သင်္ကြန်တွင်းမှာ သူများတွေလို လျှောက်မလည်ဖြစ်တာနဲ့  Sky Net မှာ နေပြည်တော်မဏ္ဍပ်ရောက်လိုက်၊ရန်ကုန်မဏ္ဍပ်ရောက်လိုက်နဲ့  ဟိုကြည့်၊ဒီကြည့်နဲ့  ကြာတော့ပျင်းလာပြီ အနားမှာ ကြားနေရတာက မိချော နဲ့  မုန်လုံး ပျင်းပါကွယ်ဟုဆိုတာ facebook သုံးဖြစ်ပါသည်။facebook မှာ friendsတွေ တင်ကြတာ နေပြည်တော်သင်္ကြန်မှာ ကဲနေပြီ ၊ဘာညာ အစုံပေါ့လေ၊ တချို့ မိသားစုနဲ့ အတူ ၅ မိုင်ရောက်နေတယ် ၊ Live လွှင့်တဲ့သူနဲ့  ကိုယ်က မသွားတော့ သူများတင်ထားတဲ့ ပို့ စ်တွေ Like တွေပေးရတာ အမော ပေါ့ဗျာ။စိတ်မကောင်းစရာ တုံးလုံးပက်လက်နဲ့  ဆိုင်ကယ်တိုက်ကြတာ တွေကိုလဲ တွေ့ တယ်၊ အပျော်လွန်ကြတယ်နဲ့  တူပါရဲ့ ဆိုင်ကယ်ဦးထုတ်က မပါကြတော့ လမ်းမပေါ်မှာ ပက်လက် ၊ဦးခေါင်းအောက်မှာတော့ သွေးကွက်တွေ နဲ့  ဆိုတော့ မြင်ရတာ အခြေအနေ မကောင်းဘူး လို့ ထင်မိပါသည်။ကိုယ်နဲ့  နီးတဲ့ နေရာဖြစ်တဲ့ မြို့ရှောင် လမ်းဘက်မှာလဲ ကောင်လေးနဲ့  ကောင်မလေး ဆိုင်ကယ်မှောက်လို့  ကောင်းမလေး နေရာတွင် သေပြီး ကောင်လေးလဲ အခြေအနေ မကောင်းလို့  သတင်းတွေ တက်လာတာ တွေ့ ရပြန်သည်။facebook သုံးရတာ ပျော်ရွှင်စွာ ရေကစားနေကြသူ တွေကိုလဲ တွေ့ ရတယ်၊ စိတ်မကောင်းစရာ မြင်ကွင်းတွေလဲ တွေ့ ရဆိုတော့ စိတ်ပြောင်းသွားတယ် ဇာတ်ကားတစ်ကားလောက်ဒေါင်းပြီး ကြည့်နေတာ ကောင်းပါတယ်လို့ တွေးမိလိုက်ပါသည်။
ဇာတ်ကားကြည့်မယ်ဆိုတဲ့စိတ်နဲ့  facebook မှာဇာတ်ကားရှာ အစလေး နဲနဲ ဝင်ကြည့် ကောင်းမယ်ထင်တာနဲ့  ဒေါင်းပြီ၊ဇာတ်ကားလေးကြည့်ပြီးရင် အိပ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ပေါ့။ဒေါင်းရတာ သိပ်မကြာလိုက်ပါ ဇာတ်ကား အရှည့်က 1:30 နာရီ လောက်သာ ကြာပါသည်။ဇာတ်ကားအမည်က Rise of a warrior ဆိုတဲ့ ဇာတ်ကား ရောမ ဇာတ်ကားပုံစံပါပဲ ။ဇာတ်ကား အစမှာတော့ အဖေ တစ်ယောက်က သားကို ကွင်းပြင်ကြီးတစ်ခုထဲက တိုင်လုံးတွေ ပတ်ပတ်လည် စိုက်ထူထားတဲ့ အတွင်းထဲမှာကလေးတစ်ယောက်ကို သိုင်းပညာ သင်ပေးနေတာ၊အဝတ်အစား ပုံစံက ရောမ ခေတ် ကလို ဝတ်စားထားကြပါသည်။ကြည့်ကောင်းမယ့် ဇာတ်ကားလို့  ထင်မိတာပေါ့။ကလေးလေးက မင်းသားဖြစ် လာပြီး၊သိုင်းသင်ပေးတဲ့ အဖေကတော့ အသတ်ခံလိုက်တယ်။မင်းသား အရွယ်ရောက်လာတော့ ရန်သူတွေနဲ့  တိုက်ခိုက်တယ် ဒဏ်ရာရတယ်၊ပြီးတော့ နယ်မြေသစ်တစ်ခုကို ရောက်သွားခဲ့သည်။နယ်မြေသစ်က လူမျိုးစုတွေယာ နတ်ဘုရားကို ကိုးကွယ်ပြီး သူတို့ ရဲ့ အဝတ်အစားတွေက ဒီနေ့ ခေတ်နှင့် အညီ အဝတ်အစားတွေ ဖြစ်နေတာ၊ပြီးတော့ သူတို့ နေတဲ့ နေရာက လိုင်ဂူ လိုဟာမျိုးမှာ နေကြတယ်၊ညဘက်အိပ်တဲ့အခါ မိုးကာ အပါးနဲ့  ပြုလုပ်ထားတဲ့ ပုံစံမျိုး logo လေးတောင်ပါသေး ၊ စီးတဲ့ဖိနပ် တွေကလဲ အလန်းဇယားတွေချည်း ၊ လူရိုင်းတွေကိုသတ်တယ်၊ ယစ်ပူဇော်ကြတယ် ၊နယ်မြေ လု ကြတယ် ၊ "ရိုက်ပြချင်တာက လူရိုင်းခေတ်အလွန် လူမျိုးစု တစ်ခုနဲ့ တစ်ခု နယ်မြေ လုယူ ကြတဲ့ ပုံစံမျိုး ရိုက်ကူးဖေါ်ပြချင်တာလို့ ထင်မိပါသည်။"
ဇာတ်ကားက လူမျိုးစု တစ်ခုနှင့်တစ်ခု တိုက်ခိုက်တာ နယ်မြေ လုကြတာ ဒါပေမဲ့
ဇာတ်ကားထဲက ဇာတ်ကောင်တွေ ဝတ်ပုံ စားပုံတွေက အခုခေတ်ပုံစံ လိုဖြစ်နေတော့ ကြည့်ရတာ လုံးဝ စိတ်မပါတော့ ဘူး။ဆက်မကြည့်ချင်တော့ ဘူး ဘယ်လို ကြီးလဲကွာ ဇာတ်ကားကလဲ ပျင်းလို့  ဇာတ်ကားလေး ဒေါင်းပြီး ကြည့်ပါတယ်ဆို မြန်မာပေါကား ထက်ဆိုးနေပြီ။မြန်မာစာတမ်းထိုး ဇာတ်ကားမို့ သာပေါ့ မြန်မာစာတမ်းထိုး ဇာတ်ကားသာ မဟုတ်ရင် ဇာတ်ကားအကြောင်း ပြီးသာပြီးသွားမယ် သဘောကို ပေါက်မယ်မထင်ပါဘူး။ဒီဇာတ်ကားကြည့်ဖို့  ဘေကုန်ခံဒေါင်းရတာ မတန်ပါဘူး။နောက်ဆို မဒေါင်းတော့ဘူး သူများဆီက ဂုန်းဆင်းတော့မယ်။
မိမိဒေါင်းထားသော ဇာတ်ကားမှာ ကြည့်မကောင်းသောအခါ စိတ်ပျက်မိကြောင်း ခံစားချက်လေး မျှဝေတာပါ။
အားလုံးနှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
photo credit; Google Image
MSC-017
Author>>>@aungsanlwin
တရားခွေလေးဒေါင်းပြီး နားထောင်နေတာမှ ဟုတ်တုတ်တုတ်
တပည့်တော်မှားသွားတယ်
ဂုန်းဆင်းကြပါစို့😂
ကောက်းတယ်မှတ်လို့  ကြည့်မယ်လုပ်
အဆုံးမှာ မကောင်းတော့ မကြည့်ဘူးပ 😁
ကောင်းဘူးကွီးထွေး မDOWN နဲ့ 
Good ဗျာ
ကျော့်မှာရှိတယ် လာဂုန်းဆင်းလဲ့ ကျော်လည်း သူများနားက ဂုန်းဆင်းထားတာ😂😂
လာပြီးဂုန်းဆင်းမယ်
ရောမကားဆို ကြိုက်တယ် လူထွားထွားကြီးတွေ ဝတ်ရုံတဖားဖားနဲ့ ဓားကောက်ကြီးကိုင်လို့
သင်္ကြန် မှာ အိမ်တွင်းပုန်း လုပ်တယ် ပေါ့ကွယ်
ဟုတ်တယ် အစ်မရေ အဆောင်မှာ ပုန်းနာ
သူရေးထားပုံအရတော့ ကြည့်ချင်စရာပဲ။ဂျင်းမိသွားတာပေါ့...hee :P
ဟုတ်ပ ဘာကားမှန်းကို မသိတာ
အဟား .. ဖတ်ရင်းနဲ့ အဲ့ကားလေးတောင်ကြည့်ချင်လာပြီ လို့ တွေးနာ .. ဆက်ဖတ်လိုက်မှ ဂွမ်းရောလေ .. 😂
မကောင်းဘူး ဘာမှန်းကို မသိတာ
Hardisk ဝယ်ပြီးဂုန်းလိုက်ဆင်းမယ် 😁
အဲလို လုပ်ထားရင်ကောင်းမယ်
Congratulations @aungsanlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ဟီးအရမ်းကောင်းလို့ပြောပြမယ်ထင်ပြီးဖတ်နေတာ။
ဂျင်းမိသွားတာပေါ့ဂျာ
ဇတ်ကားလေး စိတ်ဝင်စားစရာပဲ။
You got a 25% upvote from @aungzawhtwe courtesy of @aungsanlwin ! its cool fee free .