အလုပ်ဆိုတာ ဘဝ၏ ၊သော့တစ်ချောင်း
လူတစ်ယောက်ဟာ ကျန်းမာနေရင် စိတ်ပျော်ရွှင်
မှုတွေနဲ့ အလုပ်ဟူသမျှကို လုပ်နေတတ်ကြတယ်
၊အောင်မြင်ဖို့အတွက်ဆို အလုပ်ဆိုတာ အဓိက
၊သော့်တစ်ချောင်းဖြစ်တယ် သို့သော် အလုပ်ဆိုတာ
အမျိုးမျိုးရှိတာတော့အမှန်ပဲ ကိုယ်ကိုင်ထားတဲ့
၊သော့က ဘယ်အလုပ်မှာ အဆင်ပြေစွာနဲ့ ဖွင့်ဝင်
လို့ ရမလဲဆိုတာကိုတော့ သိထားဖို့က အရေးကြီးတယ်
အလုပ်တိုင်းမှာ ခက်ခဲမှုဆိုတာ ရှိနေစမြဲပဲ
လွယ်လွယ်ကူကူနဲ့ ရတဲ့ အလုပ်ဆိုတာ ဘယ်နေရာမှ မရှိပါ
ကိုယ်နဲ့ကိုက်ညီစေမဲ့ အလုပ်ကသာ
ကိုယ်ကိုင်ထားတဲ့သော့နဲ့သာ ဖွင့်လို့ရနိုင်မယ်ဆိုတာကိုတော့ အမြဲသတိရှိဖို့လိုမယ် သူများပစ္စည်းကို ခိုးယူတာနဲ့ စာရင် လမ်းဘေးမှာတောင်းစား
ရမဲ့အလုပ်ကမှ ပိုပြီးမွန်မြတ်ပါတယ် အဲဒါ
အလုပ်ဆိုတဲ့ တန်ဖိုးတစ်ခုပဲကောင်းသော
အလုပ်တစ်ခုတွက် အခက်ခဲဆိုတာ ရှိနေစမြဲပဲ
ရိုးရိုးသားသား ကျိုးကျိုးစားစားနဲ့ ရှာထားလို့ရတဲ့
၊ငွေတစ်ကျပ်က သူများမသိအောင် ယူထားမိတဲ့
၊ငွေတစ်ကျပ်နဲ့ ယုဉ်လိုက်ရင် တစ်ကျပ်၏ တန်ဖိုး
ကတော့ တူရင်တူလိမ့်မယ် ဒါပေသိ ဝယ်စားရတဲ့
အချိန်ကျရင် ချိုမိန်မှု့ အရသာရှိပုံခြင်းက မတူဘူး
ရိုးသားစွာ ရှာဖွေထားရတဲ့ငွေတစ်ကျပ်က
နဖူးကချွေးခြေမထိကျအောင် ရှာထားရတော့
၊မောပမ်းမှုအတွက် ပိုပြီး အရသာရှိစေတယ်
လွယ်လွယ်လေး ရှာထားတဲ့ငွေတစ်ကျပ်နဲ့ ဝယ်စားခဲ့တဲ့ အရသာက
၊မောပမ်းခြင်း မရှိတဲ့အတွက်
အရသာချိုမိန်မှု့မရှိဘူးဆိုတာပါပဲ...
အလုပ်တိုင်းမှာ ဂုဏ်အင်တွေ အများကြီးရှိနေတယ်ဆိုတာကို
အလုပ်ကို ကျိုးစားနေတဲ့ သူတွေကပဲ သိလိမ့်မယ်
ဟိုယောင်ယောင် ဒီယောင်ယောင်အလုပ်ကို
လုပ်နေတဲ့ သူအဖို့မှာတော့ အလုပ်ရဲ့
ဂုဏ်အင်တွေကို သိခွင့်မရှိခဲ့ဘူး ဒါပေသိ
တကယ့် အရေးကြုံလာတဲ့အခါကြရင်တော့
အလုပ်ရဲ့ တန်ဖိုးတရားကို ၊ကောင်းကောင်းကြီး သိလာနိုင်ပါတယ်
ဘာဖြစ်လို့လဲ ဆိုရင်လူဘဝကို ပိုင်ဆိုင်လာရတဲ့ သူတိုင်းဟာ
ဝမ်းတစ်ထွားရေးအတွက်တော့ လုပ်ကိုင်နေရမှာပဲ
သူက ဆင်းရဲလို့ အလုပ်ကို လုပ်ရတယ်
သူကတော့ ချမ်းသာလို့ အလုပ်ကို မလုပ်ရဘူးဆိုတာ ဘယ်သူမှ
မရှိပါ ကိုယ်နဲ့ ကိုက်ညီစေမဲ့ အလုပ်ကို လုပ်နေကြရတာပဲ
လူဆိုတာတော့ချမ်းသာခြင်းကိုမက်မောကြတာ အမှန်ပဲ
သို့သော်လဲ ၊ရှေ့ဘဝကုသိုလ်ကံကြောင့်
ဆင်းရဲ့တဲ့သူတွေရှိသလို ကံကပေါလျှက်နဲ့
ပျင်းနေတဲ့အတွက်ကြောင့် ဆင်းရဲ့တဲ့သူတွေလဲ
ရှိကြမှာပါ .၊ပေါ့ပေါ့နေ ၊ပေါ့ပေါ့စား အတွေးတွေနဲ့
တစ်နေ့တာခရီးကို လွယ်လွယ်လေးနဲ့
ဖြတ်သန်းခဲ့မယ်ဆိုရင် အိုမင်ရင့်ရော်လာတဲ့
အခါ တစ်နေ့တာရဲ့ အလုပ်၏တန်ဖိုးသိတာ
၊နောက်ကျရစ်ပြီးလေ ပထမအရွယ်ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ တတိယအရွယ် မှာ
တရားရှာရမယ် ဒါမှလဲ လူတန်စေ့နေနိုင်မယ်
အလုပ်ကိုကျိုးစားပါလျှက်နဲ့ ချမ်းသာခြင်းကို
မရောက်ရှိခဲ့ဘူးဆိုရင်တောင် ကိုယ့်ရဲ့ကျိုးစားမှု့အတွက် အလုပ်ရဲ့
အကျိုးတရားကို ကိုယ်ခံစား
၊စေရမှာပဲ ဒါပေသိ လုပ်တိုင်မဖြစ်လို့အဆင်မပြေ
မှု့တွေများနေလို့ စိတ်ဓာတ်တွေကျဆင်းနေရင်
ကိုယ့်ထက်နိမ့်ပါးနေတဲ့သူတွေကို မြင်အောင်
ကြည့်လိုက်ပါ ဒါဟာ ကိုယ့်ဘဝရဲ့ ခွန်အား
တစ်ခုဖြစ် စိတ်ကိုပြန်လည်မွေးဖွားစေလာလိမ့်မယ်
@arkarp
photo.google