Lovely Daughter

in #myanmar7 years ago

image
ချစ်ရတဲ့ သမီးလေးရေ
နောက်လ ဆို ချစ်သမီးလေး တနှစ်ပြည့်တော့မယ်နော် မေမေ့ဘဝထဲ သမီးလေးရောက်စက အရမ်းစိတ်ညစ်မိပေမယ့် နှစ်လသားလေးပိစိလေးကို အန်ထွာစောင်းမှာ မြင်မိတယ်ဆိုပဲ အရမ်းကို ရင်ခုန်ခဲ့ရတာပါ သမီးလေးဘဝကိုမေမေ့ငယ်ဘဝထက်အဆပေါင်းများစွာ သာလွန်စေဖို့ မေမေ ကြိုးစားနေတယ် လုပ်လဲလုပ်ပေးနေနိုင်လို့ မေမေ ကျေနပ်မိတယ်
ချစ်သမီးလေး လက်ညိုးထိုးရာ မေမေဖြည့်ဆည်းပေးနိုင်ချင်တာပါ မေမေရဲ့ဘဝက သမီးလေးပါပဲ အရမ်းချစ်တယ်သမီးလေးရယ် ဘယ်လောက်ပဲ စိတ်ညစ်ညစ် သမီးလေးရဲ့ ရယ်မောသံလေးတွေ သမီးလေးရဲ့အပြုံးတွေနဲ့ မေမေ အရာရာ ရင်ဆိုင်နိုင်တယ်
image
တခါတလေ သမီးစိတ်ကောက်တာ အရမ်းချစ်ဖို့ကောင်းလို့ မေမေ စတာပါ အာမွချိ သမီးလေး အရွယ်နဲ့မလိုက်အောင် အရမ်းလည်လွန်းတဲ့ မေမေ့သဲလေး ကိုးလခွဲနဲ့ လမ်းတွေလျှောက်ပြီး မွှေနေပြီလေ အကမင်းသမီးလေးရယ် ဘာသံကြားကြား ရှယ်ကသေးတယ် ချစ်လိုက်တာ

Sort:  

ချစ်စရာလေးပါလား 😘

ကျေးဇူးပါ

ချစ်စရာလေးပါလား

မီမီနက်တူ့ယေ

ချစ်စရာလေး

ကျေူးးပါဆင့် 😍😍