မနိုးထချင်ဘူး အိပ်မက်သခင်ရယ်

in #myanmar7 years ago (edited)

image
အခန်း(၁)

"တည်နေရာဒီကမ္ဘာလေးတစ်ခု
ပိုင်ဆိုင်ဖို့မလွယ်ကူခဲ့သူ
ကြိုးစားလျှောက်လှမ်းတဲ့လမ်းမှာ
မောင့်အချစ်သာကျွန်မအတွက်
အရာရာ………"🎵🎶🎵🎶🎵

Phone Ringtoneသံကိုကြား၍ကမန်း
ကတန်းကိုင်လိုက်ရ၏။

"အေး သားကြီးပြော"
"မင်းဘယ်မှာလဲဟ Tutorialရှိတယ်လေ နောက်အချိန်
ဖြေမှာ"
"အေး ငါသိတယ် လာနေပြီ
အခု ကားပေါ်မှာ ရောက်ခါနီးပြီ"
"အေးအေး ပြီးသားပဲ"

ဖုန်းကိုချပြီးဘောင်းဘီအိတ်ကပ်ထဲ
ထိုးထည့်လိုက်၏။လက်မှနာရီကို
ကမန်းကတန်းကြည့်လိုက်သောအခါ
8:24PMဖြစ်သည်။8နာရီခွဲလျှင်
ပထမစာသင်ချိန်စမည်ဖြစ်သည်။

ကားပေါ်သို့လူလတ်ပိုင်းတစ်ယောက်
ကပျာကယာတက်လာပြီး"အောင်လံ၊
ပြည်ခရီးဆက်ကြဦးမလား?"ဟူ၍
ကားပေါ်မှပါလာသူတိုင်းကို
လိုက်မေးလေတော့ပါသည်။
သိလိုက်ပါပြီ။
ဂိတ်ဝန်းထဲရောက်တော့
မည်ဆိုတာကိုပေါ့။
ဂိတ်ဝန်းထဲရောက်သည်နှင့်
တစ်ပြိုင်နက် ကားပေါ်မှဇွတ်တိုးဝှေ့
ဆင်းလိုက်ရပါသည်။
ဂိတ်ဝန်းနဲ့အဆောင်ကနီး
သောကြောင့်မြန်မြန်ပြေးရပါတော့
သည်။
အဆောင်သို့ရောက်သောအခါ
အဝတ်အစားထုပ်ကို
အခန်းထဲပစ်ထည့်၍
ကျောပိုးလွယ်အိတ်ကိုဆွဲကာ
ဆိုင်ကယ်ဖြင့်ကျောင်းသို့အမြန်
ရောက်အောင်မောင်းလာခဲ့ပါတော့
သည်။ကျောင်းရောက်တော့
Cycle Standတွင်ဆိုင်ကယ်ရပ်ပြီး
နာရီကိုတစ်ချက်ကြည့်လိုက်ပါသည်။
8:43AMဖြစ်နေပြီ။ထို့ကြောင့်
စာသင်ခန်းဆီသို့မာရသွန်သမား
သဖွယ်ပြေးရပါတော့သည်။
စာသင်ခန်းသည် သုံးထပ်ကျောင်း
ဆောင်၏အပေါ်ဆုံးတွင်ရှိသော
ကြောင့်လှေကားများကိုကျော်ဖြတ်
ရမည်ဖြစ်ပါသည်။ထိုသို့လှေကား
များကိုပြေးတက်လာစဉ်ပင်
ဒုတိယထပ်အရောက်၌ မိန်းကလေး
လေးဦးကိုတွေ့လိုက်ရပါသည်။
လှေကားထောင့်ချိုးအကွေ့တွင်
သူတို့ကလှေကားအပြည့်နေရာယူ
၍တက်နေကြသောကြောင့်
နောက်မှပြေးတက်လာသူအဖို့
လမ်းမရှိတော့ပေ။
ထို့ကြောင့်"လမ်းခဏလောက်"
ဟုနောက်မှအော်ကာတိုး၍
တက်သွားပါတော့သည်။
ထိုအုပ်စုထဲမှတစ်ယောက်နှင့်
ပခုံးချင်းနည်းနည်းတိုက်မိသွားသော
ကြောင့်နောက်သို့လှည့်၍
"ဆောရီး နော် ဆောရီး"ဟုပြောလိုက်
မိပါသည်။
ထိုအချိန်တွင် ထိုမိန်းကလေး၏
မျက်စောင်းလှလှလေးတစ်ချက်ကို
အမှတ်မထင်ရရှိသွားပါတော့သည်။
"ဘယ်တတ်နိုင်မလဲ နောက်ကျနေပြီ"ဟု
စိတ်ထဲမှညည်းတွားရင်း အခန်းရှေ့သို့ရောက်
အောင်ပြေးလာခဲ့ပါတော့သည်။

"တီချယ် ဝင်ခွင့်ပြုပါ"
တီချယ်သည်စာသင်နေရင်နေရာမှ
တစ်ချက်လှည့်ကြည့်၍
"အင်္ဂလိပ်လိုပြောနိုင်မှဝင်ခဲ့"ဟု
ပြောကာဆီးကြိုလိုက်ပါတော့သည်။

"Let me enter the class,please!"
ဟုထပ်ပြောလိုက်ခါမှ
တီချယ်မှ"Come in!"ဟုပြန်လည်
တုံ့ပြန်ပါတော့သည်။
ထိုအချိန်မှာသာအခန်းထဲသို့
သုတ်သုတ်ဝင်လာ၍ကိုယ့်နေရာကို
ဝင်ထိုင်လိုက်၏။

"ဝေယံပိုင်ဖြိုး"
ဘာလို့နောက်ကျနေတာလဲ"
"အိမ်ကပြန်လာတာမလို့
ကားရောက်တာနောက်ကျနေလို့ပါ"
"နောက်ကျလို့အပြစ်ပေးတဲ့အနေနဲ့
White Boardဖျက် နောက်ပြီး
ဝေထွန်းနဲ့Tutorialဖြေဖို့စာအုပ်တွေ
ဌာနကိုသွားယူ"
"ဟုတ်ကဲ့"

ဒီလိုနဲ့ပင်ဒုတိယအချိန်ရောက်လာ၍
Tutorialဖြေရပါတော့သည်။
ထို့နောက်မြန်မာစာအချိန်ရောက်
လာသောအခါ၌
ပထမအချိန်နှင့်ဒုတိယအချိန်က
ဖုတ်ပူမီးတိုက်ဖြတ်သန်းရသည့်
လှုပ်ရှားမှုများငြိမ်သက်စပြုလာ
ပါတော့သည်။

ထို့ကြောင့်ဦးနှောက်သည်လစ်ဟာ
သွား၍စိတ်ပေါ့ပါးသွားသောကြောင့်
တစ်စုံတစ်ယောက်၏အကြောင်းသည်
အတွေးထဲသို့မဖိတ်ခေါ်ဘဲ
ပိုင်စိုးပိုင်းနင်းဝင်လာခဲ့ပါတော့သည်။
သူသည်ခုနကလှေကားအတက်မှာ
အမှတ်မထင်တွေ့ခဲ့သည့်
ကောင်မလေးပင်ဖြစ်သည်။
"မင်းဘယ်သူလဲ"
"တတိယထပ်ထိနောက်ကပါလာခဲ့
ရင်တော့E-majorကပဲ"
"ဒုတိယထပ်မှာနေခဲ့ရင်တော့
ဘယ်Majorကလည်းမသိဘူး"
"မကွေးသူဘဲလား"
"တခြားမြို့ကလား"
"ဘယ်မှာနေတာလဲမသိဘူး"

စသည်ဖြင့် "မသိခြင်း"များစွာ
ကြိမ်ဖန်ထပ်ခါခါတွေးတောရင်းပင်
မြန်မာစာဆရာမ၏စာသင်ချိန်ပြီးဆုံး
သွားပါတော့သည်။
တီချယ့်ကိုအားနာမိပါရဲ့။ ။

                  အခန်း(၂)

နေ့လည်ထမင်းစားကျောင်းဆင်းချိန်
ဖြစ်သည်။မကြာမကြာစားဖြစ်သည့်
ထမင်းဆိုင်တွင်လူတော်တော်ကျ
နေပါသောကြောင့်ဆူညံနေပါသည်။
သို့သော်လည်းဗိုက်ဆာနေသော
ကြောင့်မည်သည့်အရာကိုမှထွေထွေ
ထူးထူးအာရုံမရောက်နိုင်ဘဲ
ထမင်းကိုသာခပ်သွက်သွက်
စားနေမိတော့သည်။
"စိမ်းလဲ့"
"ဘာလဲဟ ဒီမှာထမင်းစားနေတာကောင်းကောင်းမစားရဘူး"
"နင့်ဟာကလည်းလူမြင်မကောင်းပါဘူးဟာ
ဖြည်းဖြည်းစားစမ်းပါ"
"ဟောဗျာ ကိုယ့်ထမင်းကိုစားတာပဲ
လူမြင်မကောင်းဘူးရှိရသေးတယ်"
သူငယ်ချင်းများပြောလည်းပြောချင်
စရာပင်ဖြစ်သည်။
မိမိမှာတစ်ခုဆိုတစ်ခုပြီးအောင်
လုပ်တတ်သည်။အအေးလေးသောက်
လိုက် ထမင်းစားလိုက်ဖြင့်
မစားတတ်ပါ။
"ကဲပါဟာ ပြောတာနားထောင်ဦး"
"ပြောလေဟာ ပါးစပ်က စားတာပဲ
နားကနားထောင်နေတယ်လေ"
"ဟဲ့ မနက်ကနင့်ကိုတိုက်သွားတဲ့
တစ်ယောက်ကိုနင်ဘယ်လိုမြင်လဲ"
"ရော် ခက်ပြီ ရေးကြီးခွင်ကျယ်လုပ်
လို့ဘာကြောင့်ထမင်းဝိုင်းထဲထိ
သူ့အကြောင်းကပါလာရတာလဲ"
"နင်ကတော့ အဲ့အတိုင်းပဲ
အစားကလွဲရင်ကျန်တာဂရုကို
မစိုက်တာ"
"သိပြီးသာပဲ"
"တော်ပြီ နင်နဲ့မပြောတော့ဘူး"
"လင်း နင်ရောဘယ်လိုမြင်လဲ"
ဘေးနားမှ ဟန်နီလင်းထက် ကို
မေးလိုက်သည်။
"ယောက်ျားလေး လို့မြင်တယ်လေ"
"ဟဲ့ ငါကအကောင်းပြောနေတာဟ"
စိမ်းလဲ့နှင့်လင်းတို့မှာပြုံးစိစိနဲ့
အကြောင်ရိုက်နေကြ၏။
"တော်ပါတော့ သက်ရယ် သူတို့
နှစ်ယောက်အကြောင်းကိုမသိတာ
လည်းမဟုတ်ဘူး လူတစ်ဖက်သား
စိတ်ချမ်းသာအောင်ဘယ်တုန်းကများ
နေပေးဖူးလို့လဲ"
"ကဲပါ ငါ့ကိုပြော"ဟုသံစဉ်ချိုက
ဝင်ထောက်လိုက်တော့သည်။
"ငါ့သူငယ်ချင်းလေးကိုအချစ်ဆုံး
ဒီမိန်းမနှစ်ယောက်ကတော့
စားပိုးနင့်ပြီးကို သေဦးမှာ"
ဘယ်လောက်ပြောပြောစိမ်းလဲနှင့်
လင်းမှာအစားမပျက်ပေ။
ဒီလိုပုံစံမျိုးတွေကိုပင်မိမိမှာ
အသည်းယားခြင်းဖြစ်သည်။
"ငါ့အထင်ပြောကြည့်မယ်နော်"
"အေး ပြော"
"ဆံပင်ကရှည်တယ် အရပ်ကလည်း
အမြင့်ကြီးပဲ Fighterလားမသိဘူး"
"အေးဟ ဖိနပ်ကလည်းတဂွပ်ဂွပ်နဲ့"
"ခုံဖိနပ်သံကြီးပါဟာ"
"ဟဲ့ စိမ်းလဲ့ ဘာလို့ခိုးနားထောင်
နေတာလဲ"
"အံမယ် နင်တို့ပြောတာကြားနေတာ
ပဲ ခိုးနားထောင်စရာလား"
"ငါပြောတုန်းကကျ အဖက်မလုပ်ဘူး"
"ငါကတော့ငါ့ကိုတိုက်သွားတာ
သိပ်မကျေနပ်ဘူး"
"နင်ကလည်းဟာ ဟိုကလှည့်ပြီး
တောင်းပန်သွားပါတယ်ဟ"
"ဟုတ်ပါတယ်ဟ ငါတို့လေးယောက်
နဲ့တင်လမ်းပြည့်နေတာကိုး
သူလည်းအချိန်မမီလို့နေမှာပေါ့"
"အံမယ် နင်တို့နှစ်ယောက်ကသူ့
ဘက်ကရှေ့နေနှင့်တရားသူကြီး
တွေလား E-majorမတက်နဲ့
Lawသာပြောင်းတက်ကြတော့"
"စိမ်းလဲ့ရယ် နင်ကတော့ပြောတော့မယ်
ကဲပါ စားပြီးပြီမလား?
သွားကြစို့ Let's go!"
သူတို့ကတော့ကိုယ်ဦးမဆောင်လျှင်
ထမင်းဆိုင်ကထမှမဟုတ်ပေ။
ထမင်းစားပြီးလျှင်လည်းအအေးသောက်ကာ
Facebookသုံးရင်းအချိန်ဖြုန်းတတ်ကြလေသည်။
"ပိုက်ဆံရှင်းမယ် ညီမလေး"
စားပွဲထိုးကောင်မလေးကို
ပိုက်ဆံရှင်းပြီးကျွန်မတို့အဖွဲ့သည်
ကျောင်းသို့ပြန်ရန်ဆိုင်ထဲမှထွက်လာ
ကြသည်။ထို့နောက်ဆိုင်ကယ်ပေါ်
အတက်တွင်လမ်းဘက်မှဆိုင်ကယ်
အေဇောသံသည်ကျယ်လောင်စွာ
ထွက်ပေါ်လာပါတော့သည်။
"ဝေါ ဝူး ဝူး"
ဘာရယ်မှန်းတော့မသိပေမဲ့
ကျွန်မတို့လေးယောက်အပါအဝင်
ပတ်ဝန်းကျင်မှလူအားလုံးနီးပါး
အကြည့်တွေကထိုအသံ၏ဦးတည်
ရာဆီသို့စုပြုံကျရောက်သွားလေ
တော့သည်။
DT ဆိုင်ကယ်တစ်စီးကိုအမျိုးသား
တစ်ဦးသည်လျင်မြန်စွာ
စီးလာခြင်းပင်ဖြစ်၏။
"စိမ်းလဲ့ မနက်က နင့်လူမလား?"
လင်း၏ပျာပျာသလဲပြောလိုက်ပုံ
ကြောင့်စိမ်းလဲ၏မျက်ခုံးတို့အနည်း
ငယ်တွန့်သွား၍
"ဘယ်ကငါ့လူလဲဟ"
"သြော် မနက်က နင့်ကိုတိုက်သွားတဲ့
တစ်ယောက်ကိုပြောတာ"
"ငါဖြင့် သေချင်တော့တာပဲ
နင်ကဘယ်လိုမှတ်မိတာလဲ"
"အကျီင်္ကအပြာနုရောင်နှင့်
ဂျင်းဘောင်းဘီရှည်ဝတ်ထားတာလေ
မမှတ်မိဘဲဘယ်နေမလားဟ"
"ခုနကထမင်းဆိုင်ထဲမှာလည်း
သူ့အကြောင်းကိုသက်ကပြောတယ်"
သက်ဦးခင်လည်းပခုံးကိုအနည်းငယ်
တွန့်ပြလိုက်လေသည်။
"ခုလည်းလင်းကထပ်ပြောပြန်ပြီ"
စိမ်းလဲ့၏မကျေမနပ်ဖြစ်နေသော
အမူအရာကိုရိပ်စားမိသည့် သံစဉ်
က-
"ကဲပါဟာ သွားရအောင် အတန်း
နောက်ကျနေတော့မယ်"
ပြောပြောဆိုဆိုနှင့်ပဲဆိုင်ကယ်ကိုယ်စီ
စီးကာကျောင်းဘက်သို့မောင်းထွက်
လာကြပါတော့သည်။
ဘာရယ်မှန်းတော့တိတိကျကျမသိပေ
မဲ့ထိုကောင်မလေးလေးယောက်တို့၏
စိတ်ထဲတွင်ဒွိဟကိုယ်စီကိန်းအောင်း
နေလိမ့်မည်မှာအမှန်ပင်ဖြစ်ပါတော့
သည်။

ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်-

Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

အရေးသားကောင်းတယ်ဗျာ
ဆက်လက်ဖတ်ရှုအားပေးပါအုံးမယ်ဗျာ

ဟုတ်ကဲ့ ပြောင်းရေးကာစမလို့
လိုအပ်ချက်ရှိရင်လည်းပြောပေးပါဦး

ဇာတ်​လမ်းဇာတ်​ကွက်​​လေး အရမ်းမိုက်​တယ်

ဟုတ်ကဲ့ ဒီထက်ကောင်းအောင်ဆက်ရေးပါ့မယ်

ကိုတွေကျောင်းတက်ချိန်တောင်သတ်ရသွားပြီဗျာ...
ဆက်ရေးပါအုံ့း.. လှေကားထက်က ဖူးစာလေး

replay လေးတော့ ပြန်စေချင်ပါတယ် ခင်ဗျာ။

ဟုတ်ကဲ့ အိပ်ပျော်သွားလို့ပါ

ဝတ္ထုကလည်း အရေးအသားကောင်းတာပဲဗျ

ဟုတ် ဒီထက်ကောင်းအောက်ကြိုးစားပါ့မယ်

ကိုယ်​​တွေ့အချစ်​ဇာတ်​လမ်းက​လေး​ပေါ့ဆက်​လက်​ဖတ်​ရှုပါအုန်းမယ်​​ဗျ

ကိုယ်မတွေ့ပါဘူးဗျာ
ဒီလိုပဲဆင်ရတာပေါ့

ဝင်တိုက်မိတဲ့ ကောင်မလေးရယ်
အတန်းနောက်ကျတဲ့ကောင်လေးရယ်
မိန်းကလေးတွေကြားမှာ ရေးပန်းစားလို့ နေတော့မယ့်
အိပ်မက်ကလေးရယ်
မနိုးထပါစေနဲ့ ကွယ်..

မနိုးထအောကိုရေးပစ်မယ်

နောက်မှဘဲဖတ်ဖြစ်တော့မယ် bro vote ခဲပါတယ်နော်

ဟုတ်ကဲ့ပါ

အ​ရေးသား​ ​ကောင်းလွန်းတ​ကြာင့်​ ​စောင့်​​မျော်​အား​ပေး​နေပါ့မယ်

ဟုတ် ကျေးဇူးပါ

ဖတ်ကောင်းတယ်bro

ဟုတ် ကျေးဇူးပါ

ဒိုနဲ့ကျောင်းတက်ရင်တော့ စော်ကြည်ပြီ

စော်ကြည်တာကိုဝဋ်ကြွေးလားပဲbroရေ

ဇာတ်လမ်း အဲ့ဒီမှာစတာပဲ

သက်သက်ခွင်ဆင်လိုက်တာ

စောင့်ဖတ်ရဦးမှာပေါ့

ဟတ်ြကဲ့ အကောင်းဆုံးဆက်လက်ရေးသားပါ့မယ့်

ဆက်လက်အားပေးပါမယ် ဗျာ

ဟုတ် ကျေးဇူးပါ

ဆက်ပြီးစောင့်ဖတ်မယ်နော်

ဟုတ် ကျေးဇူးပါ

ဘာတွေဆက်ဖြစ်မလဲ နောက်ပိုင်းမျော်နေမယ်ဗျာ

ဟုတ်ကဲ့ပါ

အားပေးနေပါတယ်ဗျား အရေးသားတွေ ကောင်းပါတယ်ဗျား