ဘဝမှာ လိုအပ်နေတာ ဘာဖြစ်မလဲ ?
ရှုပ်နေသောအာရုံတွေပေါ်မှာ ရုပ်ကအဆင်မပြေ
ဘူးဖြစ်နေတဲ့အခါ ဓမ္မပေါ်တင်ပျဉ်ခွေထိုင်ပြီး
တရားမှတ်နေကြည့်လိုက်ပါ ရုပ်ခန္ဓာက. ထိုင်နေပေမဲ့
နမ်ဟူသောအာရုံတွေက ဖမ်းလို့မရအောင်ပြေးကစားနေလိမ့်မယ်
ကိုယ့်အသိဥာဏ်မှာ ဝင်လေ ထွက်လေကို မှတ်ခိုင်းထားပြီး
ရုပ်ကတည်ငြိမ်နေပေမဲ့ နမ်ကတော့
နာရီတိုင်း ၊တောင်ပြေး ၊မြောက်ပြေးနဲ့ အချိန်တိုင်း
လိုလို လွှင့်ပြန့်နေတယ် အသံတစ်ခု သို့မဟုတ်
အာရုံမှာထင်မြင်လာသော..ရုပ်ဝတ္ထုမျိုးမျိုးတို့ကို
စိတ်အသိမှာ စွဲကပ်နေတတ်တယ် ဝင်လေ ထွက်
၊လေရှုရှိုက်လိုက်တိုင်း အဝေးဆီမှ လွှင့်ပျံ့လာသော
ရနံ့ပေါင်းစုံတို့ ရှုရှိုက်မိလိုက်သောအခါ
စုစည်းထားသော အာရုံတွေကို ၊ထွေပြားစေတယ်
ဒီကြာထဲ နာကျင်လာတဲ့ ခံစားမှု့မျိုးကို
ခံစားနေရသောအခါ တင်ပျဉ်ခွေထိုင်ထားတဲ့
အသိစိတ်ကို ၊မေ့ပျောက်ပြီး သက်သာစေအောင်
ပြုလုပ်ချင်သော စိတ်တွေဝင်ရောက်လာရခြင်းကလဲ
စိတ်ကို ပျက်ပြားစေတတ်သော အာရုံတွေပေါ့
ဝိပဿနာ ပွားများနေသောစိတ်ရဲ့ အလိုကို
မလိုက်နိုင်သောအခါဝယ် စိတ်ဝယ်ဘဝင်မကျ
၊ဒေါသစိတ်လေးတွေ ဝင်ရောက်မိပြန်ရင်
ပယ်ဖျောက်နေတဲ့ ကိလေသာအပုံပုံတို့ရဲ့
၊စေညွန်းရာကို လုပ်ဆောင်ရပြန်တယ်
ကိလေသာ နှင့် တရားထူး ကို ကိုယ်တိုင်ကျင့်သုံး
၊နေရသောလဲ တရားထူးမှာ သာယာဖို့ဆိုတာ
အင်မတန်ခက်ခဲလွန်းလှပါသည်ဟု ယူဆကြမယ်
သို့သော အပူမီးမှန်းသိပါလျှက်နဲ့ တိုးဝင်နေသော
တဏှာရာဂမီးဆီမှာ ၊ပျော်ပိုက်နေခြင်းက
တရားထူးရဖို့ထက် ပို၍ ခက်ခဲလွန်းလှပေ၏
ကိလေသာ အတွေးအခေါ် စိတ်တွေကို ထိန်းချုပ်
မထားသည် အတွက်ကြောင့် ၊ပျော်မွေးနေခြင်း
ဖြစ်ပေလိမ့်မည် တရားထူးကို ရရှိဖို့အတွက်
ချုပ်ထိန်းထားရတဲ့ တဏှာ ရာဂ ၊တွေကို
ဖန်ခါထပ်တစ်လဲလဲ ၊အောက်မေ့တတ်သောကြောင့်သာ
ခက်ခဲလေသည်ဟု ထင်မြင်ကုန်၏
တစ်ခါတစ်လေမှ ထိန်မရတဲ့ ၊ပေါက်ကရအာရုံတွေ
ဝင်ရောက်လာတဲ့အခါ ယုတ်ညမ်းတဲ့အာရုံတွေက
အံမခမ်းလိလိ ၊ကြောက်မက်ဖွက်ရာ စိတ်ရိုင်းတွေ
ဝင်လာခဲ့ရင် စိတ်ညစ်စရာ အတွေးများစွာက
ကိုယ်ရှုမှတ်နေတဲ့ ဝိပဿနာတရားတွေကို
အလွန်ပင်မွန်မြတ်နေသောတရားပါလား
နိဗ္ဗာန်ခရီးကို သွားနေတဲ့တရားဟု ကိုယ်ကသိထား
၊နေသောလဲ ကိုယ့်ရဲ့စိတ်ကို တစ်နာရီကြာအောင်
ထိန်းချုပ်ထားလို့မရတဲ့ အာရုံတွေကို လွတ်ပေး
လိုက်ရတော့တယ် ကိုယ်သိတဲ့ တရားကို
စိတ်မှာ ခိုင်ခိုင်မာမာတည်ဆောက်ပြီး
သတိလက်လွှတ်မနေမိအောင်လို့ အတတ်နိုင်ဆုံးကျိုးစား
ထားရမယ် စားသတိ ၊နေသတိနဲ့ ၊လောကမှာ
ဖြစ်ပျက်နေတဲ့ ဒုက္ခဆင်းရဲခြင်းတို့ကို ဖြစ်ပြီးရင်
ပျက်တယ် ဆိုတဲ့ ဖြစ် ပျက် ဆိုတဲ့ သင်္ခါရတွေကို
အနိစ္စ မမြဲသောတရားတွေနဲ့ အဆိုးမရတဲ့ အနတ္တ
ီုဆိုတဲ့သဘောတရားတွေကို ကျင့်ကြံနိုင်အောင်
၊လောဘ ၊ဒေါသ ၊မောဟ ဆိုတဲ့ အမိုက်မှောင်
၊လောကနယ်တွင်းကနေ လွတ်မြောက် ကျိုးစား
ခွင့်ရှိနေတဲ့ မနုဿလို မိန့်ဆိုထားတဲ့ ခဏတာ
လူ့ဘဝအချိန်လေးကို အချိန်မှီလေးဖြစ်တဲ့
လူ့ဘဝခဏတာမှာ ကျိုးကျိုးစားစားနဲ့ ဝိပဿနာဆိုတဲ့ တရားထူးကို
ကျင့်ကြံ အားထုတ်ပြီး နိဗ္ဗာန်ခရီးကို တတ်လှမ်းနိုင်ကြပါစေခင်ဗျာ....
@arkar1
photo.google