☆အတွေး☆

in #myanmar7 years ago (edited)

image☆နံနက် ခင်းအာရုံဦးကို
ကလေးငိုသံနဲ့နိုးထခဲ့...
ဘာစားမလဲ စဉ်းစားတိုင်း
အတွေးထဲ ဝင်ဝင်လာတာ
မနေ့က အဟောင်းများ...
ချမ်းအေးမှုက တံခါးမခေါက်ပဲ
ငါ့အသားထဲ တိုးဝင်လာခဲ့တယ်...
နှင်းစက်တွေက နေမင်းကြီးကို
ဖုန်းအုပ်ထားဆဲ....
အသံဝါဝါနဲ့ ဥဩငှက်သံလေးကို
မကြားရပေမဲ့ ကျီးကသာတယ်...
ဘဝကိုတိုက်စားနေတဲ့ အချိန်များ
တချက်ချက် နဲ့ပုံမှန်
လည်ပတ်နေကြတယ်...
လူတွေက ဘဝရှင်သန်ဖို့အတွက်
နာရီတွေနဲ့ တိုက်ပွဲဝင်နေရတယ်... image
အင်အားကြီးသူက အင်အားနည်းသူကို
အနိုင်ယူတယ်....
အင်အားနည်းသူက ဘာမှမရှိသူကို
အနိုင်ယူတယ်....
ဘဝဆိုတာ တနေ့တနေ့
ဒီလိုနဲ့လည်ပတ် ကုန်ဆုံးနေတယ်...☆
@aungzin
#photo credit google

Sort:  

Good တယ်​fri

Wow! Good poem

Thz u bro😊

Good တယ်​bro

Thz u😊

This post has received a 0.12 % upvote from @drotto thanks to: @banjo.