“ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”

in #myanmar7 years ago (edited)

မင်္ဂလာပါ Steemit Members ညီအကို မောင်နှမ အားလုံးခင်ဗျာ…။
ကျွန်တော် “ယို့ယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင်” ဆိုသော
ခေါင်းစဉ်ဖြင့် ညီအကိုမောင်နှမတွေနဲ့ အတူဆွေးနွေးမှုလေးပြုလုပ်ချင်ပါတယ် ခင်ဗျာ…။ ကျွန်တော် ရေးသားသော ရေးသားချက် အမြင်များအပေါ် အပြုသဘောဆောင်ကာ ဆွေးနွေးပေးကြပါရန်လည်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ..။

သဘာဝပတ်ဝန်းကျင်ဆိုတဲ့အတိုင်း သဘာဝအကြောင်းလေးဖြစ်တာကြောင့် အရင်ဆုံး သဘာဝရဲ့ အဓိပ္ပာယ်လေးဖြင့် ဖွင့်ဆိုတင်ပြချင်ပါတယ်…။ သဘာဝဆိုတာ (Natural) ဖြစ်တာနဲ့အညီ အလိုအလျောက် ဖြစ်တည်လာမှုကြောင့် မည်သည့်အကြောင်းအရာဖြစ်စေ မည်သို့သောသူ၏ပယောဂကြောင့်ဖြစ်စေ မည်သူမှဖန်တီးထားမှု မရှိတာကတော့ အသေအချာပါပဲ..။ ကျွန်တော်တို့လူသား တွေလည်းပဲ သဘာဝတရား အလျောက်ဖြစ်တည်လာပြီး သဘာဝတရားကပေးအပ်ထားသော ခြေ၊ လက်၊ အင်္ဂါ များဖြင့် နေ့စဉ်အသက်ရှင်နေထိုင်နေကြတာပါပဲ…။ ထိုသဘာဝတရားမှပေးအပ်ထားသော အင်္ဂါအစိတ်အပိုင်းများအပေါ် အသုံးပြုအသက်ရှင်မှီခို နေထိုင်နေရခြင်းနှင့်အတူ သဘာဝတရားမှကြောင့်ပင် ဖြစ်ပေါ်လာသော သဘာဝရောဂါများကိုလည်း ခံစားနေကြရတာာ ဧကန်မလွဲပင်…။ သို့ပေမယ့်လည်း မိမိတို့ကိုယ်ကိုယ် မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက် အသက်ရှင်နေကြတာပါပဲ…။ သဘာဝရောဂါပါဆိုပြီး ပေါ့ပေါ့တန်တန်နေလို့ကမှ မဖြစ်ပြန်တာ..။ ဒါ့အပြင် သဘာဝဖြစ်တဲ့ ရောဂါမဟုတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက် အသက်ရှင်နေကြရတာပါပဲ…။ မည်သို့ပင်ဆိုစေကာမှု သဘာဝတရားအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ မိမိတို့ ကိုယ်ခန္ဓာကို မိမိတို့ ကိုယ်တိုင် ထိန်းသိမ်း မြတ်နိုးတန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်နေကြပေမယ့်.. လူသားတိုင်းအတွက် နောက်ထပ် အရေးပါတဲ့ ပတ်ဝန်းကျင် သဘာဝတရားကြီးကိုတော့ ကျွန်တော်အပါအ၀င် လူသား တော်တော်များများ မေ့လျော့နေကြတယ် လို့ပဲဆိုပါရစေ..။

သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ (Environment) ကြီးဟာလည်းပဲ လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် အရေးပါကြပုံကို ကျွန်တော်တို့ ငယ်ငယ်ကျောင်းတက်ခဲ့ကတည်းက သိပ္ပံဖတ်စာအုပ်များတွင် ပြဌာန်းထားသောကြောင့် လေ့လာခွင့်ရခဲ့ပေမယ့်လည်း ပေါ့ပေါ့တန်တန်သာနေမိနေခဲ့ကြတယ်။ သေချာတာကတော့ လူသားအားလုံးဟာ စားစရာမရှိလို့ ရက်အတော်ကြာငတ်ငတ်ပြတ်ပြတ်နေကာ အသက်ဆက်နိုင်ကြပေမယ့် သဘာဝလေကို မရှုရှိုက်ဘဲ နှင့် အချိန်တင်္ဒဂလေးတောင် မနေနိုင်ကြပါဘူး…။
အဲ့ဒီတော့ “လေ” ဆိုတဲ့ အရာကကျွန်တော်တို့တွေအတွက် အများကြီးအရေးပါတယ်ဆိုတာ မည်သူမျှငြင်းနိုင်မယ်မထင်ဘူး..။ ထို့အတူပဲ “ရေ”ပေါ့ အစား မစားရင်သာ ရက်အတော်ကြာနေနိုင်ကြမယ်.. “ရေ” မသောက်ဘဲ အချိန်ကြာကြာနေနိုင်ရိုးမရှိကြတဲ့ လူသားတွေပါ..။ ဒါကြောင့် ရှေးစကားပုံတွေထဲမှာ “ထမင်းအသက် ၇ရက် ရေအသက် တစ်မနက်” လို့တောင် တင်စားခဲ့ကြတယ်…။ အခုတော့ ကျွန်တော်ဖြင့် “လေ အသက် ကွမ်းတစ်ညှက်” လို့တောင် ထပ်တိုးပေးချင်လိုက်ပါသေးတယ်..။ လေ မရှိဘဲ ကွမ်းယာတစ်ညှက် ကြေအောင်ဝါးတဲ့အချိန်အထိ အသက်ရှင်မနေနိုင်ကြတဲ့ လူသားတွေအတွက် “လေ” ဆိုတာ အရေးပါတယ်ဆိုတာ ပြောပြချင်လို့ပေါ့..။ အမှန်တော့ လောကကြီးမှာမနေချင်တော့ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်(Suicide) လုပ်မယ့် အချို့သူတွေ ကြိုးဆွဲချတာနဲ့ အဆိပ်သောက်တာနဲ့ အလုပ်တွေရှုပ်နေကြတာ…။ ကိုယ့်နှာခေါင်းကိုယ် ပိတ်ပြီးသေလည်းရနေတာကို..။ အသက်ရှင်ရန် လုပ်ငန်းစဉ်အတွက် “လေ” ရဲ့ အရေးပါပုံကို အဲ့မှာကတည်းကမေ့နေကြပုံရပါတယ်…။ ပြောချင်တာက ဒီလို သဘာဝတရားက ကောင်းမွန်စွာပေးအပ်ထားတဲ့ အရာတွေကို အဆုံးထိအောင်တောင် မေ့လျော့နေကြ တာကိုပါ…။

ဒီလိုမျိုး ကျွန်တော်တို့ လူသားတွေ နှင့် သက်ရှိသတ္တ၀ါတော်တော်များများ အသက်ရှင်နေထိုင်မှုအတွက် အရေးပါလှတဲ့ “လေ” ကို ယခုခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးမှာတောင် မည်သည့် သိပ္ပံပညာရှင်ကြီးတွေကမှ ကျွန်တော်တို့အားလုံးလိုအပ်တဲ့ အောက်ဆီဂျင်ကို လုံလောက်အောင်ထုတ်ပေးနိုင်စွမ်းမရှိသေးတာ ယနေ့အထိ ဆိုတာ လူတိုင်းအသိပါပဲ…။ ဒါဆိုကျွန်တော်တို့လိုအပ်တဲ့ “လေ” ဆိုတဲ့ အရာကို သဘာဝ ပတ်ဝန်းကျင် ကြီးကပဲ အထောက်အပံ့ပေးထားတာမို့လို့ ပတ်ဝန်းကျင်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ရန် အသိဥာဏ်ရှိတဲ့ ကျွန်တော်တို့လူသားတွေ အားလုံးတာဝန်ဖြစ်တယ်လို့ထင်မြင်မိပါတယ်…။ တကယ်တော့ “လေ” ဆိုတာ သတိမေ့လျော့နေကြတဲ့ ကျွန်တော်တို့လူသားများအဖို့ ထင်သာမြင်သာရှိအောင်သာ ဥပမာ ဥပမေးဖြင့် နှိုင်းယှဉ်ပြပေးထားတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထောက်ပံ့မှုအပေါ်၌ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသော အရာတွေက လူတိုင်းသိပြီးသားပါ..။ အထက်ပါပြောခဲ့သလို သတိမေ့နေလို့သာ ပေါ့ပေါ့တန်တန်နေနေကြတာဖြစ်တာမို့ ကျန်အရေးပါပုံတွေကိုတော့ မပြောလည်း သိကြပြီးသားပဲ…ဥပမာ သစ်ပင်တွေ မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောတောင်တွေ၊ စသည်ဖြင့် အများကြီး အများကြီးရှိသေးတယ် ဒါတွေအားလုံးဟာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရန် အင်မတန် အရေးပါလှသလို အလှတရားကြီးကိုလည်း ဖော်ကြူးနေကြတာပါ လူသားတွေမှာတောင် သဘာဝအလှတရား ကိုသာ တန်ဖိုးထားမြတ်နိုးကြတာ တကယ့် သဘာဝစစ်စစ်ကြီးဖြစ်တဲ့ တောတောင်ရေမြေတွေရဲ့ အလှတရားဆို ပိုလို့တောင် တန်ဖိုးမရှိပေဘူးလား…။ ဒါဆိုရင် ကျွန်တော်တို့ အခုသတိရကြပြီ.. သတိရရင် ပတ်ဝန်းကျင်ကို ၀ိုင်းဝန်းထိန်းသိမ်း ဖို့ တာဝန်ကိုလည်း မည်သူမျှပေးစရာမလိုဘဲ ကိုယ်တိုင်ဆောင်ရွက်ရမှာဖြစ်တယ်။

ယခုဆိုရင် လူသားတွေအားလုံး နေ့စဉ်အသက်အရှင်နေထိုင်မှုမှာ သဘာဝပတ်ဝန်းကျင်က မိမိတို့ အသက်တမျှအရေးကြီးတယ်ဆိုတာကို နိုင်ငံကြီး၊ တိုင်းပြည်ကြီးများမှ စ၍ နိုင်ငံငယ်၊ တိုင်းပြည်ငယ်များ၏ မူလတန်းပြဌာန်းစာအုပ်များတွင်ပါ သင်ကြားနေကြပါသည်။ သဘာဝ ပတ်ဝန်းကျင် (Environment) နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေနှင့် အရေးပါပုံ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများကို ကလေးဘ၀တွင်မှာပါ သင်ကြားပေးခြင်းဖြင့် ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့အတွက်တော့ အလားအလာကောင်းစေတဲ့ သင်ကြားမှုတစ်ခုဖြစ်တယ်လို့လည်း ဆိုရမှာပါ။ ခေတ်ကာလ အနေအထားတွင်ပင်လျှင် သဘာဝပတ်ဝန်းကျင် အနေအထားဆိုတာ လူသားအသက်ရှင်နေထိုင်ရန်တွင်သာ အရေးပါတော့သည်မဟုတ်ဘဲ အနုပညာပိုင်းထိပါ ဦးဆောင်လာနိုင်တာ လူတိုင်းအသိဆုံးဖြစ်မှာပါ။ ဓါတ်ပုံဆရာကလည်းပဲ သူတို့ဝါသနာပါရာ ဘာလေးကိုပဲရိုက်ရိုက် သဘာဝအလှတရားလေးများ မပါရင်မပြီးဘူးရယ်..။ ပန်းချီ ဆေးရေး၊ နောက်ဆုံး ဗီဒီယို ရိုက်ကူးမှုတွေမှာတောင် သဘာဝတရားကို အလေးထား အသားပေးပြီး ရိုက်ကူးလာကြပါတယ်။ သဘာဝ ပတ်ဝန်းကျင် ၏ တင်ဆက်မှု အနုပညာလက်ရာမြောက်ကာ စိမ်းလန်းစိုပြေလေ ကြည့်ရှုရသူ ပရိတ်သတ်တို့လည်း ရင်တွင်းနှလုံးအေးမြကာ မျက်စိ ပသာဒဖြစ်ပြီး အားပေးမှုများစွာဖြင့် အောင်မြင်နေကြတာပါပဲ။ အဲ့ဒီလို အနုပညာရသပိုင်းအမြင်ဖြင့် တင်ပြလိုက်ခြင်းဖြင့်လည်း ကြည့်ရှုခံစားမိသူ လူသားများအနေဖြင့် အနီးကပ် ထိစပ်စေကာ သဘာဝအလှတရားများကို နှစ်သက်လာနိုင်စေတာမို့ ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေပါပဲ။ ဒါပေမယ့် အနုပညာဖန်တီးမှုသာဖြစ်တဲ့အတွက် ပြင်ပလောကနှင့်တော့ တူညီခြင်းမရှိပါဘူး။ အနုပညာဖန်တီးသလိုပဲ ပြင်ပလောကရဲ့ တကယ့်သဘာဝစစ်စစ်ကို စိမ်းလန်းစိုပြေအောင် စွမ်းဆောင်ရန်ကတော့ အနုပညာသမားများအတွက်တင်မဟုတ်ဘဲ လူသားအားလုံးမှာ တာဝန်ရှိပါတယ်…။အထက်ပါအကြောင်းအရာများနှင့်ပတ်သတ်ဆက်နွယ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် ကမ္ဘာလောကကြီး တွင် နေထိုင်သော သက်ရှိသတ္တ၀ါ လူသားတိုင်းတာဝန်ရှိကြသော်ငြားလည်း ကျွန်တော်တို့ တိုင်းပြည်ကြီး ဖြစ်တဲ့ မြန်မာနိုင်ငံမှာနေထိုင်သူ မြန်မာလူမျိုးအနေဖြင့် ကြီးကြီးကျယ်ကျယ်ဖြစ်နေမည်စိုးရိမ်သောကြောင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Environment Sector) သာ ဆက်လက်ပြီး တင်ပြဆွေးနွေးချင်ပါတယ်…။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ကိုယ့်နိုင်ငံကိုယ့်လူမျိုး အရေးထဲကမှ တစ်ခုအပါအ၀င်ဖြစ်တဲ့ သဘာဝထိန်းသိမ်းရေး အရေးကို ဆွေးနွေးသည်မှာတော့ ကြီးကျယ်ခမ်းနားလောက်မည်မထင်ပါ…။

welcome-pic.jpg

မြန်မာနိုင်ငံရဲ့ ရေမြေ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ့်တွင် အကြီးဆုံးတိုက်ဖြစ်သည့် အာရှတိုက်အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ သွယ်တန်းကာ အာရှတိုက်တစ်လွှားမှ ဆင်းသက်လာသည့် တောရိုင်း တိရိစ္ဆာန် မျိုးရင်း မျိုးစိတ် မျိုးစုံ အမှန်တကယ် ကျက်စားနေထိုင်နိုင်သည့် အပြင် သဘာဝပတ်ဝန်းကျင်အလှတရားများနဲ့ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်တာကို ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သိခဲ့ကြပါတယ်။ ထို့အပြင် စိမ်းလန်းစိုပြေတဲ့ သစ်တောများနှင့်အတူ မြောက်ပိုင်း ဟိမ၀န္တာတောင်တန်းများမှ မြစ်ဖျားခံပြီး စီးဆင်းလာတဲ့ တောင်ဘက် ကမ်းရိုးတန်းဒေသမှ ဒီရေတောများအပြင် ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်နေသည့် ကျယ်ပြန့်သော မြစ်ဝှမ်းများလည်းစုံလင်စွာတည်ရှိပါသည်။ အရှေ့တောင်အာရှ တစ်ခုလုံးတွင် ကုန်းတွင်းပိုင်း သစ်တော ဖုံးလွှမ်းမှု အများဆုံးဖြစ်ပြီး ယခင်အချိန်က် ကမ္ဘာ့သစ်တောလက်ကျန် စုစုပေါင်း ၈၀% ရှိသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ အင်ဒိုချိုင်းနားနှင့် ပစိဖိတ်ဒေသကြီးအားလုံးမှာရှိတဲ့ ဇီဝမျိုးကွဲ သတ္တ၀ါမျိုးစိတ် အစုံအလင်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။
စက်မှုထွန်းကားမှုနည်းပါးခြင်း အပြင်လူဦးရေ ထူထပ်သိပ်သည်းမှု အင်မတန်နည်းပါးသည့် နိုင်ငံဖြစ်သော်လည်း သယံဇာတများနှင့် ကျယ်ပြန့်သည့် သဘာဝ သစ်တောများ သည် ရာသီဥတု ပြောင်းလဲမှုနှင့် ခေတ်အဆက်ဆက်မှ လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ဆိတ်သုဉ်းပျောက်ကွယ်ကာ ယခုအခါ သဘာဝဘေးအန္တရာယ်များကို နှစ်တိုင်းလိုလိုကြုံတွေ့ရင်ဆိုင်နေရပါသည်။ ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံအဖြစ် ဖော်ပြခံနေရပါသည်။ နိုင်ငံတကာ သစ်တောအဖွဲ့အစည်းတစ်ရပ်မှ ဖော်ပြသော အချက်အလက် စာရင်းများအရ ဆိုရင် မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းခြင်း ဧရိယာဟာ ၈၀% ရှိခဲ့ရာမှ ၁၉၉၀ ခုနှစ်မှာ ၅၈% အထိလျော့ကျခဲ့ပြီး ၂၀၁၀ ခုနှစ်များမှာတော့ ၄၇% သာကျန်ရှိတော့ကြောင်းသိရပါသည်။ ထို့အပြင်လည်းပဲ IUCN မှ အရေးပေါ် အနီရောင်သတိပေးချက်များအရ တောရိုင်းတိရိစ္ဆာန် နှင့် အပင်မျိုးစိတ်ပေါင်း များစွာ မျိုးတုန်းပျောက်ကွယ်သွားနေတာကလည်း မြန်မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုများဖြစ်နေတော့ပါသည်။

img_5711edit.jpg

Pharkhant.jpeg

FB_IMG_1449802813907.jpg

ဒီလို ဆုတ်ယုတ်ပျက်စီးစေတဲ့ အကြောင်းအရင်းတစ်ချို့က မြန်မာနေပြည်သူပြည်သားများအားလုံး၏ လုပ်ဆောင်ချက်များဖြစ်သည့် အားနည်းသည့် စိုက်ပျိုးရေး၊ သင့်လျော်မှုမရှိလှသည့် တူးဖော်ရေးများနှင့် နိုင်ငံတကာဈေးကွက်သို့ လောဘကြီးစွာရောင်းချလိုသော နိုင်ငံထွက်ကုန်များကို အတင်းအဓ္ဓမ တူးဖော်ခုတ်ထစ် နေခြင်း ကဲ့သို့သော အကြောင်းအမျိုးမျိုးဖြင့်လုပ်ကိုင်နေကြသော လုပ်ငန်းများကြောင့် အများဆုံးပျက်စီးဆုံးရှုံးနေ သည်မှာ အဓိကအချက်များပင်ဖြစ်ပါသည်။ ထို့အပြင်တောမီးများလောင်ကျွမ်းခြင်း၊ လောင်စာဆီများကို အကျိုးရှိစွာမသုံးစွဲနိုင်ခြင်းတို့ကြောင်း တရွေ့ရွေ့ပျက်စီးလာရပါသည်။ ကမ္ဘာတွင် တန်ဖိုးကြီးလှသည့် ရတနာတစ်ခုဖြစ်သော ကျောက်စိမ်းစစ်စစ်ကို မြန်မာနိုင်ငံကချင်ပြည်နယ်အတွင်း ရှိ ဖားကန့်ဒေသ တစ်နေရာတည်းတွင်သာ တူးဖော်ရရှိနိုင်သည် ဟု စာအချို့တွင်ဖတ်ဖူးကြားဖူးပါသည်။ အခြားနိုင်ငံ ပြည်နယ် ဒေသများတွင်လည်း ကျောက်စိမ်းဟုသတ်မှတ်နိုင်သည့် တွင်းထွက်များကို တူးဖော်နိုင်ပေမယ့် အရည်အသွေးပြည့်မှီသော မြန်မာ့ တွင်းထွက် သယံဇာတဖြစ်သည့် ကျောက်စိမ်းစစ်စစ်ကိုတော့ မြန်မာနိုင်ငံမှာတူးဖော်ရရှိသော်လည်း ကိုယ်ကျိုးဖက်ကာ လုပ်ဆောင်ကြသော လူသားအချို့ကြောင့် ယခုအခါ ကချင်ပြည်နယ် ဖားကန့်ဒေသသည် တောင်ကတုံးဖြစ်ကာ များမကြာမီ နှစ်များတွင် ပျောက်ကွယ်သွားဖွယ်ရာ ရှိသည်ဟုတောင် စာရေးသူ ထင်မြင်မိပါသည်။ ထို့အတူပဲ နိုင်ငံနဲ့ အ၀ှမ်းမှာ နိုင်ငံအကျိုးနည်းပါးစွာဖြင့် ကိုယ်ကျိုးအတွက် ကြည့်သူ လူအများ ၏ လုပ်ဆောင်ချက်များဖြစ်သည့် စိုက်ပျိုးရေး တူးဖော်ရေးတွေက အင်မတန်တော့ အရုပ်ဆိုးအကျည်းတန်လှပါသည်။ ခေတ်အဆက်ဆက်မှ ပြည်သူပြည်သားများကလည်း ၀ိုင်းဝန်းကြံဆောင် ၍ ပတ်ဝန်းကျင်တိုးတက်ရေး စိတ်ဝင်စားခဲ့ဟန်မတူ..။ ထို့အပြင် စာရေးသူနေထိုင်ရာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော စစ်ကိုင်းမြို့တွင် မန္တလေးနေပြည်တော်နှင့် စစ်ကိုင်းမြို့ကြီးသို့ဆက်သွယ်ထားသည့် တံတား၂စင်း ကို ဧရာဝတီမြစ်ကမ်းဖြတ်ကာ ကပ်လျက်တည်ဆောက်ထားတာ လက်တွေ့ပင်…။ ထိုသို့ ကပ်လျက် ဆောက်လုပ်ထားခြင်း၏ နောက်ကွယ်တွင် ဧရာဝတီမြစ်ကြီး တိမ်ကောမည့် အကြောင်းအရင်းကို ပညာရှင်များမသိလျော့ခဲ့လေသလား မသိ..။ ကျွန်တော်တို့၈တန်း ပထ၀ီဝင်သင်ကြားခဲ့သည့် အသိဖြင့်ပင်ထိုသဘောတရားကို ခန့်မှန်းမိခဲ့သည်။ ယခုအခါတွင် စစ်ကိုင်းဘက်ကမ်း ရှိ ဧရာဝတီမြစ်သည် နှစ်စဉ် နှုန်းတင်မှုများဖြင့် တိမ်ကောလာကာ မြစ်ကြောင်းများပင် လမ်းကြောင်းများပြောင်းလဲကုန်ကြပေပြီ။

Mandalay-12.jpg

မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ အခြေခံလူတန်းစားများအနေဖြင့် ထိုသို့ အင်အားကြီးသူများ လုပ်ကိုင်နေသော အလုပ်များကို တားဆီးနိုင်စွမ်းအင်အားမရှိပါ..။ ဒါဆိုရင် ကျွန်တော်တို့ သာမန်လူတန်းစားတွေ အနေဖြင့် ပတ်ဝန်းကျင်ကို တက်နိုင်သမျှ ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာတော့ ညီညီညွတ်ညွတ်နဲ့ကို ဆောင်ရွက်ကြမှသာလျှင်အဆင်ပြေနိုင်မှာပါ..။ အားလုံးသိကြတဲ့ အတိုင်းကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းနှင့် ပတ်သတ်၍ ယခင်နှစ်များက Recycle အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။ သို့သော် ယနေ့အချိန်တွင် ဒုံရင်း ဒုံရင်းသာ ဖြစ်နေပါသည်။ ဒီလို အကျိုးရှိမယ့် အစီအစဉ်တွေကို ကျွန်တော်တို့ လူသားတွေကလည်း အမှန်တကယ် လိုက်နာကာ ညီညီညွတ်ညွတ်လုပ်သင့်သည်ဟု ထင်မြင်မိပါသည်။ ယနေ့ခေတ်ကြီးမှာ ကြွပ်ကြွပ်အိတ်အစား ဖတ်ရွက်ကိုပြောင်းလဲ သုံးစွဲရန်တော့ မဖြစ်နိုင်ပါ.. အရိုးဆွေးနေပြီးသား အကျင့်တစ်ခု ဖျောက်ဖျက်ဖို့မတိုက်တွန်းကြဘဲ ထိုအကျင့်အပေါ်မှ အကျိုးကျေးဇူးရရှိရန်သာ စည်းကမ်းရှိရှိစွန့်ပစ်ကြရန် စသည်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြရမယ်လို့ ထင်မြင်မိပါတယ်..။ ကျွန်တော်တို့ သွားရေးလာရေးအတွက် အသုံးပြုနေကြရသည့် ကားဆိုင်ကယ်နှင့် စက်သုံးဆီသုံး စက်တပ်ယာဉ်များမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များဟာလည်းပဲ သဘာဝပတ်ဝန်းကျင် တည်မြဲရေးကို နှောင့်ယှက်နေတဲ့ ရန်သူထဲက တစ်ခုပါပဲ ဒါပေမယ့်လည်း ဖွံ့ဖြိုးပြီး (Developed) မဖြစ်သေး ဖွံ့ဖြိုးတိုးတက်နေဆဲ (Developing) အခြေအနေမျိုးမှာ သက်တမ်းကုန်လွန်နေသော ကားတွေ ဆိုင်ကယ်တွေ ကို အခြားနိုင်ငံများနည်းတူ ကားသင်္ချိုင်းပို့ဖို့ဆိုတာလည်းကျွန်တော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်မှာ မဖြစ်နိုင်သေးတာ တော့အမှန်ပါပဲ…။ ဒါဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ?.. တက်နိုင်သမျှတော့ အင်ဂျင်မကျ မီးခိုးမထွက်အောင်တော့ မိမိတို့ ကိုယ်ပိုင်ယာဉ်ကို ကိုယ်တိုင် ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်..။ အခုနောက်ပိုင်းဆို ကွန်ပျူတာ ဖုန်း ထုတ်လုပ်တာက အစ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားခြင်းဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ထုတ်လုပ်လာကြတာကို Product ထုတ်လုပ်ခြင်း ဂျာနယ်တွေမှာ ဖတ်မိတယ်။ ဒါတောင်မှပဲ နိုင်ငံခြားတိုင်းပြည်များမှ ပတ်ဝန်းကျင်အတွက် ထိန်းသိမ်းကာ တီထွင်ဖန်တီးထားပေမယ့် အသုံးပြုသူလူအများကတော့ ထိုစည်းကမ်းတွေအပေါ်လိုက်နာမှု အားနည်းနေပါသေးတယ်...။ဒါတွေကိုလည်း သတိထားအသုံးပြုလိုက်နာ ရမှာပါပဲ...။ တီထွင်သူတွေက အကျိုးရှိအောင်ဖန်တီးနေပေမယ့်လည်း အသုံးပြုသူဘက်ကလည်း မှန်ကန်စွာအသုံးပြုနိုင်ဖို့ လိုပါသေးတယ်..။

တကယ်တော့ အခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အလေးထားတင်ပြပြီး ဆောင်ရွက်လာရန် တင်ပြလာကြတာက ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်များကစတယ်လို့ ကြားသိရပါတယ်…။ ယခင် ကြားကလတွေမှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အသွင်ပေါင်းစုံနဲ့ လှုပ်ရှားခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာတို့ရဲ့ ခံယူမှုအားနည်း၍ပဲလား မပြောတက် မြန်မာတို့ အဖိုးတန်သဘာဝသစ်တောတွေဟာ ဖြည်းဖြည်းပျောက်ကွယ် သထက်ပျောက်ကွယ်နေတာတော့ တစ်စနဲ့ တစ်စကို သိသာလှပါတယ်။သဘာဝတရားကို ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ သစ်ပင်စိုက်ဖို့လည်းလိုအပ်ပါတယ်..။ " ဥတုရာသီ တောကိုမှီ၏ " တဲ့ ရှေးလူကြီးများအဆိုတွေရှိခဲ့ကြပြီး တကယ့်လက်တွေ့မှာလည်းပဲ ရာသီဥတု က အမှန်တကယ်ကိုပဲ သစ်ပင်တောတောင်အပေါ်မှာ မှီခိုနေကြရတာ ပြေးကြည့်စရာကိုမလိုပါဘူး.. လက်တွေ့ဖြစ်ပျက်နေကြတဲ့ ရာသီဥတုပြောင်းလဲခြင်းတွေအပေါ်မှာကို လေ့လာနိုင်နေပြီ.....သစ်တစ်ပင်ခုတ် ထောင်၃နှစ်ဆိုတာကလည်း ဥပဒေပြဌာန်းထားကြပြီး ပြဌာန်းသူတို့ ကိုယ်တိုင်ချိုးဖောက်နေကြတော့လည်း လိုက်နာရမယ့် ကျွန်တော်တို့ လူတွေအတွက်တော့ လည်းအခက်သားဆိုတော့ ဆွေးနွေးရတာလူအများနဲ့ တစ်ထိုင်တည်းသာ ထိုင်ပြီးဆွေးနွေးပစ်လိုက်ချင်တော့တာပါပဲ..။ အခုလည်း သူတို့ပြဌာန်းချက်ကို ပြဌာန်းသူတို့ ကိုယ်တိုင် ကိုယ်ကျိုးဖက်ကာ ချိုးဖောက်ပြီးနောက် မကြားဖူးတဲ့ သဘာဝ ဘေးဒဏ်တွေများ ဆက်တိုက်ဆိုသလို Update ဖြစ်နိုင်လွန်းတယ်.....။ နာဂစ်၊ ဆိုင်ကလုန်း၊ လာနီညာ၊ အယ်နီညို အို.. စုံလို့ကိုနေတာပဲ ...သဘာဝတရားကို ဖျက်စီးမှုကြောင့် သဘာဝက ပေးတဲ့ ပြစ်ဒဏ်လို့ပဲ ဆိုရလေမလား..။ အခုများဆို ငလျင်တွေ လှုပ်ခတ်လို့ ပျက်စီးခြင်းငါးပါးကလည်း မနည်းမနော...။ ဒါတောင် ကျွန်တော်တို့ တိုင်းပြည်က ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သော တိုင်းပြည်ဖြစ်တာနဲ့အညီ အလှူအတန်းလေးတွေအပေါ် ရရှိထားကြတဲ့ ကုသိုလ်ကံမို့ပဲ အရမ်းမဆိုးဝါးသေးတာလို့ ခံယူမိတယ်...။ အိုဇုန်းလွှာပျက်စီးမှု ကမ္ဘာကြီးပူနွေးလာမှု အကြောင်းတွေကိုလည်းပဲ သိရှိထားပြီးဖြစ်ကြလို့ ဒါတွေကို မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ကာကွယ်စောင့်ရှောက်သွားကြရအောင်ပါပဲ..ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင်နေရုံနဲ့ ဘာမှဖြစ်မလာနိုင်တဲ့ ကိစ္စတွေက လောကကြီးမှာ တကယ်ရှိတာပါပဲ..။ အခုလို ကိစ္စရပ်မျိုးတွေပေါ့.. အမှန်ဆို ကျွန်တော်တို့ဟာ သစ်ပင်ကြီးမားလာပြီး အခြားအကျိုးကျေးဇူးခဏအသာထား အရိပ်ကောင်း သစ်တစ်ပင်ဖြစ်လာရန်အတွက်ကို နှစ်ရှည်လများ ပြုစုပျိုးထောင်ရာမှာ ရှေ့က သစ်တောလိုက်ခုတ် နောက်က ပျိုးပင်၁၀၀လောက်စိုက်နေရုံနဲ့တော့ သဘာဝကိုပြန်လည်မတည်ထောင်နိုင်လောာက်ဘူးထင်ပါတယ်..။ အခြားကိစ္စများမှာလည်း ထိုနည်းတူစွာပါပဲ သမင်မွေးရင်း ကျားစားရင်းတောင် အလျင်မမီရတဲ့အထဲမှာ သမင်အုပ်လိုက်ကို ကျားက တစ်ပြိုင်တည်းစားပစ်သလို လုပ်ရပ်များကတော့ အတက်နိုင်ဆုံးရှောင်ရှားရမယ်လို့ထင်ပါတယ်...။

Ozone-Depletion-.jpg

အဆိုပါအချက်များအရ ကျွန်တော်တို့ဟာ ယခုလက်ရှိပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ပြုပြန်ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတာ လူတစ်ဥိးတစ်ယောက်တည်း ကြံဆောင်နေရုံဖြင့်တော့ အထမမြောက်နိုင်ပါဘူး...။ အဖွဲ့အစည်းတွေကလည်းပဲ အမှန်တကယ်ကို ထောက်ပံ့ပေးနိုင်ဖို့ကလည်း လိုအပ်ပြန်သေးတာပဲ..။ ယခုလက်ရှိထိ ကမ္ဘာကြီးမှာ ဇွန်လ ၅ရက်နေ့ဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုပြီး သတ်မှတ်ထားတာ လူတိုင်းအသိပဲ။ ဒါပေမယ့် အဲ့နေ့တစ်ရက်တည်းမှာပဲ ဟန်ပြထိန်းသိမ်းနေလို့မဖြစ်ပါဘူး....။ နေ့စဉ်နဲ့ အမျှ အမြင်မတော်ရင် သွားရင်းလာရင်းလုပ်ကိုင်နိုင်မယ့် အချက်တွေက အများကြီးရှိပါတယ်..။ သူများယောင်မှ ကိုယ်ထယောင်နေရုံနဲပ ပတ်ဝန်းကျင်ကြီးက သာယာလှပသွားမှာမှမဟုတ်ဘဲ...။ မိမိတို့ကိုယ်တိုင်ကလည်းပဲ အမှန်တကယ် ကျင့်သုံးလိုက်နာမှဖြစ်မယ်..။ ဒီလိုပဲ မြန်မာနိုင်ငံပြည်သူတွေက ပတ်ဝန်းကျင်ကြီးကို ဘယ်လောက်ပဲကောင်းမွန်စေချင်နေပါစေ မြန်မာနိုင်ငံရဲ့ အစိုးရထောက်ပံ့မှုများလည်းများစွာလိုအပ်ပါတယ်....။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ကြီးဌာနမှစ၍ မြို့တော်စည်ပင် ကဲ့သို့သော စည်ပင်သာယာ ၀ပြောရေး အဖွဲ့ အစည်းများမှလည်း ပြည်သူများနှင့် အတူတကွ လုပ်ဆောင်နိုင်မှ တိုးတက်ကောင်းမွန်ကြမယ်ထင်ပါတယ်..။ သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းအလိုက် ဒေသဆိုင်ရာအလိုက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ကြရန် ကောင်းမွန်သော အသိပညာ ဗဟုသုတများဖြင့် ထိရောက်စွာ သင်ကြားပေးခြင်းများကိုလည်း အလျင်းသင့်သလို ဆောင်ရွက်ကြဖို့ ဒီနေရာကနေလည်း အကြံပေးချင်ပါတယ်..။ ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံနေပြည်သူပြည်သားများ ကို ယို့ယွင်းနေတဲ့ မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်ရန်အဓိကဆောင်ရွက်စေချင်တဲ့ အကြောင်းအချို့က လက်ရှိပျက်စီးစေမယ့် အလုပ်များကို တက်နိုင်သမျှ ရှောင်ရှားကြပြီးနောက်.... သစ်ပင်သစ်တော်များ ထပ်မံ ပြုန်းတီးမှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိရိစ္ဆာန်များယခုထက် မျိုးတုန်းပျောက်ကွယ် မသွားအောင် ကြံဆောင်ခြင်း၊ ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လက်ရှိထုတ်ယူနေသော သယံဇာတ တူးဖော်ရေး လုပ်ငန်းများကို အကျိုးရှိစွာ စနစ်တကျ ထုတ်ယူစေခြင်း၊ ပလတ်စတစ်ကဲ့သို့ ဆိုးကျိုးရှိသော စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမရှိစွန့်ပစ်ခြင်းမပြုလုပ်ကြဘဲ နည်းစနစ်တကျ စွန့်ပစ်ခြင်း စသည်ဖြင့် အတူတကွလုပ်ဆောင်စေချင်ပါသည်။

သဘာဝတရားကြီးကို ပျက်စီးစေနေတဲ့ အကြောင်းအရင်းတွေက အခုမျက်မှောက်ကာလမှာ ပြောလို့မကုန်နိုင်တော့ပါဘူး..။ထို့အတွက်လည်း ပြင်ဆင်ရန်ထိန်းသိမ်းကြရန် အကြောင်းတရားများက ပြောလို့ဆုံးမည်မထင်ပါ..။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ကတော့ မိမိတို့ တက်အားသ၍သာ ပတ်ဝန်းကျင်ကောင်းမွန်စေသော အမူအကျင့်များဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိနိုင်လျှင်တော့ နောင်နှစ်၂၀ အတွင်းမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး ပြန်လည်လှပသာယာလာနိုင်ပါတယ်... လို့ပဲ အိမ်မက်ရှည်ကြိးတွင် နစ်မြောမနေဘဲ ယခုပဲ ကျွန်တော့ရဲ့ အင်ဂျင်ကျ မီးခိုးလုံးနေတဲ့ဆိုင်ကယ်လေးကို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အမြောက်အများ ထုတ်လွှတ်နေခြင်းမှကာကွယ်ရန် ဆိုင်ကယ်ဝပ်ရှော့သွားရောက်ကာ အင်ဂျင်ဝိုင်လေးသွားလဲလိုက်ဦးမယ်ဗျာ...

စာပါအကြောင်းအရာ ၅ကြောင်းဝန်းကျင်အား Wikipedia မှ မြန်မာ့သစ်တောအကြောင်းအရာအား မှီငြမ်းကာ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Photos Credit : Google Photos

Author : Arkar Phyo
@arkarphyo
27.1.2018 (Saturday)
MSC-214

Sort:  

အများကြီး​ရေးထားတာပဲ အကို......။
ဆုရပါ​စေဗျာ......။

အေးပါကွာ နိက မတင်ဘူးလား

သဘာဝကပေးတဲ့အရာကို လေးစားတန်ဖိုးထားကာ မြတ်နိုးကြပါစို့

ဟုတ်ကဲ့ပါခင်ဗျာ

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်@arkar

ဟုတ်အကို

Good ဗျို့ 👍

ဟုတ်ကဲ့ပါ

ဖတ်သွားသည်
မောတာ

ဘာလို့​မောတာလဲ အယ်​မ

Very Good Bro
ဗဟုသုတ များလှပါတယ်
ဆုရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
ကမ္ဘာမှာ မြန်မာဟာ တဖြေးဖြေးနဲ့ ဆိုးရွားလာနေတာကတော့ များကြီးပဲထင်ပါတယ်
တော်တော်ပြင်လို့ မလွယ်တာတွေပါ
ရှေ့ နောက်ပဲ မကြည့်ကြတာလား
ပိုက်ဆံ ကြောင့်ပဲလားတော့မသိဘူး
တံတားဆိုလည်း ဖောက်လိုက်တာပဲ
မကောင်းတော့မဟုတ် ကောင်းပါတယ်
တစ်ဖက် ကမ်းပြို တစ်ဖက်သောင်ထွန်းရုံတင်မက ရေကြီးရေလျှံတွေဖြစ် မုန်တိုင်းတွေတိုက်ဖြစ်ကုန်ရောပဲ
Good bro ဆုရပါစေဗျာ

ဟုတ်​အကို ​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေဗျာ မ​မျော်​မှန်းရဲပါဘူးခင်​ဗျာ

This post has received a 2.07 % upvote from @boomerang thanks to: @arkarphyo

You got a 0.78% upvote from @postpromoter courtesy of @arkarphyo!

Want to promote your posts too? Check out the Steem Bot Tracker websitevote for @yabapmatt for witness! for more info. If you would like to support the development of @postpromoter and the bot tracker please

Sneaky Ninja Attack! You have been defended with a 1.73% vote... I was summoned by @arkarphyo! I have done their bidding and now I will vanish...Whoosh

This post has received a 0.65 % upvote from @booster thanks to: @arkarphyo.

This post has received gratitude of 0.80 % from @appreciator thanks to: @arkarphyo.

Thank you arkarphyo for making a transfer to me for an upvote of 1.41% on this post!

funds growth projects for Steem like our top 25 posts on Steem!Half of your bid goes to @budgets which

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

တင်ပြဆွေးနွေးထားချက်များမှာပြည့်စုံပါတယ် အောင်မြင်မှုရပါစေ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ

woo!! ဒီလောက်အရှည်ကြီးရေးနိုင်တယ် အားကျထာ

အမ်ရှည်လို့လားဗျ

အရမ်းကောင်းပါတယ် ဆုရပါစေဗျာ