ဆောင်းလရာသီ
မြူနှင်းဝေလို့
လမင်းကြည်သာ
မော့ကြည့်ရာမှ
ချမ်းရှာရော့မည်
စိတ်ကထင်မိ
ဘယ်ခါမခွဲ
သစ္စာပြု၍
မောင့်ချစ်နှင်းကို
ဘဝဆက်တိုင်း
ပေါင်းဖက်ရစေ
တိုင်တည်၍ထား
ချစ်စကားသစ္စာ
မြတ်ဘုရားရှေ့ဝယ်
ပန်ဆုခြွေလို့
နှစ်လွှာတစ်ရွက်
စွယ်တော်ရွက်ပမာ
တူစုံတွဲလို့
ချစ်ပွဲဝင်မည်
ထွေးပွေ့ယုယ
ကြင်နာမှုများ
မောင်နဲ့ချစ်သဲ
မျှဝေကြစို့
ချမ်းမြမြနှင့်
လွမ်းရသည့်ဆောင်း။
HFS
လေးလုံးစပ်မှာ
ငါးလုံးပါလည်း
စွဲမှတ်စရာ
လင်္ကာပေပ
ဖတ်ရှုရသူ
ကြည်နူးရ၏
Good Writing bro..
Good post.
B5 @shwebote
အစွယ်တေ ထုတ်ပြနေဒယ်ပေါ့ ကိုအောင်
hkhk
ကဗျာ ခေါင်းစဉ်တပ်အူးလေ
တပ်လက်မယ်တောင်းဆု
Nice Poem bro
good
ကဗျာကောင်းလေးတစ်ပုဒ်
Good post
မေ့ထားတဲ့ ရည်းစားတောင် သတိရလာပီ
Good
Good
ကဗျာကောင်းလေးပါ
ကြိုက်ပြီလေ