မာနဂဲလေးရဲ့အချစ်တော်
တစ်ရွာသူမာနဂဲကိုမှကွယ် အသည်းကစွဲမိပြန်တယ်
၊ဝေးဝေးကတစ်ရွာသားမို့. ၊ပေါင်းဖတ်ရန်
ခက်နေပါလားကွယ် အလွဲမာနနှင့်
ချစ်မေတ္တာကိုမှ လက်ငင်းခံစားစံစားဖို့ဆိုတာ
ဘယ်ဖြစ်နိုင်ပါ့မလဲလေ မာနဂဲလေး ပုလဲသခင်လေးမို့
တစ်နေ့တော့ ချစ်ခြင်းဆိုတာကို သိလာလိမ့်မယ်
ထင်ပါတယ်လေသို့သော်လဲ ကိုယ်လိပ်ပြာ
ဆည်းဆာလေးနှင့် မတန်ရာကို လှမ်းမိမှတော့
ချစ်မိပြီဆိုမှာတော့ မပြန်နိုင်တဲ့ တို့ကို
မုန်းနေရင်တော့ ပြုံးမော့လို့ ချစ်နေပါ့မယ်ကွယ်
တစ်ရွာသားနှင့် မာနဂဲမို့ မဖြစ်နိုင်ဘူးတဲ့လာကွယ်
ပင်တိုင်စံမို့  ၊မော့ကာရွယ်စူးမိတဲ့ တို့ကို
ချစ်မေတ္တာသဘာဝပဲမို့. ဂုဏ်ဓနတွေနဲ့
တားထားလိမ့်မယ်လို့. မထင်ထားမိတာတော့
အမှန်ပါပဲလေ မာနဂဲ နှင့်ချစ်ခြင်းမေတ္တာ
ပုလဲသွယ်ချင်သူကိုမှ မတန်ရာတန်ရာဆိုတဲ့
စကားတွေနဲ့ ၊ရွှေငွေတွေကိုမှ မာနဂဲလေးက
ပိုပြီးတန်းဖိုးထားခဲ့လေမှတော့ အခါခါလွဲဖို့
မမျော်လင့်ပါတော့ဘူလေ မာနဂဲလေးရေ
ချစ်ခြင်းရဲ့ အဆုံးမှာ ဘာတွေဖြစ်မလာမလဲဆိုတာ
တစ်နေ့တော့ မာနဂဲလေးသိလာမှာပါကွယ်...။
@arkarsoe
Photo.google
ဂဲ..လို့.တမင်တကာရေးတာလား။မာနဆိုတဲ့ကိုယ့်ကိုကိုယ်
အထင်ကြီးမှူ့ဆိုတဲ့သဘောလေးကိုအစိုင်အခဲဖြစ်လောက်အောင်၊မာကြောတဲ့အကြောင်း.တင်စားထားတာဆိုတော့..
မာနခဲဆိုရင်..ဖတ်ရတာမျက်လုံးထဲကို၊ပိုပီးပေါ်လွင်စေတယ်လို့၊အကြံပြုပါရစေ။
ဟုတ်ကဲ့ပါ အကြံပြုပေးမှုအတွက်ကျေဇူးပါfri