How to Make Beautiful Photo Frame

in #myanmar7 years ago

Beautiful photo frame

img1526222363188.jpg

img1526222214610.jpg

ပုံ​တွေထည့်​လို့ရ​အောင်​frameတစ်​ခုပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​တော့ကတ်​ထူစက္ကူ၊​ရောင်​စုံစက္ကူ၊​ကော်​ဘူး၊ကတ်​​ကြေး၊စသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေက​တော့ကတ်​ထူစက္ကူသုံးပြီး​လေး​ထောင့်​ပုံတစ်​ခုဖြတ်​မယ်​။နောက်​ပြီး​တော့ကတ်​ထူစက္ကူ​လေး​ထောင့်​ပုံအပြည့်​တစ်​ခုထပ်​မံဖြတ်​မယ်​။အလှဆင်​တဲ့အပိုင်းမှာ​တော့အ၀ါ​ရောင်​ကတ်​ထူ​စက္ကူကိုအပိုင်းပိုင်းဖြတ်​မယ်​။ပြီး​တော့အစိမ်း​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​သုံးပြီး​လေး​ထောင့်​ပုံစံစက္ကူ​ခေါက်​များ​ခေါက်​မယ်​။

IMG_20180510_110619.jpg

IMG_20180510_111010.jpg

ပထမဆုံးကို​တော့ကတ်​ထူ​ဘောင်​နှစ်​ခုပြုလုပ်​မှာပါ။အတိုင်းအတာအရွယ်​အစားကို​တော့မိမိနှစ်​သက်​သလိုပြုလုပ်​နိုင်​ပါတယ်​။ကတ်​ထူ​နှစ်​ခုအနက်​တစ်​ခုကို​တော့​ဘေးဘက်​ပတ်​လည်​အထူ1.8"ယူပြီး၊အတွင်းဘက်​ပိုင်းကိုဖြတ်​မှာပါ။နောက်​တစ်​ခုက​တော့အရွယ်​အစားတူ​ပေမဲ့​ကျောဘက်​ကပ်​ရန်​ကတ်​ထူအပြည့်​ဖြတ်​မှာပါ။ထို.​နောက်​နှစ်​ခုစလုံးကိုအစိမ်း​ရောင်​စာရွက်​ဖြင့်​ဖုံးအုပ်​​ကော်​ကပ်​ပါ့မယ်​။ပြီး​တော့ကတ်​ထူနှစ်​ခုကိုညီညာစွာပူးတွဲပြီးအနားစွန်းတစ်​​လျောက်​​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180510_150435.jpg

ဒီအဆင့်​မှာ​တော့အ၀ါ​ရောင်​ကတ်​ထူများကိုအရွယ်​အစားတူညီတဲ့အပိုင်းငယ်​များဖြတ်​ပြီးပုံမှာမြင်​ရတဲ့အတိုင်းပုံစံ​ဖော်​ကာ​ကော်​ကပ်​မယ်​။

IMG_20180510_154504.jpg

IMG_20180510_154710.jpg

IMG_20180510_154732.jpg

IMG_20180510_160229.jpg

ပြီး​နောက်​အလှဆင်​ရန်​အတွက်​စက္ကူအပိုင်းများဖြတ်​ကာ​လေး​ထောင့်​ပုံစံ​ခေါက်​မှာပါ။ဒီအတွက်​ပန်း​ရောင်​နှင့်​အစိမ်း​ရောင်​စာရွက်​ကိုအသုံးပြုမှာပါ။ပြုလုပ်​နည်းက​တော့​လေး​ထောင့်​ပုံစံလိုချင်​တာ​ကြောင့်​စက္ကူပတ်​ရန်​အရာဝတ္ထုတစ်​ခုလိုအပ်​ပါတယ်​။ဒီမှာ​တော့​လေး​ထောင့်​ပုံရှိတဲ့နုတ်​ခမ်းနီဘူးကိုအသုံးပြုလိုက်​တာပါ။ရောင်​စုံစာရွက်​ကိုစက္ကူအပိုင်းငယ်​များ​ခေါက်​ပြီး၊နုတ်​ခမ်းနီဘူးပတ်​လည်​ကိုပတ်​၍​ကော်​ကပ်​လိုက်​မယ်​။ထိုအခါ​လေး​ထောင့်​ပုံစံစက္ကူ​ခေါက်​များရမှာပါ။

IMG_20180511_094444.jpg

IMG_20180513_210333.jpg

ဆက်​လက်​ပြီးကတ်​ထူစက္ကူကိုသုံးပြီးကတ်​ထူစက္ကူ​ခေါက်​တစ်​ခုပြုလုပ်​ပါ့မယ်​။ကတ်​ထူစက္ကူတစ်​ခုကိုတိုင်းတာပြီး၊ဒီအ​ပေါ်မှာမှအစိမ်း​ရောင်​စာရွက်​အပြည့်​ဖုံးအုပ်​လိုက်​မှာပါ။ပြီး​တော့သုံး​မြောင့်​ပုံစံ​ခေါက်​မှာပါ။ဆက်​လက်​ပြီး​ကော်​ကပ်​မယ်​။ပိုခိုင်​ခံ့​စေရန်​tapeနှင့်​ထပ်​မံကပ်​လိုက်​မှာပါ။

IMG_20180511_095058.jpg

double tapeသုံးပြီးframeနှင့်​တွဲပြီးကပ်​မှာပါ....
My beautiful photo frame

img1526222290087.jpg

Thank you

MSC-008
By my photos & made by me Written by @asterkame

Sort:  

အရမ်းလှပပြီး အရောင်စပ်ထားတာလေးလည်း ဆန်းပါတယ်

ခုလိုအား​ပေးတာ​ကျေးဇူးပါ...ထပ်​ပြီးလည်းလှပတာ​တွေပြုလုပ်​ပါ့မယ်​...

frame လေးက ချစ်စရာလေးပါ ဘေးက လေးထောင့်အတုံးအကွက်လေးတွေအစား နောက်တစ်ခုလောက်ထည့်ပေးရင်တော့ ပိုလှမယ်ထင်ပါတယ်ဗျ

အကြံ​ကောင်း​လေး​ပေးတာ​ကျေးဇူးပါ...😊

ပညာတွေကိုမျိုးစုံနေတာပဲ
ချီးကျုးပါတယ်ဗျာ

ဟုတ်​ကဲ့...အား​ပေးတာ​ကျေးဇူးပါ.. ..

မယ်ကြည်ပုံလေး ထည့်လိုက်ရင် အဇမ်း လှနေရော့မေ နော် @aster😍😍

ကြည့်​ပုံ​လေးထည့်​ရင်​အဇမ်းအဇမ်းကိုလှ​နေမှာပါ😍😍😍

အမြဲတမ်းအားပေးလျက်ပါaster

အား​ပေးတာ​ကျေးဇူးပါ​နော့....

ချစ်စရာ frame လေးဗျာ 😍လုပ်ကြည့်အုံးမှပါ😍

အိုခီ...လုပ်​ကြည့်​ပါ...ချစ်​စရာframe​လေးရမှာပါ...

photo ထည့်လို့ရတဲ့ frame လေးပေါ့ လှတယ် အမ

အင်း...ဟုတ်​တယ်​...photo frame​လေးပါ...

ဘောင်ကွပ်တာတွေ ပညာသားပါပါတယ်ဗျာ Respect

ခုလိုအား​ပေးလို့thanks par😊

ပညာတွေ ဘယ်နေ့ကုန်မလဲ တော့မသိ
ခုထိ အမ ပညာတွေက တော့ မခမ်းစဲပါလား
လေးစားပါတယ်အမရေ

ဒီလိုဘဲ....frameတစ်​ခုလုပ်​ရင်​လည်း​လေး​ထောင့်​​နေရာမှာအခြားဒီဇိုင်း​ဖော်​ကြည့်​မယ်​...decor​နေရာမှလည်းဒီဇိုင်းဆန်း​တွေ​ပြောင်းကြည့်​ရင်​​နောက်​ထပ်​လှပတာ​တွေထပ်​ရမှာပါ...

ချစ်စရာframeလေးပါ အကြောင်းလေးတွေကို ပန်းရောင်လေးထည့်ရင် ပိုပေါ်လွင်မလားမသိဘူးနော်အမ

အင်း...ဟုတ်​တယ်​...ပန်း​ရောင်​နဲ့ဆိုပို​ပေါ်လွင်​သွားမယ်​...ခုလိုအကြံ​ပေးတာ​ကျေးဇူးပါ....

လက်မှု ပန်းဘောင်လေးပေါ့မမ
လှတယ်ဗျာ

အင်း...ဟုတ်​တယ်​...ဓာတ်​ပုံ​ဘောင်​​လေးပါ...​ကျေးဇူး​နော့.. .

ညီမPost တစ်‌ခုရဘို့ ‌တော်‌‌တော်‌ရင်းရမှာဘဲ‌နော်‌။အချိန်‌လည်း‌ပေးရမယ်‌။