( ကလေးဘဝအရွယ်နှင့် အပူအပင်များ )
ကျွန်တော် ဒီကနေ့ညနေပိုင်းလောက်က အလုပ်
လုပ်ရင်း ဘယ်လိုအကြောင်းမျိုးကိုရေးရ၇င်
၊ကောင်းမလဲလို့ ထိုင်ပြီးစဉ်စားနေမိတယ် စာရေးဖို့
အတွက် ကျွန်တော်ရဲ့ခေါင်းထဲမှာ ဘာတစ်ခုမှထွက်မလာဘူးဖြစ်နေတော့
နည်းနည်းလေးတော့ စဉ်းစားရကျက်နေတာပေါ့...
သို့ပေသော်ငြာလဲကျွန်တော်ရဲ့ ကျွန်တော်ရဲ့ ၊ရှေ့မှာ လူ
၊တော်တော်များများက ကားလမ်းမပေါ်မှာ ကိုယ်စီကိုယ်စီ
၊လျှောက်နေကြတာကို ကျွန်တော်ရဲ့မျက်လုံးနဲ့
မြင်နေတာကို ခဏလောက်ထိုင်ပြီးငေးမိခဲ့တယ်ဗျ
ကျွန်တော်ငေးနေတဲ့ အမြင်တွေက တစ်ဖြေးဖြေးနဲ့
ကျွန်တော်ရဲ့ဦးနှောက်ထဲကို အတွေးတစ်စက တိုးဝင်လာတယ်ဗျ
ပထမတော့ ကျွန်တော်တွေးနေတဲ့ စိတ်ကူးက ဘာမှမရှိခဲ့ဘူးဗျ
လမ်းပျောက်သလိုမျိုးပေါ့ဗျာ အဲ့ဒီအချိန်မှာ
လမ်းလျှောက်နေတဲ့ လူတွေအများကြီးမှ ကလေးတစ်ယောက်
၊ပြေးနေတာကို မြင်လိုက်ရတော့ အဲ့ဒီအချိန်မှာ
ကျွန်တော်တွေးမြင်လိုက်ရတဲ့ ခံစားချက်တစ်ချို့ကို
ကျွန်တော်ရင်မှာ ခံစားလိုက်ရတယ် ဘယ်လိုခံစားချက်လဲဆိုတာ
ကျွန်တော့်အတွက် စာရေးစေဖို့အတွက်
အထောက်ကူဖြစ်လာစေတယ်ဗျာ
အထောက်ကူုဖြစ်လာတဲ့ အတွေးတစ်စကို
ကျွန်တော်ချရေးလိုက်ရင် ကလေးအတွေးများ
ဖြစ်သွားမလားလို့ စိုးရိမ်မိတာတော့အမှန်ပဲ
သို့ပေသိ ဖြစ်တည်လာတဲ့ ခံစားချက်တစ်ချို့ကို
မရေးပဲနဲ့လဲ မနေနိုင်တော့ ၊ရေးလိုက်မိတယ်ဗျာ
ကျွန်တော်တို့ငယ်ငယ်တုန်က အပူအပင်မရှိပဲ
ကလေးဘဝက ၊ဆော့ကစားနေတဲ့အချိန်တုန်က
၊ငွေဘယ်လိုရှာရတယ်ဆိုတာ ဘယ်သူမှ
နားမလည်ခဲ့ကျဘူးပေါ့ဗျာ ကလေးဘဝအရွယ်ဆိုတော့
မုန့်စားမယ် ၊ဆော့ကစားမယ် အားရပါးရ
အပြင်မှာ လည်လို့ဝခဲ့ရင် အိမ်ကိုပြန်ကြမယ်ပေါ့
အိမ်အပြန်နောက်ကျရင် မိဘတွေက ဆူမယ် ရိုက်ခံရမယ်
ဘာမှ မသိတတ်သေးတဲ့ အရွယ်တွေဆိုတော့ မိဘတွေရိုက်လဲ
အမှတ်မရှိဘူးပေါ့ဗျာရိုက်လို့အသားနာရင် ၊အော်ငိုလိုက်ရင် မနာသလိုပဲ
ပြီးရင် မိဘကတွေက မုန့်ပေးပြီး သားသမီးတွေကို
ပြန်ချော့လိုက်နဲ့ဆိုတော့ ကျွန်တော်တို့ကလေးဘဝအရွယ်က
၊သောကမရှိတဲ့ အတွေးတွေနဲ့ဆိုတော့ ၊လောကကြီးက ကလေးတွေရဲ့
၊ဆော့ကစားရာ ၊နေရာတစ်ခုလိုပဲ သက်မှတ်ခဲ့ကျတာတော့ပေါ့ဗျာ
၊ငွေဆိုတာ ဘာမှမသိတတ်သေးတဲ့
အရွယ်လေးကနေ တစ်ဖြေးဖြေးနဲ့ ကြီးပြင်လာရတော့
ငယ်ငယ်က မသိခဲ့ဘူးတဲ့အရာတွေ
ငယ်ငယ်က မရှိခဲ့ဖူးတဲ့ အပူအပင်တွေက
အချိန်တွေနဲ့ အမျှ တစ်ရွေ့ရွေ့နဲ့ အသိတရားတွေက
တိုးဝင်လာတော့ အပူအပင်ဆိုတဲ့ ခံစားမှု့က
ဘယ်လိုကြီးလဲဆိုတာကိုလဲ သိခဲ့ရတယ်
၊ငွေမရှိရင် ဘယ်လိုနေရသလဲဆိုတာကိုလဲ သိခဲ့ရပြီ
ကျွန်တော်ကိုတိုင် ရှာဖွေနေရတဲ့ ပိုက်ဆံဆိုတဲ့
၊ငွေကို လူတိုင်ကိုယ်စီ ရုန်းကန်ရှာဖွေနေတာကို
မြင်နေရတော့ ကျွန်တော်ရဲ့ ငယ်ငယ်တုန်က
အကြောင်းလေးတွေကိုပြန်သတိရလိုက်မိတယ်
ပြီးတော့ ကလေးဘဝကို အလည်တစ်ခေါ်က်အဖြစ်နဲ့
ပြန်ရောက်ချင်နေတယ်ဗျ ကျွန်တော်ရဲ့အတွေးတွေက
ကလေးအတွေးမျိုးလိုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဗျာ ဒါပေသိ
ကျွန်တော်ရဲ့ရင်ထဲမှာ ခံစားလိုက်ရတာတော့ မိဘတွေက
ကျွန်တော်တို့ကလေးဘဝအရွယ်တုန်က
ရုန်းကန်ရှာဖွေပြီး ၊ကျွေးမွေးနေရတဲ့ ၊သောကတွေ
ကို ကျွန်တော်ကိုယ်တိုင် ကိုယ်ချင်းစာမိသွားတယ်
ဗျာ......ဆိုတဲ့အကြောင်းကို ၊ရေးသားလိုက်ခြင်းပဲဖြစ်ပါတယ်ဗျာ...
@arkarphyo7
photo.google
Good bro