item အပိုင်း (၂)´´ သားရေ.....ထတော့လေ ´´
´´ယာခင်းထဲ ကြားတိုက်သွားရတော့မယ်လေ``
ကြင်နာမှု များနဲ့ နိုးလိုက်သော မမေ့ရဲ့ ဂရုဏသံ...ဟုတ်ကဲ့မေမေ. သားနိုးပါပြ်ီ နှမ်းပင် ပေါက်လေးများ ပေါင်းမြက်များနေသဖြင့် ပေါင်းရှင်းရန် အလုပ်ရှူပ်နေခြင်းဖြစ်သည်..။
ကျွန်တော်တို့ ယာခင်းက ရွာအနောက်ဘက်နတ်စင်နားက အခင်းလေဖြစ်သည်..။
သား..မင်းမမခိုင်ဇာက ကလေးတွေနဲ့သွားနှင့်ပြီ သားနဲ့အမေနဲ့ တံပိုးတုန်းပြင်ပြီး နွားနဲ့သွားရမှာ...
ဟုတ်လား.. .ဟုတ်ကဲ့အမေ့ .... သားပြင်ထားလိုက်မယ်လေ
အဖေနေမကောင်းဖြစ်နေလို့် သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်ကပဲ ရှစ်တန်းနှစ်က စပြီး နွားကိုင်တတ်လာချင်းဖြစ်သည်..။
အမေ့သွားမယ် ...
ဟဲ့နွား...ဘယ်တုန်း ပေကပ်ကပ်နဲ့တော့ကွာ ဟွမ်း....တောက်..
အစ်မရေ....ကျွန်တော် ရောက်ပြီ
ဘယ်ဘက်ကစပြီး တိုက်ရမှာလဲ
အိပ်ရာ မှဂမူးဂရူးနဲ့ထပြီး နွားထပ်ပိုးတပ်လာသောကြောင့် ဘယ်ဘက်ကစပြီး ကြားတိုက်ရမည်ကို သူမသိ။
အနောက်ဘက်က စတိုက်ရမှာ မောင်လေး
ဪ...ဟုတ်ကဲ့အစ်မ
ဟေက်..တောက်..ဟိုနွားဘယ်သွားတာ ကွာ စိတ်ရှိတိုင်းတာလုပ်ရင်တော့ သေတော့မှာပဲ နွားတွေကတော့ကွာ..ဟို
ရောက်ကတည်းကမနားတမ်းတိုက်ရင်းနဲ့ ကြောင်း (၄၀) ပြီးလောက် အမေရောက်လာသည်။
သားရေ.. နွားတွေနားခိုင်းရင်းနဲ့ ထမင်းကြမ်းကြော်စားအောင်
ဟုတ်ကဲ့အမေ့ သား ဒီကြောင်းပြီရင် လာခဲ့မယ်လေ
ဟာ့......လက်ဖက်သုတ်တွေအများကြီးပဲ
ဟုတ်တယ်လေ သားကြိုက်တယ်ဆိုလို့ များများသုတ်လာတာ.....
သားကြိုက်တက်ရင် လုပ်ပေးတတ်တဲ့မေမေတစ်ယောက်ရထားတဲ့ကျွန်တော့်အတွတ်တော့ ကံကောင်းတယ် လို့ဆိုရမှာပေါ့..........
အစ်မစားလေ ရော့
စားပါ မောင်လေးကလည်း မင်းကလက်ဖက်တအားကြိုက်တာလေ
ရပါတယ် အစ်မကလည်း... အစ်မလည်းစားပေါ့
အမေ့ နှမ်းပင်လေးတွေကတော့ မဆိုးပါဘူး ပေါင်းတွေ ရှင်းလိုက်ရင်တော့ ရင်ဆို့လောက်တော့ တတ်လာမှာ အသေချာပဲ
အဲ့ဒါကြောင့် ပေါင်းတွေ အသေရှင်းနေတာ
ကဲ သားတော့စားပြီးပြီ နွားတွေလဲ ဒီလောက်ဆို အမောပြေလောက်ပေါ့
အေးအေး နေအေးတုန်း တွန်းမောင်းထား သားရေ နေပူရင် အလုပ်မတွင်ဘူး နွားတွေလဲ ဆင်းရဲတယ် သားလဲပင်ပန်းတယ်
ဟုတ် အမေ့ ဟဲ့နွား ဖေသားကြီး သွားထားဟေ့
တစ်ကြောင်းပြီးတစ်ကြောင်း မောင်းရင်းနဲ့ ကြောင်း(၁၄၀)ရှိ နှမ်းခင်းတစ်ခုလုံးပြီးသွားလေပြီ......။
အမေ့ သား ကြားတိုက်တာစပ်သွားပြီ ပြန်မယ်လေ .....
အေးအေး ဒီကြောင်းလေးပေါက်ရင်ပြန်မယ် နွားတွေ သရက်ပင်အောက်မောင်းထားလိုက် အမောပြေပေါ့
ဟုတ်ကဲ့........
ပစ္စည်းတွေစုံပြီလား ပြန်မယ် ပြန်မယ် နေပူတယ်
သွားမယ် ညီလေး လာ မင်းမောင်း ငါ ရိုးပေါ်ကနေ စာကောင်ပစ်ရင်းလိုက်မယ် ဟုတ်ပလား ရော.့ မောင်း
ဟာ ဟိုမှာ ဆက်ရက်တစ်ကောင် ပိုင်ပြီ
ခွမ်း..ဟာ ကပ်သီလေးလွဲသွားတယ်ကွာ
တီ....တီ...........ဟင် ဆိုင်ကယ်လာနေပြီဟ့
ဟင်.........
အံဩလိုက်ပါဘိ..။
နှင်း..နှင်းနှင်းဖြူ.. .....
ခပ်ပိန်ပိန် လူကြီးတစ်ဦးတစ်ယောက်ရဲ့နောက်ကနေလိုက်ပါသူလေး.....။
ဟာ အနီနဲ့အနက် စပ်ကွက်လေးနဲ့ ဦးထုပ်ကလဲ အဆင်တူလေးနဲ့. အရမ်းလှနေလိုက်တာ......။
သူက နောက်လှည့်ကြည့်ပြီး ပြုံးပြသွားသေးသည်။
ဟာ...ဟား....အမောပြေတာကွာ
ဘယ်လိုမျိုးကြီးလဲတော့ သိဘူးဟ့ ရင်ထဲ ဟားဟား............
တောထဲပြန်လာပြီး ရေမိုးချိုးပြီးနားနေခိုက် ....
ကိုကံကောင်းရေ ကိုကံကောင်း
ဗျို့. ရှိတယ် လာခဲ့လေ
ဟာ..အရီးငြိမ်း ဘာတုန်း
အေး..နှမ်းခင်း ပျတွေ ကျနေလို့တဲ့ နင့်အဘက ဆေးပက်ချင်လို့ အဲ့တာ နင့် ပက်ခိုင်းမလို့လာတာ မနက်ဖြန် ကျောင်းဖွင့်ပြီလား
အင်း .....ဒီနေ့မှ စနေဆိုတော့နက်ဖြန် ဖွင့်သေးဘူးလေ ဆေးပက်မှာက ဘယ်ခင်းလဲ
ရွာအရှေ့ဘက်လေးတင် ငါ့တူလိုက်မယ်ဆို ဆေးဝယ်လိုက်မလို့ လာပြောတာ
အင်းပါ ...လိုက်ခဲ့မယ် နှမ်းခင်းပျကျတာဆိုတော့ ဘာဆေးတွေညာဆေးတွေပက်ရမယ် အဲ့တာတွေ ဝယ်ထားပေါ့
အမေ့ .... သား နေလင်းအောင်ဆီသွားလိုက်အုန်းမယ်
နေလင်းအောင်းတို့မိသားစုမှာအဖေက စိုက်ပျိုးရေး ဆေးတွေရောင်း ပြီး သူ့အမေကတော့ နွားတိုးနှစ်ကောင် ကြေးတိုးမွေးထားသည်။
အေး...မကြာစေနဲ့ တန်းပြန်ခဲ့နော် သား
ညနေကြ နွားကျွေးရအုန်းမှာ.....
ဟုတ် အမေ့ သွားလိုက်အုန်းမယ်
ဒေါ်လေး မြင့်ဝေဒေါ်လေး
အေး...ဘယ်သူလဲ လာခဲ့လေ
ဒေါ်လေးမြင့်ဝေမှာ နေလင်းအောင်ရဲ့ အမေဖြစ်ပြီး သဘောအလွန်ကောင်းသည်။
ဟော အောင်ထူးပိုင်ပါ့ရော လာ မင်းသူငယ်ချင်းက TVကြည့်လို့ အိမ်ပေါ်မှာ သွားလေ
ဟုတ်...
ဘာမှပြောမနေတော့ဘဲ အိမ်ပေါ်တတ်လာပြီး...... .
ဟေ့ယောင် နေလင်းအောင် ဘာတွေလုပ်နေတာတုန်း ငါလာတာတောင်မသိရအောင် ဟင်.... ယောင်
ဟာ.....ဘာတွေရေးနေတာလဲ
ရူး.......တိုးတိုး အကျယ်ကြီးမမေးနဲ့ ရဲရင့်အောင် သီချင်းကူးနေတာ တော်ကြာ အမေကြားရင်ဆူနေအုန်းမယ်
ဪ....အေးပါကွာ ဒါနဲ့ မင်းညနေကျဘယ်သွားမှာလဲ
ပုံမှန် အတိုင်းပေါ့ နွားတိုးနှစ်ကောင် ကြိုးညောင်းပြေမောင်ရမှာပေါ.
အေး..ဒါဆို ငါတို့ နွားတွေကို ဘုရားနားထိမောင်းရအောင် ဘုရားပေါ်မှာ စကားလေးဘာလေးပြောရတာပေါ့
အေး..ဒါဆိုပြီးရော့ ညနေကြ ငါလာခေါ်မယ် Ok
Ok,yes.
နှစ်ယောက်ချင်း လက်ဖဝါးရိုက်လိုက်ကြသည်။
ပုံ/တောင်ဘိုကြီးသား
တက္ကသိုလ် ထူးပိုင်
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://chaturbate.com/bon_aventura/