" မီးဘေးရှောင် မလောင်ခင်တား "

in #myanmar7 years ago (edited)

DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg
ကျွန်တော်တို့မမွေးခင်ကတည်းက ပေါ်ခဲ့တဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်ဗျ။ အဲသီချင်းလေးက အခုချိန်တဲ့ပျောက်ပျက်မသွားသေးပဲ တစ်နှစ်တစ်ခါဆိုသလို သူ့အချိန်နဲ့သူကြားရတတ်တယ်။

မကြာခင်နွေရာသီကို ရောက်ရှိတော့မှာဆိုတော့ မနေ့က အဲဒီသီချင်းကို စကြားရပါပြီ။ ဖွင့်တဲ့နေရာကတော့ မြို့ နယ်အရန်မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်မျှော်စင်ပေါ်ကနေ လူထုကို သတိပေးရင်းဖွင့်တဲ့သီချင်းပါ။ ဦးထွန်းရွှေရဲ့ " မီးသတိပြု " ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်။
2016 - 1.jpg
ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရောက်ပြီရောက်ပြီဆိုလျှင်ဖြင့် ဟိုနေရာက မီးလောင်ပြန်ပြီ ဒီနေရာက မီးလောင်ပြန်ပြီနဲ့ နှစ်စဉ် ခဏခဏကြားနေရတာပါပဲဗျာ။

ဦးထွန်ရွှေကြီးကတော့ မီး ဆိုတာ ရန်သူငါးပါးထဲမှာ အဆိုးရန်သူပါတဲ့။ မီးကို ပေါ့ပေါ့ဆဆသုံးမိလို့ မတော်တဆမီးထလောင်ပြီဆိုလျှင်ဖြင့် မီးဆိုတာ ဘယ်သူ့မျက်နာမှ ကြည့်တတ်တဲ့အမျိုးမဟုတ်ပါဘူး။ မီးဘေးအန္တရာယ်ဆိုတာကြီး မကျရောက်စေဖို့ မလောင်ခင်က ကြိုတင်ကာကွယ်ရမှာက ခင်ဗျားတို့ ကျွန်တော်တို့အလုပ်မဟုတ်ပေဘူးလားဗျာ။

မီးဆိုတာ သူခိုးဓါးပြ ထက်တယ်တောင်ဆိုးပါတယ်တဲ့။ သူခိုးဓါးပြကမှ သူယူနိုင်သလောက် အတိုင်းအတာအထိပဲ ယူသွားမှာ ဖြစ်ပေမဲ့ မီးလောင်ပြီဆိုရင် နေစရာအိမ် မရှိတော့သည်အထိ ပြာကျ လောင်ကျွမ်းနိုင်တာမို့ မီးကိုတော့ အထူးဂရုပြုဖို့ လိုပေမယ်ဗျို့။
fire-dangers-to-avoid.gif
ဦးထွန်းရွှေရဲ့ မီးသတိပြု သီချင်းလေးကို အောက်မှာတင်ပေးလိုက်တယ်ဗျာ။ နွေရာသီရောက်တော့မှာမို့ မီးဘေးအန္တရာယ် ကြိုတင်သတိရှိကြ စေချင်တဲ့ စေတနာနဲ့ သတိပေးတာပါ။

တစ်နှစ်တစ်နှစ်လဲ နွေရာသီရောက်ပြီဆိုအဲသတင်းက မကြားချင်လဲ ကြားနေရတာပဲဗျ။ လျှပ်စစ်မီးကြောင့်ဖြစ်တာက တစ်မျိုး လူတွေပေါ့ဆ လို့ ဖြစ်တာကတစ်ဖုံနဲ့ သတင်းတွေလဲ အမျိုးမျိုးတက်ပါရဲ့။

ကျွန်တော်တို့တွေ ရှောင်ရမှာတွေကတော့ ချက်ပြုတ်စားသောက်ပြီးရင် မီးကြွင်းမီးကျန် မထားမိဖို့ လိုပေမယ်ဗျို့။ ဆေးလိပ်သောက်တတ်တဲ့နောင်တော် ညီတော် ရောင်းရင်းအပေါင်းပါများအနေနဲ့လည်း မိမိတို့ရဲ့ဆေးလိပ်တိုကို ပေါက်ကရမပစ်ကြပဲ စနစ်တကျ ငြိမ်းသတ်တတ်ဖို့ လိုပေလိမ့်မယ်ဗျ။

အမှိုက်ကနေစပြီး ပြသဒ်ကို မီးလောင်တယ်ဆိုတာမျိုးမဖြစ်ရလေအောက် အိမ်မှာရှိတဲ့ အမှိုက်သရိုက်များကိုလည်း စနစ်တကျ စွန့်ပစ်ကြဖို့ တိုက်တွန်းချင်တာပါပဲဗျာ။ " သင့်ကြောင့် မီးမလောင်ပါစေနဲ့ " တဲ့လေ။ သင့်ကြောင့်ဆိုတာကနေ အားလုံးသာ တာဝန်ယူပြီး တာဝန်သိတတ်ပြီး ကာကွယ်ကြမယ်ဆိုရင်ဖြင့် မီးဘေးအန္တရာယ်ကနေ အတော်ကို ကာကွယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

မီးဆိုတာက သူမရှိရင်လည်း မဖြစ်ပေဘူးမို့လား။ ချက်ပြုတ်စားသောက်ဖို့ မီးဆိုတာကလည်း လိုတာကိုးဗျ။ မီးကို မပေါ့ဆပဲ ကိုင်တွယ်ကြဖို့ လိုအပ်ပါတယ်။

သင့်ကြောင့် မီးမလောင်ပါစေနဲ့ ဆိုတာအပြင် မီးကြောင့်လည်း သင်မလောင်ပါစေနဲ့လို့ ဆုတောင်းဆန္ဒပြုအပ်ပါတယ်ဗျာ။

ကိုယ်ကိုတိုင် မီးသတိရှိဖို့လိုသလို နီးစပ်ရာပါတ်ဝန်းကျင်ကိုလည်း သတိပေးလိုက်ကြပါဦးဗျာ။ ဒီသီချင်းလေးကို မှီငြမ်းရေးရင် စာအရှည်ကြီးရေးလို့ရပေမဲ့ သီချင်းကိုပဲ တင်ပေးလိုက်ပါတယ်ဗျာ။

Steemit မှ ညီအကိုမောင်နှမများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကမ္ဘာသူကမ္ဘာအားလုံး မီးဘေးအန္တရာယ်မှ ကင်းဝေးကြပါစေခင်ဗျာ။

Video from Youtube

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Sort:  

သတိထားရမဲ့ရာသီ ရောက်လာပြီ

ဟုတ်တယ်အမရေ သတိထားရမယ်။

ရာသီချိန်ရောက်လာပြီ သတိထားရတော့မယ်

သတိဆိုတာ ပိုတယ်မရှိဘူးလေဗျာ။

လောင်ပရစေပဲ မီးက နွေရာသီမှမဟုတ်ဘူး ဆောင်းရာသီလဲလောင်တာပဲအကိုရေ

ကြိုတင်ကာကွယ်ထားရမှာပဲလေ။

ရောက်တော့ပေမည် နွေရာသီ

မှန်ပါ့ဗျာ။

မ​လောင်​ခင်​ တားကြရမ​ပေါ့

မဖြစ်ခင်ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲလေ။

ဟုပ်​ပါတယ်​အကိုမီဆိုတာ​လောင်​ခင်​တားရမှာပါ

ရန်သူဆိုတာအထင်မသေးသင့်ဘူးလေ ကိုကသတိရှိနေမှ။

Ok bro

ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါ။

ဒီသီချင်းဟာ ဘယ်လိုခေတ်တွေပြောင်းပြောင်း အချိန်ကျလာရင်တော့ သတိပေးခေါင်းလောင်းလေးပါဘဲ

နှစ်စဉ်ဒီလိုအချိန်ကျရင် ကြားရနေရသီချင်းတစ်ပုဒ်လေ။

ဟုတယ်ဗျို့မီးဆိုတာဘယ်သူမျက်နှာမထောက်ပူးလောင်ရင်အကုန်ကုန်တာဘဲ

ကြိုတင်ကာ ပြင်ဆင်သတိထားကြဖို့ပါဗျို့။

ရန်သူငါးပါးထဲမှာ... အင်မတန်ဆိုးဝါးလှတာ...သူခိုးဓားပြထက်ဆိုးတဲ့ရန်သူဟာ...ဤဇဗ္ဗူ တခွင်မှာ ... ရန်သူမီးကို အစဉ်အမြဲ...သတိပြုပါ...

ဝမ်းနည်းစရာကောင်းလှအောင်တွေ့မြင်ရတာ အိုးအိမ်အခြေမဲ့ အနေမဲ့အောင်သာ။

သူခိုးခိုးလို့ မပြောင်
မီးခိုးလို့ ပြောင်.....
Steemitမှာကြတော့ ပြောင်းသွားပီ
Pwတွေမသိမ်းထားမိရင် မီးခိုးလို့ လည်းပြောင်မယ်
သူခိုးဆီပါသွားရင်လည်းပြောင်မယ်😁😁😁

အဲတာလည်းဟုတ်တာပဲ သူ့ကျလည်းသေချာဂရုစိုက်ရမှာပဲ။

ကျွန်​​တော်​အိမ်​မှာ​တော့ မီးသက်​ဗူး​ဆောင်​ထားတယ်​ဗျ

ဆောင်ထားသင့်တဲ့အရာတစ်ခုပေါ့ဗျာ။

ပုံ​ကြောင့်​ စာဖတ်​ရမှာ ဝန်​​လေး​နေမိတယ်​ ဖြစ်​နိုင်​ရင်​ အဲ့မျက်​နာကြီး ​အောက်​ဆုံးထား​ပေးပါ ​ကြောက်​တတ်​လို့ပါ

ဒီလောက်ချောနေတဲ့မျက်နာကို😁😁😁။

ကိယ်တိုင်ခံစားဖူးပါတယ်ဗျာ

ဟုတ်ကဲ့ကိုယ်တိုင်ခံစားဖူးတော့ ပိုနားလည်ပြီး ပိုဆင်ခြင်နိုင်တာပေါ့ခင်ဗျာ။

မီးဘေးရှောင် မလောင်ခင်တား

အမှန်ဆုံးစကားပါပဲဗျာ။

အရက်က မီးတောက်တယ်လို့ ကြားတယ် ကိုထွေး သတိထားဦးနော်

ဟုတ်တယ် အဲတာလည်း သတိထားနေရတာတစ်ဒုက္ခပါပဲဗျာ ကိုစောရေ။

မြို့မိမြို့ဖ ရပ်မိရပ်ဖအပေါင်းတို့ခင်ဗျ
မီးကိုအထူးဂရုပြုပါ မီးကိုအထူးဂရုပြုပါ
မီးကိုအထူးဂရုပြုပါ

ဟုတ်ကဲ့ဂရုပြုပါ့မယ်ခင်ဗျ။

မီးကြွင်းမီးပွား သတိထား...
ရပ်ရွာသာယာရေးကာကွယ်ပေး
မီးဘေးမပေါ့နဲ့...
ကိုင်တွယ်သုံးစွဲ မီးကိုပဲ အမြဲသတိထား မီးဘေးရှောင်မလောင်ခင်တားး
သင့်ကြောင့်မီးမလောင်ပါစေနဲ့

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ သတိပေးချက်လေးတွေပေါ့။

ဟုဟု ဘဒို
ဂရုစိုက်ပါ့မယ်

စိုက်ရမှာပေါ့ကိုစိုင်းရယ်။

မှန်တာပေါ့ အစ်ကိုထွေး

ဟုတ်ကဲ့ခင်ဗျ။

Good ဗျား

ကျေးဇူး ဆရာရွှေ။

နွေရောက်တော့မယ်ဆိုရင် ကြားရပါတော့မယ်...အဲဒီ သတိပေးသီချင်းလေးတွေ..