အပိုင်း (၁) ရောင်စုံဖျာခင်းပန်းခင်ကြီးနယ်လှပနေသော ကျောင်းပန်ဥယျာဉ်ထဲမှာ ´´နှင်းနှင်းဖြူဆိုသော ကောင်မလေး တစ်ယောက်.....။
နှင်းနှင်းဖြူ ´´ ဆိုသော ကောင်မလေး မှာ နွယ်ကြီးရွာမှ ၄မိုင်လောက်ဝေးသော ကျွန်တော်တို့ရှိရာ တောင်ဘိုကြီးရွာသို့ ပညာရှာလာသော ကျောင်းသူလေးတစ်ယောက်ဖြစ်သည်..။ စာအုပ်ကလေးနဲ့ ကျွန်တော်အမြင်ပြောပြရလျှင် စာကျက်နေတယ် ထင်တယ်......။ နှင်းနှင်းဖြူ ဟာဆိုလျှင် နာမည်နှင့် လိုက်အောင်ပင် အသားအရေမှာ ဝင်းဝါဖြူစွတ်နေသည်..။ လက်ချောင်းလေးများမှာလည်း ရွာမှာနေရသော်လည်း သေးသွယ်ပြီး ရုပ်ရှင်ထဲမှ မင်းသမီးများနယ် အလွန်လှပနေသည်..။ဥယျာဉ်ထဲ၌ နတ်သမီးလေး တစ်ပါးနယ် တင့်တယ်လှပေသည်..။ ထို့နေ့တွေ့ရခြင်းမှာ ကျောင့်ဖွင့်ရက် ပထမဆုံးတွေ့ရသော ထူးထူးခြားခြား တွေ့မြင်ရသော မြင်ကွင်းတစ်ခုပင်ဖြစ်လေသည်....။
မနက်၆နာရီ ထိုးသည်နှင့် အိပ်ရာထပြီး ရေချိုးလိုက်သည်။ မနက်စာ စားပြီး ပေါ့ပါးလန်းလန်းဆန်းဆန်း ကျောင်းသို့ လမ်းလျှောက်ထွက်လာသည်။ ကျောင်းဝင်ထဲရောက်သည်ဆိုနှင့် ကျောင်းသားများ ဘောလုံးကန်နေကြသည်။ ကျောင်းသူတွေကတော့ ကြိုးခုန်နေတော့သည်။ တစ်ယောက်ထည်း ယောင်လည်လည် နှင့် ကျွန်တော်စာသင် အခန်းထဲသို့ လာပါသည်။ တွေ့လိုက်ရသည်မှာ မထင်ထားဘဲ တွေ့လိုက်ရသည့် မျက်ဝန်းတစ်စုံ.....၊ဘယ်သူလေးများလဲ တွေ့ဖူးပါသည်။ ကျောင်း ပထမဆုံးဖွင့်ရက်က တွေ့ခဲ့ရသော ကောင်မလေးတစ်ယောက် ...။ ဪ... သူတောင်ကျောင်းကို ရောက်နေပြီကို ။ အတွေးနဲ့ ခုံပေါ်ထိုင်ပြီး မြန်မာကဗျာလက်ရွှေးစင်က ကဗျာများကို ဖတ်ကြည့်နေမိသည်။ ဘာရယ်မဟုတ် သူရှိရာ ခုံဘက်ကို လည်ြဲကည့်မိသည် သူကလည်းဘာရယ်မသိ လှည့်ကြည့်မိတုန်းနှင့် ဆုံမိသွားသည်။ အို..ငါဘယ်လိုဖြစ်မိသွားသည်မသိ....။ ကြက်သည်းမွှေးညည်းလေးတောင်ထသွားသည်။ ရင်တွေလည်း တဒိန်းဒိန်း ခုန်နေတော့သည်....။ တကယ်တော့ ကလေးဘဝမို့ မသိသေး၍ နှောင်ဖွဲ့မူဟုသော ချစ်ခြင်းတရားတို့ စတင်ဖြစ်ပေါ်လေခြင်းများလား စသည့် အတွေးကမ္ဘာထဲ မျောလွင့်သွားနေတုန်း....´´နှောင် နှောင် ``ဆိုသော ကျောင်းတတ်ခေါင်းလောင်းသံကဟန့်တားလိုက်ပါတော့သည်။
အတန်းပိုင်ဆရာမ အတန်းထဲဝင်လာသည်..။ ´´မင်္ဂလာပါ ဆရာမ ``နှူတ်ဆက်ပြီးအားလုံးထိုင်ကြသည်၊ ဆရာမစ၍ စာသင်နေပြီ.၊နှောင်...နှောင်..ဪပထမအချိန်တောင်ပြောင်းသွားပြီကိုး........။
ဒီလိုနဲ့ နှစ်ဝက်ရောက်လာခဲ့တယ်..။
နွယ်ကြီးရွာမှာ အမျိုးတွေရှိတဲ့ အကြောင်းသိလာခဲ့တယ်လေ..။ ´´အမေ..နွယ်ကြီးရွာမှာ အမ်ျိုးတွေရှိလား?´´ အင်း..ရှိတယ်လေ. အများကြီး ပဲ သားရဲ့´´ ´ဟင်`..ဒါဆို ဟို... ဘာလဲ သားရဲ့ ဘာမှမဟုတ်တော့ပါဘူး ..အမေရယ် ဪ...သားကလည်း အဲမှာ ကိုချစ်သန်းသမီး ဋ္ဌေးဋ္ဌေးဆိုတာလေ သိလား ´´ ဟုတ်.. သိတယ်လေ
ဒီလိုနဲ့ (၁၁) လပိုင်းရောကတော့ အန်တီဒေါ်ထွေးရီ အိမ်မှာ မဋ္ဌေးဋ္ဌေးက စက်ဘီး ထားတယ်နောက်ပြီး အဲမှာပဲ နေ့လည်စာ ထမင်းစားတယ်။ ပထမပိုင်းတော့ သူတစ်ယောက်တည်းရယ် နောက်ပိုင်းတော့ အဖော်တစ်ယောက်တိုးလားတယ်..။ ဘယ်သူလဲ ဆိုတော့ သူလေး .... နှင်းနှင်းဖြူဆိုသောကောင်မလေး တစ်ယောက်ပေါ့..။
ဝိုး မဋ္ဌေးဋ္ဌေးရယ် ဘယ်လိုမျိုးလုပ်လိုက်တာလဲဗျာ...
အစ်မက မိတ်ဆက်ပေးတယ်
ငါ့မောင်,သူက ´´နှင်းနှင်းဖြူ ``တဲ့ အစ်မတို့ရွာကပဲလေ
ဪ,ဟုတ် ကျေးဇူးတင်ပါတယ်
သောကြာနေ့ရောက်လာသည်...။
´´မဋ္ဌေးဋ္ဌေး ပြန်တော့မို့လား``
. ခပ်တည်တည်နှင့် မေးလိုက်သော မေးခွန်း.. ....
´´အေးလေ. .. ပြန်တော့မှာပေါ့ဟ့´´ဪ..... အေး ...ဒါနဲ့ နှင်းနှင်းဖြူ ရော ပြန်တော့မှာလား
``ပြန်ရမှာပေါ့အေ့ ငါမပြန်ရင် အမေကဆူမှာပေါ့ ´´
အဟင်း ......အဟင်း.. .....
ဟာ ဘာလဲဟ့...
မဋ္ဌေးဋ္ဌေးမှ အဟင်းခပ်လိုက်သောကြောင့် ဣနြေ္ဒ ပျက်သွားခြင်းဖြစ်သည်။
လုပ်ပြီ.. လုပ်ပြ်ီ ...ငါ့မောင်တို့များ
မဟုတ်ပါဘူး အစ်မရယ် သူငယ်ချင်းခြင်း မေးတာပါအစ်မကလည်း....
ရုတ်တရက် မဋ္ဌေးဋ္ဌေး မေးလိုက်သော မေးခွန်းကြောင့် ရှက်ယမ်းယမ်း ဖြေလိုက်ခြင်း ဖြစ်သည်။
ဪ....သူတို့တောင် ရွာပြန်တော့မှာကို.......။
``လွမ်းဆွေးခြင်း´´ဟုသော သောကတရားများ ဖြစ်နေတယ် လို့ သူမသိခဲ့ပါဘူး......။
ပုံ/တောင်ဘိုကြီးသား
တက္ကသိုလ် ထူးပိုင်