ရာလျောက်လုပ်နေဆဲပါဘုရား 😀
Hiveဈေးတွေ Hight သွားရင် Like မယ့်သူတွေ အများကြီးရှိပါကြောင်း 😁
ခုကတည်းကလိုက်ထားမှဘာ