Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ သိပ်မကြာခင်ကာလမှာတော့ မြန်မာတို့ရဲ့ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြတဲ့ သင်္ကြန်အခါသမယကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ သင်္ကြန်ရောက်တော့မှာဆိုတော့ သင်္ကြန်ပွဲကို ဘာကြောင့်ကျင်းပရသလဲဆိုတဲ့သိချင်စိတ်ကလေးကလည်းဖြစ်ပေါ်လာမိတယ်။ ဆိုတော့ သိချင်တဲ့အကြောင်းအရာကို သိရဖို့ စာအုပ်တွေ လှန်လှော ဖတ်ရပြန်တာပေါ့ခင်ဗျာ။
Credit image source
သင်္ကြန် ဆိုတဲ့စကားဟာ ပါဋိဘာသာနဲ့ သက္ကတဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး ကူးပြောင်းခြင်းလို့အဓိပ္ပါယ် ရပါတယ်တဲ့။ မြန်မာတို့ရဲ့ နှစ်အရ တပေါင်းလမှာ နှစ်တနှစ် ကုန်ဆုံးပြီး တန်ခူးလမှာ နှစ်တစ်နှစ်ရဲ့ အသစ်ပြန်စတာဖြစ်ပါတယ်။ အဲဒီလို အကူးအပြောင်းကာလမှာ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ဆီသို့ ပါမသွားစေရန် ရေဖြင့်ဆေးကြောစေခြင်း ဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ ရိုးရာ သင်္ကြန်ပွဲ (ရေကစားပွဲ) များကျင်းပခဲ့ကြတယ်လို့ မှတ်သားရပါတယ်။
Credit image source
သင်္ကြန်ပွဲ ဖြစ်ပေါ်လာမှုကို ဆက်လက်လေ့လာကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာရတဲ့ အကြောင်းနှစ်ခု ကွဲနေတာကို တွေ့ရှိရပါတယ်။ ပထမ တစ်ခုကတော့ ဟိန္ဒူ အယူဝါဒမှ ဆင်းသက်လာတာကို တွေ့ရပါတယ်။ ဟိန္ဒူအယူဝါဒမှာ ဘယ်လိုဆိုထားသလဲဆိုရင် သိကြားမင်းနဲ့ ဗြဟ္မာ မင်းတို့ အကြောင်းအရာတစ်ခုအတွက် ခေါင်းဖြတ်ကြေး အငြင်းပွားကြတယ်လို့ ဆိုပါတယ်။ ထိုအငြင်းပွားပွဲမှာ သိကြားမင်းက အနိုင်ရပြီး ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းတော်ကို ရရှိခဲ့တယ်လို့ဆိုပါတယ်။
Credit image source
ဗြဟ္မာမင်းကြီးက တန်ခိုးကြီးလွန်းလေတော့ ဦးခေါင်းတော်ကို ပင်လယ်သမုဒ္ဒရာထဲ ပစ်ချလျှင် ရေခန်းမှာ စိုးရပါတယ်။ မြေကြီးပေါ်ပစ်ချလျှင်လည်း မီးလောင်ပျက်စီးရမယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်မှာ စိုးတဲ့အတွက် သိကြားမင်းက သတ္တဝါတွေရဲ့ အကျိုးကိုကြည့်ပြီး မည်သည့်နေရာကိုမျှ မထားလိုတဲ့အတွက် နတ်ပြည်က နတ်သားတွေကို တစ်နှစ်နတ်သားတစ်ပါး နှုန်းနှင့် ဗြဟ္မာကြီးရဲ့ ဦးခေါင်းကို ကိုင်ထားစေခဲ့တယ်လို့ ဆိုပါတယ်။ ဦးခေါင်းကိုင်တဲ့ နတ်သားတစ်ပါးနှင့် တစ်ပါး အလွှဲအပြောင်းလုပ်ချိန်ကို သင်္ကန္တ ဟုခေါ်ဆိုပြီး နှစ်တစ်နှစ်ပြည့်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါတယ်။
Credit image source
ထိုအချိန်ကာလမှာတော့ သိကြားမင်းက လူ့ပြည်သို့ ဆင်းသက်လေ့ရှိပြီး ကုသိုလ်ကောင်းမှုပြုလုပ်သူ မပြုလုပ်သူများကို မှတ်တမ်းမှတ်ရာနဲ့ တကွ ပြုလုပ်တယ်လို့ဆိုကြပါတယ်။ ဤသို့ ဗြဟ္မာဦးခေါင်းကို နတ်သား တစ်ပါးနဲ့တစ်ပါး အပြောင်းအလဲလုပ်၍ ကိုင်ကြသော အချိန် သိကြားမင်း လူ့ပြည်သို့ ဆင်း၍မှတ်တမ်းယူသော အချိန်ကာလကို သင်္ကန္တ ဟူသော စကားမှနေ သင်္ကြန် ဟူ၍ ကာလရှည်ကြာသောအခါ အခေါ်အဝေါ် ပြောင်းလဲ လာခဲ့ပါတယ်။ အခုတင်ပြခဲ့သော အကြောင်းအရာသည် ဟိန္ဒူ အယူဝါဒ ဆင်းသက်လာသော သင်္ကြန်၏ အကြောင်းပင် ဖြစ်လေသည်။
ဆက်လက်ပြီး ဗုဒ္ဓကျမ်းဂန်များ အလိုရ ဆက်လက်လေ့လာကြည့်သောအခါတွင် ဤသို့ တွေ့ရသေးသည်။ ရာသီဂြိုလ်ခွင် များအရ ယခုလ တန်ခူးလသည် မိန်ရာသီမှမိဿရာသီသို့ ကူးပြောင်းသော ကာလဖြစ်ပေသည်။ အလွန်ပူအိုက်သော အချိန်ကာလလည်း ဖြစ်ပေသည်။ ဤသို့ ပူအိုက်သော ရာသီသို့ အကူးအပြောင်းတွင် ဘုရားရှင်၏မယ်တော် မာယာဒေဝီ၏အမျိုးများဖြစ်ကြသော ဒေဝဒဟ တိုင်းပြည်ရှိ မင်းညီမင်းသားများ နှင့် ပြည်သူလုထုပါ မကျန် အပူဒဏ်ကို တွန်းလှန်နိုင်ရန် ရေကစားပွဲများ ကျင်းပခဲ့ကြသည်ဟု ဆိုပါသည်။ ထိုကျမ်းဂန်များ အဆိုရမူ သင်္ကြန်ရေကစားပွဲသည် ဘုရားရှင် မတိုင်ခင်တည်းကပင် ရှိနေခဲ့သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။
Credit image source
အထက်ပါအကြောင်းရာများဟာ စာအုပ်စာပေများထဲမှ ရရှိသော သင်္ကြန်ဖြစ်ပေါ်လာပုံ ကို ဗဟုသုတ ရရှိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ မကြာခင် ကြရောက်လာတော့မည့် နှစ်သစ်ရက်မြတ် သင်္ကြန်အခါသမယတွင် ဥပုဒ်သီလ ဆောက်တည်ကြမည့် ရဟန်းရှင်လူများအနေဖြင့် ကောင်စွာ ဆောက်တည်နိုင်ကြပြီးလျှင် ပျော်ပါးကြမည့် လူငယ်မောင်မယ်များသည်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ပါးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပေသည်။
#ဗုဒ္ဓဝင်စာပေများ ဟိန္ဒူယဉ်ကျေးမှု စာပေများမှ မှီငြမ်းရေးသားပါသည်။
Author>>>@aungzawhtwe
MSC : 014
သင်္ကြန် သင်္ကြန် သင်္ကြန် ပွဲမို့
နွှဲဆင် နွှဲဆင် နွှဲဆင် နွှဲစို့။
မန်းလေး သင်္ကြန် လာခဲ့ပါလား။
လာတော့ လာချင်တယ် သားကိုရင်ပေါက်စလေးကို ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့အကြိုအပို့လုပ်ဖို့ အလုပ်ရနေလို့ ဘယ်မှမသွားဖြစ်တောဘူး။
သင်္ကြန် ဖြစ်ပေါ်လာပုံကို သိခွင့်ရလိုက်လို့ ကျေးဇူးကိုထွေး
ကိုယ်တေက သင်္ကြန်ဆိုကဲဖို့ပဲသိတာ😁
ဟုတ်ကဲ့ ကျွန်တော်လည်းသိချင်တာနဲ့လေ့လာဖတ်ရှုပြီး ပြန်မျှဝေတာပါ။
သင်္ကြန်မှာ ပျော်ရွှင်ပါစေ
အမလည်း ပျော်ရွှင်စွာ ဖြတ်သန်းရပါစေခင်ဗျာ။
သိကြားမင်းရဲ့ မှက်တမ်း ပြုစုပုံကို အတုခိုးပီး
ကောင်းသူတွေနဲ့ မကောင်းသူတွေကိုခွဲပြီး မှက်တမ်းတင်မယ်။
သိကြားမင်းတစ်ပါးတည်းဆို အကုန်မှက်နိုင်မယ်မထင်ဘူး
ကျန်နေတဲ့သူတွေတော့ရှိအုံးမှာပဲ😁😁😁😂😂
ကိုမိုးက သိကြားမင်းကို ဝိုင်းကူမလို့လား။ ကျွန်တော့်တော့ သိကြားမင်းမေ့သွားလို့ မှတ်တမ်းထဲမထည့်တော့ဘူးတဲ့။
😂😂😂
This post has received a 8.33% upvote from @lovejuice thanks to @aungzawhtwe. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
သေချာလေ့လာထားတာဘဲ။ Share ပေးလို့ ကျေးဇူးပါဗျာ။ကိုထွေးကို လူပျိုမှတ်နေတာ။
လူပြိုဟုတ်တယ်လေ။
ကိုထွေး အခုလို ရှာဖွေ တင်ပြပေးလိုက်တော့ ကျွန်တော်အပါအဝင်
မသိသေးတဲ့ လူတွေ သိခွင့်ရလို့ ကျေးဇူးကိုထွေးရေ
သိလိုက်ရတဲ့ဟာလေးကို steemitမှာ ပြန်မျှဝေပေးတာပါ။
အခု သင်္ကြန်ကတော့ လွတ်လွတ်လပ်လပ်မူးရူးခွင့်ရတဲ့အချိန်အဖြစ် ပြောင်းလဲနေပါပြီ
အချိန်အခါ ခေတ်ရေစီးကြောင်းအရ ရှေ့လာမဲ့နှစ်တွေ ဆိုပိုပိုပြီး ဆိုးသွားမလား မသိဘူး။
သိခွင့်ရတဲ့အတွက် ကျေးဇူးပါ အထွေး
ဟုတ်ကဲ့ပါ ဗျ လာရောက်အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒီနှစ်တော့ လည်ဖို့စဉ်းစားတယ် သင်္ကြန်ကို
မလည်နိုင်တော့ဘူးကွယ် အသက်က စကားပြောသွားပြီလေ။
ကိုကိုရေ၊နွေရောက်ပြီလေ
ပင်ပျို ပင်အိုတို့ ရိုးတန်ကျဲကျဲ xxxx အလှချင်းပြိုင် x x x ပုရစ်ဖူးသာရင် x x x
နိုင်မည်ပေ x x x မေ့ရဲ့ရင်မှာ x x x အချစ်ဖူးတွေ လှိုင်ကာနေ.......
နွေရောက်ပြီလေ××××× ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းပြိုင်××××လွမ်းစရာ့ နွေပန်းချီကားးး××××
ရေးတက်ပါ့ကိုထွေးရေ ခုမှသိတယ်တယ်ခုလိုအကြောင်းရာတွေကို
ကျွန်တော်လည်း အခုလိုသိချင်လို့ ရှာဖွေဖတ်ရှုပြီး ပြန်ဝေမျှတာပါ။
အစက အဲ့လောက်ကြီး ဂဃနဏ မသိခဲ့ဘူး သင်္ကြန်ဆိုတာကို ရိုးရိုးလေးပဲ တွေးခဲ့မိတာ ကိုထွေးရေးပြမှပဲ သေချာသိတော့တယ်
သေချာသိသွားတော့ သူများကိုပြန်ပြောပြလို့ရတာပေါ့ ကိုလင်းရာ။
သင်္ကြန်ကိုချစ်တယ်ဗျာ
သင်္ကြန်ဆိုတာ ချစ်ရမဲ့ ရိုးရာဓလေ့ တစ်ခုပဲလေဗျာ။
ခုမှဘဲပြည့်ပြည်စုံစုံသိတော့တယ်
ဧဝံမေသုတံ ကျွန်ုပ်လည်း ဤသို့ မှတ်သားရ၍ ဂဏာဟိ သင်လည်း ဤသို့ မှတ်ပါလေ။
ခုကတည်းက ကဲဖို့ပြင်ထားပြီ..😁😁
ကဲသာကဲ မင်းဂရုမစိုက်နဲ့ ဆိုတဲ့သီချင်းပဲ ဆိုပြတော့မယ်။
ကထွေး ကျောက်မဲလာခဲ့ပါဗျို့။
ကိုစိုင်းရေ နောက်နှစ်မှ လာတော့မယ်ဗျာ။
မှတ်သားရပါတယ်ဗျာ ခုမှပဲ ကြားဖူးတော့တယ် ကဲတော့ကဲလိုက်တာပဲ နှစ်တိုင်း ဟီး
ကဲလို့အခွင့်သာတဲ့အချိန် ကဲသာကဲထား။
မကွေးလမ်းလျှောက်င့င်္ကန်လာခဲ့ဗျို့
ဒီနှစ်တော့ မလာအားတော့ပါဘူးဗျာ။
ပွဲသာအပွဲပွဲနွဲလာတာသင်္ကြန်ဖြစ်ပေါ်လာပုံခုထိဂဂနနမသိခဲ့ဘူးခုမှပဲသိရတော့တယ်
သိသွားတဲ့အခါကျ နောင်လာနောင်သားတွေကို သင်္ကြန်ရဲ့အဓိပ္ပါယ်အကြောင်း အခွင့်သာတဲ့အခါ ရှင်းပြလို့ရသွားတာပေါ့ဗျာ။
သား..အောင်ဇော်ထွေး
အန်တီ.အမြဲပြောတယ်။အဆုံးမှာ..ပစ်မချပါနဲ့ဆိုတာလေ။
အစောပိုင်းက..အကောင်းတွေရေးထားပီးမှ..နောက်ဆုံးမှာ
နောက်ထပ်.နှစ်ပိုဒ်လောက်ရေးလို့ရသေးတယ်။သားက.
ဗဟုသုတပိုင်းလဲ..တော်တော်လေးပြည့်စုံတယ်..ကိုယ်တွေ့..အတွေ့အကြုံတွေလဲရှိတယ်။ရေးသားမူ့တွေလဲ..တက်
လာတယ်။အဲဒီအဆုံးသတ်တွေကိုသတိလေးထားပီးရေးပါ။
ဟုတ်ကဲ့အန်တီ။