How to Make Beautiful Paper Wall Hanging

in #myanmar6 years ago

Paper Art

img1532355564655.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​လို့ရတဲ့paper artတစ်​ခုပြုလုပ်​ထားတာပါ။ပန်းပွင့်​များမပါဝင်​ဘဲပုံစံတစ်​မျိုးနှင့်​ပြုလုပ်​ခဲ့တာပါ။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်းများက​တော့​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ကတ်​ထူစက္ကူခဲတံ၊​ပေတံစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကပထမဆုံး​ရောင်​စုံpaper stickများပြုလုပ်​ကာကတ်​ထူ​ပေါ်ပုံစံ​ဖော်​​ကော်​ကပ်​ရမယ်​။ပြီး​တော့heart shapeများကိုပြုလုပ်​မယ်​။ဆက်​လက်​ပြီးသစ်​ပင်​အကိုင်းအခက်​ပုံစံတစ်​ခုဖန်​တီးရမယ်​။နောက်​ဆုံးအဆင့်​မှာ​တော့paper bowတစ်​ခုပြုလုပ်​ရမှာပါ။

img1532331832559.jpg

ပထမဆုံးအ​နေနှင့်​paper stickများပြုလုပ်​ပါ့မယ်​။အ​ရောင်​ကို​တော့အပြာ​ရောင်​နှင့်​အဖြူ​ရောင်​စာရွက်​ကိုအသုံးပြုမှာဖြစ်​ပြီး၊paper stickများပြုလုပ်​လိုက်​ပါ့မယ်​။ပြီး​နောက်​မိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားအတိုင်းကတ်​ထူတစ်​ခုကိုဖြတ်​မယ်​။ဒီအ​ပေါ်တွင်​မှpaper stickများကို​ကော်​ကပ်​ပုံစံ​ဖော်​ရမှာပါ။အတွင်းဘက်​ကို​တော့အဖြူ​ရောင်​များကိုညီညာစွာ​ကော်​ကပ်​မှာဖြစ်​ပြီး၊အပြင်​ဘက်​ပတ်​လည်​ကို​တော့အပြာ​ရောင်​paper stickများသုံးခုစီပုံမှာပြထားတဲ့အတိုင်း​ကော်​ကပ်​ရမှာပါ။

IMG_20180723_180311.jpg

IMG_20180723_180332.jpg

ဆက်​လက်​ပြီးပြုလုပ်​မှာကသစ်​ပင်​အကိုင်းအခက်​ပုံစံနှင့်​heart shapeများပြုလုပ်​မှာပါ။ပထမဆုံးကတ်​ထူတစ်​ခု​ပေါ်မှာသစ်​ပင်​အကိုင်းအခက်​ပုံစံကိုဆွဲမယ်​။ပြီး​တော့အနက်​​ရောင်​​ဆေးခြယ်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့ဆွဲထားတဲ့ပုံစံအတိုင်းကတ်​​ကြေးဖြင့်​ညီညာစွာဖြတ်​ရမှာပါ။ရရှိလာတဲ့အကိုင်းအခက်​​ပေါ်မှာသစ်​ရွက်​များအဖြစ်​heart shape​တွေနှင့်​ပုံ​ဖော်​ချင်​တာ​ကြောင့်​heart shapeများဆက်​လက်​ပြုလုပ်​ပါ့မယ်​။

IMG_20180722_214452.jpg

heart shapeပြုလုပ်​ရန်​အနီ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုအသုံးပြုမှာပါ။ပထမဆုံးမှာ​တော့ကတ်​ထူစက္ကူ​ပေါ်အရွယ်​တူheart shapeများဆွဲပြီး၊ကတ်​​ကြေးဖြင့်​ဖြတ်​မယ်​။ပြီး​နောက်​အနီ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​​ပေါ်မှာကတ်​ထူ​တွေကိုကပ်​ပြီးheart shapeပုံစံအတိုင်းဖြတ်​ရမှာပါ။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့paper stickကတ်​ထူရဲ့အဖြူ​ရောင်​​နေရာမှာသစ်​ပင်​အကိုင်းအခက်​ပုံစံနှင့်​heart shapeအရွက်​​လေး​တွေကိုပုံစံ​ဖော်​​ကော်​ကပ်​လိုက်​ပါ့မယ်​။ပုံများနှင့်​ပြထားပါတယ်​။

IMG_20180722_160529.jpg

IMG_20180722_162141.jpg

IMG_20180723_180353.jpg

ဆက်​လက်​ပြီးpaper bowတစ်​ခုပြုလုပ်​ရန်​အတွက်​အ၀ါ​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊အလယ်​မျဉ်းယူကာ၊ထိုမျဉ်းအထိ​ဘေးတစ်​ဘက်​စီမှ​ခေါက်​မယ်​။ထို​နောက်​အလယ်​မှဆက်​လက်​​ခေါက်​ချိုးလိုက်​ပါ့မယ်​။

IMG_20180723_105505.jpg

IMG_20180723_105525.jpg

ထို့​နောက်​ပုံပါအတိုင်းဆက်​လက်​၍နှစ်​ဘက်​စလုံးကို​ခေါက်​ပါ့မယ်​။

IMG_20180723_105629.jpg

IMG_20180723_105659.jpg

ပြီး​နောက်​ပုံမှာပြထားတဲ့အတိုင်းထပ်​မံ​ခေါက်​ချိုးမှာပါ။

IMG_20180723_105722.jpg

IMG_20180723_105741.jpg

ဒီ​နေရာထိ​ခေါက်​ပြီးရင်​​တော့ဆက်​လက်​ပြီးအလယ်​မျဉ်းထိတစ်​ဘက်​စီ​ခေါက်​ချိုးရမှာပါ။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်း​ခေါက်​ပြီးစက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါ့မယ်​။

IMG_20180723_105818.jpg

IMG_20180723_105902.jpg

စက္ကူ​ခေါက်​ကိုဖြန့်​ကာဒီပုံစံရရှိပြီးလျင်​၊ကျန်​​ဘေးဘက်​​ထောင့်​​လေး​ထောင့်​ကိုလည်းပုံပါအတိုင်းဆက်​လက်​​ခေါက်​ပါ့မယ်​။

IMG_20180723_105955.jpg

My paper wall hanging

img1532355401409.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှလိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

အလွန်လှပပါတယ် ချစ်စရာကောင်းလိုက်တာ

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ....

မယွန်းတို့က​တောကြိုးစားလိုက်​တာ ဟိုဘက်​​ရော ဒီဘက်​​ရော

😂နားရတယ်​ကိုမရှိဘူး....အလျင်​မီ​အောင်​လှုပ်​ရှားရတာ....ဟိ

အသဲပုံ‌နေရာမှာ သစ်‌ခက်‌ သစ်‌ရွက်‌ဆို ပိုအသက်‌ဝင်‌မယ်‌၊ လှပါတယ်‌ ညီမ။

ဟုတ်​ကဲ့...အသည်းပုံကို​တော့ဖန်​တီးထားတဲ့သ​ဘော​ပေါ်​အောင်​ထည့်​လိုက်​တာပါ....အကြံဥာဏ်​​ပေးလို့​ကျေးဇူးပါ...​နောက်​လည်းလိုအပ်​တာ​လေး​တွေရှိရင်​​ပြောပြပါ....

လိုချင်​စရာ​လေးဗျာ☺ ☺

ဟုတ်​ကဲ့...​ကျေးဇူးပါ....
လက်​​ဆောင်​​ပေးပါ့မယ်​...

မမယွန်း ခေးဆီလာလည်ပါအုးံ

Oki....လာခဲ့မယ်​​နော့....

ဒီတစ်​ခါလည်း ထပ်​​ကြွေပြန်​ပီ ​လေးစားပါတယ်​ရှင့်

ခုလိုအား​ပေးလို့​ကျေးဇူးပါ....ဆက်​ကြိုးစားပါ့မယ်

အလန်းပါဗျာ သဘောကျတယ် wall papar လေး

ဟုတ်​ကဲ့...အား​ပေး​လို.​ကျေးဇူး​နော့.. .

ဖဲပွင့် ခေး လုပ်ရတာတောင် မလွယ်ပါ့ပဲ ယွန်းရေ😊

ဟုတ်​တယ်​ကြည်​...စ​က္ကူ​ခေါက်​​သေသပ်​ရင်​ပိုလှတယ်​....

လှလိုက်တာနော်... ဖဲပွင့်လေးကိုက ပညာသားပါတာနော်...

အင်း....လှတယ်​ဆိုလို့ပျော်​ပါတယ်​.. .....😊

အမြဲတမ်းအားပေးလျက်ပါနော်

အား​ပေးလို.​ကျေးဇူးပါ....

အမြင်တမျိုး ရိုးရိုးလေးနဲ့လှ
ပညာသားပါလှ

ဟုတ်​ကဲ့...​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်

လက်ရာလေးတွေ ဆန်းသစ်တယ်နော်။ အနုပညာမြောက်တယ်။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်
ခုလိုအား​ပေးလို့​ကျေးဇူးပါ....