လေးစားထိုက်​သူ

in #myanmar7 years ago

ချမ်းမြသာ ရပ်​ကွပ်​​လေးထဲထို့ ကိုမြင့်​ဦးတို့ မိသားစု​လေးပြောင်း​ရွှေ့လာကြသည်​။ သူဤရပ်​ကွပ်​​လေးထဲ​သို့ ​ရောက်​​ရောက်​ချင်း ​စောက်​နှင့်​ထွင်း ဆိုသည့်​နှယ်​ ​ရေကြီးခြင်းနှင့်​ကြုံ​ရ​လေသည်​။ ရပ်​ကွပ်​ထဲရှိ​သည့်​ လမ်းဆုံ၌ ​ဆောက်​လုပ်​ထားသည့်​ တံတား​လေးများ နိမ့်​ကျ​နေခြင်း​ကြောင့်​ ပင်​မ​ချောင်းကြီးထဲသို့ ​ရေထွက်​နိုင်​ခြင်း မရှိခြင်းဖြစ်​​နေသည်​ကို ကိုမြင့်​ဦးတစ်​​ယောက်​ ​တွေ့မြင်​ခဲ့ရ​လေသည်​။ ကိုမြင့်​ဦး၏ စိတ်​ထဲ၌ ဤရပ်​ကွပ်​​လေးတွင်းရှိတံတား​များအား ကွန်​ကရစ်​ တံတားများဖြစ်​​အောင်​လုပ်​​ဆောင်​မည်​ဟု စိတ်​၌ ​တေးမှတ်​ထားလိုက်​မိ​လေသည်​။
သို့​သော်​ မိမိကိုယ်​၌မူ ဤရပ်​ကွပ်​​လေးထဲသို့ ယခုမှ စတင်​​ရောက်​ရှိလာသည်​ဖြစ်​ရာ အလုပ်​တစ်​ခုစတင်​ရန်​ပင်​ ခက်​ခဲ၍​နေ​လေသည်​။
"ကိုမြင့်​ဦး ပစ္စည်း​တွေချရအုန်းမှာ​လေ ရှင်​ဘာ​တွေ ​ကြောင်​​တောင်​​တောင်​နဲ့ ကြည့်​​နေတာလည်း" ​အ​တွေးတို့၌ လွင့်​​မျော​နေ​သော ကိုမြင့်​ဦးတစ်​​ယောက်​ သူ၏ဇနီးသည်​ မလှ ​ခေါ်​သံကြားရမှ အိမ်​​ပြောင်းလာသည့်​ ပစ္စည်းများချရန်​ ပြန်​လည်​ သတိဝင်​လာမိ​လေသည်​။ ပစ္စည်းတို့ အား ​နေရာချင့်​သည့်​​နေရာတို့၌ ချကာထားခြင်း၊အိမ်​​လေး၌ လူမ​နေသည်​မှာ ကြာမြင့်​ ​နေ၌ သန့်​ရှင်းခြင်းတို့ အားကိုမြင့်​ဦးတို့ ဇနီး​မောင်​နှံ ပြုလုပ်​​ကြ​တော့၏။
" မယ်​လှ​ရေ ငါတို့ဒီ​ရောက်​တာလည်း တစ်​ပတ်​ ပြည့်​​တော့မယ်​ အလုပ်​​လေးတစ်​ခု​တော့ လုပ့ချင်​တယ်​ကွာ ဘာလုပ်​သင့်​လည်း အကြံ​လေးဘာ​လေး ​ပေးပါဦးဟ" ကိုမြင့်​ဦးအား သူ၏ဇနီးကို မယ်​လှဟုသာ ​ခေါ်တတ်​​လေသည်​။
"ဒါများ ကိုမြင့်​ဦးရယ်​ ​ထွေ​ထွေထူးထူး စဉ်းစားမ​နေပါနဲ့​တော်​ ကျုပ်​တို့ ကွမ်းဆိုင်​​လေးဖွင့်​ကြတာ​ပေါ့ရှင်​"
"​အေးဖွင့်​တာက ဟုတ်​တယ်​ မယ်​လှရ ငါမှကွမ်းယာ မရာတတ်​တာ နင်​လည်းသိသားနဲ့ ဆိုင်​မှာ နင်​ရှိ​နေရင်​ ပြသနာမရှိ​ပေမည့်​ နင်​မရှိချိန်​ကျ ဒုက္ခဟ မယ်​လှရ "
"ရှင်​ အဲ့တာ​တွေသာ ​တွေးပူ​နေရင်​ ဘာမှကို လုပ်​ဖြစ်​မှာ မဟုတ်​ဘူး ကိုမြင့်​​ဦး၊လုပ်​စရာရှိတာ လုပ်​ကြမယ်​ အလုပ်​ဘဲ လုပ်​ရင်းသင်​ရင်း သင်​သွားကြ​တာ​ပေါ့ရှင်​"
ကိုမြင့်​ဦး အ​နေဖြင့်​လည်း မလှဦး​ဆောင်​သည့်​အတိုင်း ကွမ်းဆိုင်​​လေး ဖွင့်​​လေ​တော့သည်​။စတင်​ ဖွင့်​သည့်​ အ​စောပိုင်​၌သာ အ​ရောင်းပါး​သော်​လည်း အချိန်​ကြာလာသည်​နှင့်​အမျှ ကိုမြင့်​ဦးတို့ ကွမ်းဆိုင်​​လေးသည်​ ​ရောင်းအား​ကောင်းလာ​လေသည်​။
ကွမ်းဆိုင်​မှရသည့်​ ​ငွေ​လေးသည်​ ကိုမြင့်​ဦး တံတား​ဆောက်​ရန်​ ရည်​ရွယ်​ချက်​အား အကူညီမ​ပေးနိုင်​ရှာ​သေး​ပေ။ အိမ်​ငှါးခ စားစရိတ်​တို့နှင့်​ ပိုလာသည်​မရှိ ဖြစ်​၍​နေ​တော့၏။
ကိုမြင့်​ဦးလည်း ကွမ်း​ဆိုင်​လည်း ပစ်​မထားရဘဲနှင့်​ ​နောက်​တစ်​ခုလုပ်​နိုင်​မည့်​နည်းလမ်း​အား ​တွေး​တောကြံဆ၍ ​နေ​လေသည်​။ သို့မှသာလျှင်​ မိမိ​ဆောက်​ချင်​သည့်​ ကွန်​ကရစ်​ တံတား​လေးများ​ဆောက်​လုပ်​၍ ကုသိုလ်​ယူနိုင်​မည်​ မဟုတ်​​ပေ​လော။
Crd-org-source
. image
. . . ဆက်​၍ဖတ်​ရှု​ပေးပါရန်​ . . .
Msc No 179

Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။ @aunggyi100

Sort:  

မျှော် ……… ဖတ်ရန် ready

ဟုတ်​ လာဖတ်​​ပေးတာ ​ကျေးဇူးပါဗျ

ဆက်ရန်ကို စောင့်နေပါသည် ထပ်တင်ပေးပါဗျ

ဟုတ်​အကို ​ကျေးဇူးတင်​ပါတယ်

This post has received a 2.61 % upvote from @drotto thanks to: @aunggyi100.

ကျေးဇူးပါပဲ @drotto

done vote bro ရေ

Thank you sis

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်​ပါတယ်​ @minnowsupport

အော် ဆက်ဖတ်ဖို့ မျှော်ရပြန်ပါပြီ

ဟုတ်​တယ်​ဦး​ထွေး​ရေ ကျွန်​​တော်​လည်း​အပိုင်း​ဆက်​​တွေဘဲ အားသန်​လို့ပါ

လောလောဆည်တော့ ကွမ်းယာဆိုင် ရေမြုပ်လို့  အရင်းပြုတ်နေပြီ ထင်ပါ့

ဟားဟား အရင်းပြုတ်​ပါဘူး ဘုရား

လောလောဆည်တော့ ကွမ်းယာဆိုင် ရေမြုပ်လို့  အရင်းပြုတ်နေပြီ ထင်ပါ့

ဘယ်လိုများ တံတားဆောက်မလဲ သိချင်မိ

ဟုတ်​ကိုဒို လာမယ်

လှူ ဒါန်းချင်တဲ့ ဇွဲစိတ်လေး ထက်သန်နေရင် တနေ့တော့ ဖြစ်လာမှာပါ

ဒါပဲ​လေ အာ့အမှန်​​ပေါ့ အမ

ဆက်​လက်​ဖတ်​ရှုမည်

ဟုတ်

‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌ဗျာ။