♡စိတ်ကောက်တက်သောချစ်သူလေး...သို့♡
♡စိတ်ကောက်နေတဲ့ ချစ်သူကိုချော့သိပ်ဖို့
ချောကလက် အိမ်မက်လေးတွေကချိုအီမွှေးလို့...
♡ကောင်ကင်ပြာကြီးပေါ်မှာ ခိုတွဲနေတဲ့
ကြယ်ပွင့်လေးတွေနဲ့ လရောင်တွေရဲ့ ပွင့်ဖက်ကလည်း
ဖျက်ခနဲ...ဖျက်ခနဲမြူးခုန်ကလို့....
♡ချစ်သူပါးပြင် ဖောင်းဖောင်းလေးရဲ့အပြုံးထဲမှာ
တူတူပုန်းတမ်း ကစားချင်တဲ့ အချစ်စိတ်က
တိတ်တိတ်လေး ခုန်ချသွားလိုက်တာ
ရှက်ကိုးရှက်ကန်းနဲ့ပေါ့....
♡ချစ်သူရဲ့ နှင်းဆီနှုတ်ခမ်းဖူးဖူးမှာ
စိတ်ကူးတွေ စိုက်ခွင့်ပျိုးခွင့်ရနိုင်မလား...
ချစ်ခြင်းတရားဆိုတာ ရောင့်ရဲမှုမှ မရှိနိုင်ဘဲ....
♡ပန်းနုရောင် ကိုယ့်နှလုံးသား
တယောထိုးသံလေးကတော့...
ဘဝတစ်သက်တာ ရွာကျမဲ့
ဝါကျတစ်ကြောင်းအတွက်
သံသယဖြစ်စရာ မလိုပါဘူး...
နှစ်ဦးသဘောတူ ခိုင်မြဲခဲ့တဲ့ အချစ်တွေက
ထပ်တူထပ်မျှ....။
@aungzin
MSC No. 242
အဲလဲ့ အဲလဲ့ 😄
😄
ရည်းစားစာတွေရေးနေတာလားဟင်
ကဗျာလေးကောင်းတယ်bro ဘာပဲဖြစ် ဖြစ် cmt bot ရအောင်စာရှည်ရှည်ရေးရတာပေါ့နော်။ 😄