- တန်ဖိုးဆိုတာ အရာရာတိုင်းမှာ ရှိတယ် *
ဘဝမှာ ..မရှိမဖြစ် ကိုင်စွဲရမဲ့ တန်ဖိုးဆိုတာရှိတယ်
လူတိုင်း လူတိုင်း ၊နေ့စဉ်နဲ့အမျှ
ရှာဖွေနေကျတာက ဘာများဖြစ်နေကြမလဲ...
ဒါမှဟုတ် ဘာတွေကိုရှာဖွေနေကြမလဲဆိုတာကို
ကိုယ်တစ်ယောက်ကလွဲပြီး ဘယ်သူကမှမသိနိုင်ပါ
သို့သော်လဲ ကိုယ်တစ်ယောက်ရှာဖွေခြင်းတွေက
နည်းလမ်းကျကျရှိဖို့တော့လိုလိမ့်မယ် ။
နည်းမရှိရင် လမ်းမရှိသလို လမ်းရှိရင်လဲ
နည်းဆိုတာ ဘယ်တော့မှ ရှိလာနိုင်မည်မဟုတ်ပါ။
ဒီတော့ ကိုယ်ရှာဖွေစုဆောင်းထားတဲ့အရာတွေကို
အတတ်နိုင်ဆုံး တန်ဖိုးထားတတ်အောင်
ပြုပြင်ပေးရမယ် လူတိုင်း လူတိုင်း ၊ခေါ်ဝေါ်ပြောဆိုနေကျတဲ့
တန်ဖိုးဆိုတဲ့ သတ်မှတ်ချက်တွေကို ယုံကြည်ရာအစွဲတွေ နဲ့
့ ရှေ့တန်းမတင်မိအောင်လို့ ကိုယ့်ရဲ့စိတ်ကို အတတ်နိုင်ဆုံး
ပြင်ဆင်ထားနိုင်ရမယ် ..။ ဘယ်အတွက်ကြောင့်မို့
ပြင်ဆင်ခိုင်းရတာလဲလို့ တစ်ယောက်တစ်မျိုး
အတွေးအမျိုးမျိုးတွေနဲ့ ၊တွေးနေကျမှာပဲ
ဟုတ်ပါတယ် ..လူတိုင်းတွေးထားသလိုမျိုးပါပဲ
ဘယ်အတွက်ကြောင့်ဆိုသော လူတိုင်းဟာ
စိတ်ခြင်းမတူညီနိုင်တဲ့အတွက် ရှာဖွေစုဆောင်း
၊နေခြင်းကလဲ မတူညီနိုင်လို့ပါပဲ တန်ဖိုးဆိုတဲ့
အရာတစ်ခုကို တစ်ချို့ချို့သော နေရာတွေမှာ
အကျိုးရှိအောင် အသုံးပြုတတ်သလို တစ်ချို့တစ်ချို့သော
၊နေရာတွေမှာလဲ တန်ဖိုးဆိုတာ အသုံးမဝင်နိုင်ဘူး..
ကိုယ်ရှာဖွေစုဆောင်းထားတဲ့ တန်ဖိုးတွေကို
မေ့နေခဲ့မယ်ဆိုရင် ၊အောင်မြင်ခြင်းဆိုတာကို မရနိုင်။
ချမ်းသာခြင်းကိုမကြုံနိုင် ။ ပြဿ နာအခက်တွေနဲ့ ကြုံတွေ့ရတတ်တယ်။
ဒီတော့ အမြဲတစေမထားမိတဲ့ တန်ဖိုးဆိုတဲ့အရာတစ်ခုကြောင့်
စိုပြေခြင်းတွေကင်းဝေးသွားတတ်သလို လှပခြင်းတွေ
ကွယ်ပျောက်သွားတတ်တယ် ။
ဘဝမှာ ပိတ်ထားမိတဲ့ တန်ဖိုးတစ်ခုကို
ပြန်ဖွင့်တတ်ဖို့အတွက် ကိုယ်ကိုတိုင်ပြန်ရှာတတ်ရမယ် ။
တစ်ခုတော့ရှိတယ် တန်ဖိုးတစ်ကို
ရှာဖွေတော့မယ်ဆိုရင် ကိန်းဂဏန်းမဖြစ်သေးတဲ့
သုံညတစ်လုံးကို တန်ဖိုးမရှိပါဘူးကွာဆိုပြီး
ဥပေက္ခာ မပြုမိအောင် သတိရှိရလိမ့်မယ်
ဘယ်အတွက်ကြောင့်ဆိုသော် တစ် ကနေ ကိုး ထိ
၊ရှေ့မှာ စီနေတဲ့ ကိန်းဂဏန်းတွေရဲ့ ၊နောက်ကွယ်မှာ
တန်ဖိုးရှိအောင်လို့ လိုက်ပြီးဖြည့်စီပေးနေရတဲ့
သုံညတစ်လုံးကြောင့်၊ ကိန်းဂဏန်းတွေအဖြစ်
၊ပြောင်းလဲပေးသွားတဲ့ တန်ဖိုးတွေကို
မြင်အောင်ကြည့်တတ်ဖို့ကို နမှုနာတစ်ခု သွင်
ဖြစ်စေချင်တယ်..။ ဘယ်အရာမဆို ခန့်မှန်းထားလို့မရတဲ့
အရာတွေမှာ ၊ တန်ဖိုးဆိုတာ သူနေရာနဲ့သူ ရှိနေပြီးသားပါ
အဲ့ဒီတော့ ဘယ်အရာကိုမဆို
၊သေးသေး ကြီးကြီးပဲဖြစ်ဖြစ် အလေးအနက်နဲ့ထားရလိမ့်မယ်
ဒါမှလဲ တန်ဖိုးတစ်ခုကိုဖွင့်ဆိုဖို့အတွက် နည်းလမ်းကောင်းသော့ချက်တွေ
ရှာဖွေစုဆောင်လို့ရနိုင်မယ် ။ ကိုယ်ပိတ်ထားမိတဲ့
တန်ဖိုးတစ်ခုကို ပြန်ပြီး အစားထိုးနိုင်ဖို့ဆိုတာ
နည်းနည်းတော့ ခက်ခဲလိမ့်မယ် သို့သော်
အရင်က ၊လျှောက်လှမ်းခဲ့တဲ့ လမ်းတွေမှာရော
၊ချောချောမွေ့မွေ့နဲ့ ၊လျှောက်လှမ်းခဲ့ဖူးသလားလို့
ပြန်တွေးကြည့်ရမယ် ဒါမှလဲ တန်ဖိုးဆိုတာ
၊နေရာတိုင်းမှာ ရှိနေပါပဲလားဆိုတာကို သိမြင်
ခံစားလာရမယ် ဒါဟာ ပိတ်ထားမိတဲ့ တန်ဖိုးကို
ရှာဖွေဖို့အတွက် လမ်းစတစ်ခုပါပဲ ။
တစ်ချို့ကတော့ ပစ္စည်းဥစ္စာတွေကို တန်ဖိုးလို့
၊ခေါဝေါ်ကြတယ် တစ်ချို့ကြပြန်တော့လဲ
ဂုဏ်ပကာသနတွေနဲ့ ကြွယ်ဝချမ်းသာနေတာကို
တန်ဖိုးတစ်ခုလို့ ထင်မြင်ကြမယ် အတွေးအမျိုးမျိုးနဲ့
တန်ဖိုးအမျိုးမျိုးတွေနဲ့ ရပ်တည်နေကြသလို
ယုံကြည်ရာတွေကို စွဲသုံးနေတတ်ကြတယ်
မတူညီတဲ့ ခံစားချက်တစ်ချို့ကို အမှားပဲလို့
မြင်တတ်ကြသလို မတူညီတဲ့ ခံစားချက်တစ်ချို့
ကိုလဲ အမှန်ပဲလို့ မြင်တတ်ကြတယ် ။
ပိတ်ထားမိတဲ့ တန်ဖိုးတစ်ခုကို ဖွင့်တော့မယ်
ဆိုရင် တန်ဖိုးတစ်ခုကိုပြောင်းလွှဲပေးနိုင်တဲ့
သင်္ကေတတစ်ခုက အမှားနဲ့အမှန်ပဲ
အဲ့ဒီအမှားအမှန်ကို ပြုပြင်ပေးနိုင်ခဲ့မယ်ဆိုရင်
တန်ဖို့တစ်ခုတွက် အထောက်ကူတစ်ခုတော့
ဖြစ်သွားနိုင်ပါတယ် ။ ဒီတော့ တန်ဖိုးမရှိဘူးဆိုတဲ့
အရာအားလုံးကို ၊သေတ္တာတစ်လုံးထဲမှာ ထည့်ပြီး
သိမ်းထားကြည့်ပါ တစ်ချိန်ချိန်မှာ
တန်ဖိုးရှိဖို့အတွက် အဲ့ဒီသေတ္တာလေးကို ပြန်ပြီး
ဖွင့်ကြည့်ရတတ်တယ် ဘာဖြစ်လို့လဲ ဆိုတော့
တန်ဖိုးမရှိပါဘူးဆိုတဲ့ အရာအားလုံးက
သူအလိုလို ဖြစ်လာခဲ့ခြင်း မဟုတ်တဲ့အတွက်
၊ကြောင့်ပါပဲ ကိုယ့်စိတ်က တန်ဖိုးမရှိပါဘူးဆိုပြီး
သိမ်းထားမိတဲ့ ၊သေတ္တာတစ်လုံးထဲမှာ
လုံလထကြွမှုတွေနဲ့ မိတ်ကောင်းဆွေးကောင်းတို့က
၊ပေးကမ်းထားတဲ့ အင်းအားတွေ ။ ကိုယ်ပိုင်ရှာဖွေ
ထားတဲ့ အကြံဥာဏ်တွေ ။ ကောင်းမွန်သော
ကိုယ်ကျင့်တရားတွေနဲ့ ရှာဖွေတတ်သော
အသိ အလိမ္မာတွေ ။ ယုံကြည်ခြင်းတွေ ။
ခိုင်မာမှုတွေ ။ စိတ်၏စေညွန်းရာ အဖုံဖုံတို့ကို
၊ပေါင်းစပ်ထားတဲ့ ဗဟု သုတများစွာတို့ဟာ
သိမ်းထားမိတဲ့ ၊သေတ္တာထဲမှာ ရှိကောင်းရှိနေနိုင်လို့ပါပဲ။
ဒီတော့ ပိတ်ထားမိတဲ့ တန်ဖိုးကို နားလည်းလာတဲ့အခါ သိမ်းထားတဲ့
၊သေတ္တာတစ်လုံးရဲ့တန်ဖိုးကို သိလာလိမ့်မယ် ဒါပေသိ
ပိတ်ထားမိတဲ့တန်ဖိုးတစ်ခုကို ပြန်ပြီး အသုံးဝင်လာစေတဲ့
အရာအားလုံးဟာ နဂိုက တန်ဖိုးမရှိပါဘူးဆိုတဲ့
အရာအားလုံးကို စွန့်လွှင့်ပစ်ခဲ့မယ်ဆိုရင်
ကိုလိုချင်တဲ့ တန်ဖိုးတွေကို လက်လွတ်ရူံးဆုံးရတာနဲ့
အတူတူပါပဲလားဆိုတာကို တစ်နေ့ တန်ဖိုးကိုသိလာတဲ့အခါ
ကြုံတွေ့လာနိုင်တဲ့ အသိအမြင်လေးတွေကို
၊တွေးတောမိခဲ့ခြင်းဖြစ်ပါတယ်...။
@arkarsoe
photo.google
ကောင်းတယ်ဖတ်လို့
ဟုတ်ကဲ့ပါအစ်ကိုရေး အားပေးမှုအတွက်ကျေဇူးပါဗျို