How to Make Paper Gift Bag

in #myanmar6 years ago

Paper Gift Bag

img1533737603730.jpg

ဒီတစ်​ခါပြုလုပ်​ထားတာကစက္ကူအိတ်​တစ်​လုံးပါ။စက္ကူကြယ်​​လေး​တွေနှင့်​အလှဆင်​ထားတာဖြစ်​ပြီး၊လက်​​ဆောင်​ထည့်​ပေ့း​လို့ရသလို၊note​တွေထည့်​လို့လည်းအသုံးဝင်​ပါတယ်​။ဒီလိုစက္ကူအိတ်​ပြုလုပ်​ရန်​အဆင့်​​တွေကပန်းစက္ကူသုံးပြီးကတ်​ထူနှင့့်​တွဲ၍၊ကတ်​ထူတစ်​ရွက်​ဖြတ်​ရမှာပါ။ပြီး​တော့​ဘေးဘက်​နှစ်​ဘက်​တွင်​​ကော်​ကပ်​ရန်​အစိမ်း​ရောင်​စာရွက်​ကိုတွန့်​​ခေါက်​ရမှာပါ။ပြီး​နောက်​ကြယ်​နှစ်​ပွင့်​​ခေါက်​ရမှာပါ။ကြိုးအတွက်​ကဖဲကြိုးကိုအသုံးပြုမှာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူစက္ကူ၊ပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊​ကော်​ဘူး၊ကတ်​​ကြေး၊ဖဲကြိုး၊double tapeစသဖြင့်​လိုအပ်​တာပါ။

img1533737512020.jpg

ပထမဆုံးအ​နေဖြင့်​အစိမ်း​ရောင်​စာရွက်​နှစ်​ရွက်​ယူပါ့မယ်​။A4sizeပါ။စာရွက်​ကိုပုံပါအတိုင်းညီညာစွာတွန့်​​ခေါက်​ရမှာပါ။အလယ်​မှ​ခေါက်​ချိုး၍​ကော်​ကပ်​ပါ့မယ်​။

IMG_20180807_163401.jpg

ပြီး​တော့ကတ်​ထူစက္ကူနှင့်​ပန်းစက္ကူကိုတွဲ၍​ကော်​ကပ်​မှာပါ။ခုနကပြုလုပ်​တဲ့အစိမ်း​ရောင်​စက္ကူ​ခေါက်​အလျားကိုတိုင်းတာပြီး၊ဒီအတိုင်းအတာနှင့်​အညီကတ်​ထူကိုဖြတ်​ရမှာပါ။ဘေးနှစ်​ဘက်​မှာအစိမ်း​ရောင်​စက္ကူ​ခေါက်​ကိုထားပြီး၊အလယ်​မှာကတ်​ထူကိုထားကာ​ကော်​ကပ်​ရမှာပါ။

IMG_20180807_164629.jpg

IMG_20180808_113553.jpg

ပြီး​တော့အဖွင့်​အပိတ်​ပြုလုပ်​ရန်​အနီ​ရောင်​စာရွက်​ကိုသုံးပြီးကတ်​ထူစက္ကူနှင့်​​ကော်​ကပ်​မှာပါ။ပြီး​တော့အနီ​ရောင်​ကတ်​ထူတစ်​ခုကိုစက္ကူအိတ်​ရဲ့​ကျောဘက်​မှ​ကော်​ကပ်​မယ်​။ကျန်​တစ်​ခုကို​တော့​ရှေ့ဘက်​မှာထား၍​ကော်​ကပ်​မှာပါ။ချိတ်​ဆွဲလို့လည်းရ​အောင်​အိတ်​ရဲ့ကြိုးအတွက်​ဖဲကြိုးကိုဘဲအသုံးပြုလိုက်​ပါတယ်​။အခြားမိမိနှစ်​သက်​တဲ့ကြိုးများလည်းအသုံးပြုနိုင်​ပါတယ်​။ကြိုးကိုလိုအပ်​တဲ့အလျားအတိုင်းဖြတ်​၍double tapeနှင့်​အတွင်းဘက်​မှာကပ်​မှာပါ။ပုံ​လေး​တွေနှင့်​ပြထားပါတယ်​။

IMG_20180808_093852.jpg

IMG_20180808_094016.jpg

ဆက်​လက်​ပြီးစက္ကူကြယ်​​လေး​တွေ​ခေါက်​ရမှာပါ။ကြယ်​တစ်​ပွင့်​မှာစက္ကူ​ခေါက်​ငါးခုအသုံးပြုရမှာဖြစ်​ပြီး၊အတိုင်း​အတာက​တော့အလျားနှင့်​အနံကို1:2ယူမှာပါ။ဒီမှာ​တော့အလျား14၊အနံ7နှင့်​ကြယ်​ပွင့်​တစ်​ပွင့်​၊အလျား12၊အနံ6နှင့်​ကြယ်​တစ်​ပွင့်​၊စုစု​ပေါင်းနှစ်​ပွင့်​ပြုလုပ်​ထားတာပါ။စက္ကူ​ခေါက်​နည်းက​တော့အလယ်​မှပထမဆုံး​ခေါက်​ပါ့မယ်​။ပြီး​တော့ထပ်​မံ၍တစ်​၀က်​စီ​ခေါက်​ပါ့မယ်​။စုစု​ပေါင်းအညီအမျှပိုင်း​လေးပိုင်းရမှာပါ။

IMG_20180808_090959.jpg

IMG_20180808_091034.jpg

IMG_20180808_091134.jpg

အလယ်​ထိကိုတစ်​ဘက်​စီ​ခေါက်​ချိုးပြီ3း/4ထပ်​မံ​ခေါက်​ချိုးမှာပါ။

IMG_20180808_091153.jpg

IMG_20180808_091222.jpg

စက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ပြီးပုံပါအတိုင်းထပ်​မံအဆင့်​ဆင့်​​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180808_091304.jpg

IMG_20180808_091338.jpg

IMG_20180808_091428.jpg

ဒီလိုစက္ကူ​ခေါက်​ငါးခုကိုတစ်​ခုနှင့်​တစ်​ခုဆက်​ပြီးကြယ်​ပွင့်​ပုံ​ဖော်​မှာပါ။

IMG_20180808_091800.jpg

IMG_20180808_091458.jpg

IMG_20180808_091443.jpg

Paper Gift Bag

img1533737186760.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

I appreciate your post

Thank for your comment

I liked your work,Very nice.

Thank you so much

သူများ​တွေEလိုမန့်​​တော့ ငါလဲEလိုမန့်​ကြည့်​စမ်​အူးမယ်
I like your post,very nice အဟီး

Eလိုreplyလုပ်​လိုက်​မယ်​...thank for your support comment...😜ဟိ

ဒီဇိုင်း‌လေး‌တွေက ဆန်းသစ်‌လှပတယ်‌ညီမ။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​....မရိုးရ​အောင်
အား​ပေးလို့​ကျေးဇူးပါ.. .

စက္ကူအိတ်​လေးလှပါတယ်
အလှပဲရမှာပေါ့နော်အမ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေ
ထည့်လို့ ရမလားမသိ

ရပါတယ်​...​ပေါ့​ပေါ့ပါးပါးပစ္စည်းများထည့်​နိုင်ပါတယ်​....အတွင်းဘက်​ကတ်​ထူနှင့်​ပန်းစက္ကူတွဲပြီး​သေချာ​ကော်​ကပ်​ထားတာပါ....ကြိုးအတွက်​ကdouble tapeသုံးထားလို့​ပေါ့ပါးတဲ့ပစ္စည်းထည့်​ဆွဲရင်​မပြတ်​ပါဘူး...လှတယ်​ဆိုလို့​ကျေးဇူးပါ...

good design
good thinking

ခုလိုအား​ပေးလို့​ကျေးဇူးပါ...bro ပိုစ့်​​တွေခုတ​လောသိပ်​မ​တွေ့ရဘူး....မဖတ်​ရတာကြာပြီ....

အရမ်းလှတဲ့ ဖန်​တီးမူ​လေး​တွေ

ဆက်​ကြိုးစားပါ့မယ်
လှတယ်​ဆိုလို့​ပျော်​ပါသည်​...​ကျေးဇူးပါ.....😀