ဆန္ဒပြည့်မှော်ဖန်ပုလင်း

in #myanmar7 years ago

image
ကိုယ့်မှာအရမ်းဖြစ်ချင်နေတဲ့ ဆန္ဒတစ်စုံတရာရှိလို့ရှိရင်
ဒီနည်းလေးကိုသုံးလို့ရပါတယ်။ မဖြစ်နိုင်တဲ့ ဆုတောင်းမျိုးတော့
မဖြစ်မိစေနဲ့ပေါ့။ ဒီနည်းလေးဟာ ရှေးဟောင်း Celtic ဝါဒမှာ
အထူးယုံကြည်ထားကြတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအစီအရင်ကို
သုံးဖို့အတွက် -
-အပြာရောင်ဖယောင်းတိုင်(၁)ချောင်း
-စန္ဒကူးနံ့အမွေးတိုင်(၁)တိုင်
-ဖန်ပုလင်းတစ်လုံး
-အဖြူရောင်စာရွက်အပိုင်းအစတစ်ခု
လိုအပ်မှာပဲဖြစ်ပါတယ်။
အရင်ဆုံး စားပွဲအလွတ်တစ်လုံးပေါ်မှာ ဖယောင်းတိုင်
နဲ့ အမွေးတိုင်ကို အရင်မီးထွန်းညှိလိုက်ပါ။ စာရွက်အပိုင်းအစလေးထဲ
မှာတော့ ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကိုရေးပါ။ မဖြစ်နိုင်သောဆန္ဒ
မရေးပါနှင့်။ အဲ့ဒီလိုရေးပြီးပြီဆိုရင်တော့ ရေးပြီးစာရွက်လေးကို
လိပ်ကာ ဖန်ပုလင်းထဲကိုထည့်ပါ။ ဖန်ပုလင်းထဲကိုထည့်ပြီးသွားပြီ
ဆိုရင်တော့ ဖန်ပုလင်းထဲကို ရေဖြည့်ပါ။ ရေဖြည့်ရာမှာ ဖြည်းဖြည်း
ချင်းဖြည့်ရမှာဖြစ်ပြီးတော့ ရေဖြည့်နေချိန်မှာလည်း -

"စကြာဝဠာရဲ့စွမ်းအင်ကြောင့် ဆန္ဒတွေတကယ်ပြည့်လာမယ်လို့
ယုံကြည်ပါတယ်။ ဆန္ဒစက္ကူကို ရေခဲထဲမှာထားပြီးနောက်
ဆန္ဒမပြည့်မှာလည်းစိတ်ပူမှာမဟုတ်တော့ပါဘူး။ ငါ့ယုံကြည်မှုက
စကြဝဠာကြီးဖြစ်ပြီးတော့ စကြဝဠာကြီးကိုကျေးဇူးတင်ပါတယ်။ "
လို့ပြောနေရမှာဖြစ်ပြီး ရေကို အပြည့်မဖြည့်ဘဲ
သုံးပုံနှစ်ပုံခန်ံသာဖြည့်ရမှာပါ။ ပြီးနောက် ရေများခဲသွားစေရန်အတွက်
ပုလင်းကိုအဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားလိုက်ပါ။
ဆန္ဒပုလင်းကိုရေခဲသေတ္တာထဲမှာပဲ အဲ့ဒီအတိုင်းထားရ
မှာဖြစ်ပြီးတော့ ကိုယ့်ဆန္ဒပြည့်ပြီးနောက်မှာတော့ ဆန္ဒပုလင်းကို
ရေခဲသေတ္တာထဲမှထုတ်ကာ ကိုယ်နဲ့ဝေးရာကိုလွင့်ပစ်လိုက်ပါ။
ဘယ်တော့မှလှည့်မကြည့်ပါနဲ့။ ဘယ်တော့မှ ပုလင်းထဲကစာကို
ဖွင့်မဖတ်မိပါစေနဲ့။

ကာရှိုင်း (ကြယ်စင်ချစ်သူ)