ချစ်နေတုန်းပဲမလား
မညာချင်ပါနဲ့
ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး
ဆိုတာတော့
သိထားကြပြီးပြီ လေ
နာကျင်ကြေကွဲ နေပြီမလား
ဟန်ဆောင်မနေပါနဲ့
အပြည့်အဝ ခံစားပြီး
အစွမ်းကုန် ငိုချလိုက်ပါ
ဝအောင် ငိုပြီးရင်တော့
မင်းမျက်ရည်တွေကို
သုတ်လိုက်တော့နော်
ဒီလောကတော်သင့်ပြီလေ
ဘဝတစ်ဘဝတစ်လျောက်လုံး
လက်တွဲဖို့ မဖြစ်နိုင်သူ အတွက်
မင်း အကောင်းဆုံး
ပေးဆပ်ချစ်ပေးခဲ့ပြီးပြီပဲ
ခုအချိန် ခံစားခံစားနာကျင်ရတာနဲ့
နောင်တစ်ချိန် ပျော်ရွှင်ရမဲ့
နေ့ရက်တွေအတွက်
တွေဝေမနေပဲ
ရဲရဲ သာလဲလိုက်ပါတော့
သူ မပါတော့တဲ့
မင်းရဲ့ အနာဂတ်တွေက
သူ နဲ့တွဲစဉ်ကထက်
ပိုပြီးတောက်ပလို့
ပိုပြီး လှပနေမှာပါ
ဟာ....! မိုက်တယ်ဗျာ...
ကဗျာကို ဖတ်ပြီး ကိုယ်တိုင် နူသွားတယ်.....