မယ်နန်းဘုံရဲ့ ဘဝမှာ ပထမဆုံးအကြိမ် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ရွာတွင် ရှိစဉ်ကာလတုန်းကဆိုလျှင် အားလုံး၏ စုန်းမ ဟု စွပ်စွဲမှုများ၊ ရွာပြင်ထုတ်ခံထားရမှုများ၊ ဘယ်သူကမှ လာမပေါင်းသောကြောင့် အထီးကျန်မှုများကိုသာ ခံစားလာခဲ့ရ၏ ။ ယခုတွင်မူ မယ်နန်းဘုံတစ်ယောက် သူလိုချင်သော နွေးထွေးမှုနှင့် မေတ္တာတရားကို ရနေပြီဟုလည်းထင်မိသလို ထိုခံစားချက်မှလည်း သူ့ရင်ထဲသို့နွေးထွေးသွားစေကာ ပျော်ရွှင်မှုကြောင့်ပင် မယ်နန်းဘုံရဲ့ မျက်လုံးအိမ်ထဲမှ မျက်ရည်ပူအချို့က စီးဆင်းကျလာတော့သည်။ မယ်နန်းဘုံလေးက ဖက်ထားရင်းနှင့်ပင် မျက်ရည်တို့ကို သုတ်လိုက်သည်။ သတိထားမိသော အမျိုးသမီးက -
"ဟယ် . . . ညီမလေး . . ဘာလို့ငိုနေတာလဲ . ."
ဟုမေးလိုက်ရာ မယ်နန်းဘုံက မျက်ရည်အဝိုင်းသားလေးနှင့်ပင် ပြုံးပြလိုက်ပြီး .
"သမီး . . .သမီး အရမ်းပျော်လို့ပါ . . . မေတ္တာတရားဆိုတာက . . .ဒါကိုခေါ်တာလားဟင် . ."
ဟုပြောလိုက်သည်။ ထိုအမျိုးသမီးကမယ်နန်းဘုံ၏ ဆံပင်လေူကို လက်နှင့် ဖွဖွလေးပွတ်ပေးလိုက်ကာ ပြုံးပြလိုက်ပြီး -
"ဒါပေါ့ ညီမလေးရဲ့ . . ဒါဟာ . . မေတ္တာတရားပါပဲကွယ် . ."
ုဟုသာပြောလိုက်လေတော့သည်။ မယ်နန်းဘုံလေးက အရင်ဆုံး သူ့ကိုယ်သူ စမိတ်ဆက်သည်။
"အော် . . အစ်မ ဘယ်သူလဲဆိုတာ သမီးမသိရသေးဘူးနော် . . သမီးနာမည်က မယ်နန်းဘုံလို့ ခေါ်ပါတယ်"
"အင်း . . ဟုတ်ပြီ . . .မမ နာမည်က နိုရာ တဲ့ . ."
နိုရာဆိုသော ကောင်မလေး၏ နာမည်ကို ကြားလိုက်တော့ မယ်နန်းဘုံက နားမလည်ဟန်ဖြင့် မျက်ခုံးနှစ်ခုကို အနည်းငယ် ကျူံ့လိုက်ပြီး စူးစမ်းလိုက်သည်။
"နိုရာ . . .ဟုတ်လား . . ဘာနာမည်လဲဟင် . . မမ . . . ဗမာနာမည်မဟုတ်ဘူးနဲ့တူပါတယ် . ."
နိုရာက ပြုံးပြလိုက်ပြီးဆက်ပြောသည်။
"သိပ်ဟုတ်တာပေါ့ . . နိုရာဆိုတာက ဗမာနာမည်မဟုတ်ပါဘူး . . မမ တို့လောက က လူတွေက ဒီလိုနာမည်တွေနဲ့ပဲ ပေးလေ့ပေးထ ရှိကြတာပေါ့ကွယ် . "
ထိုစကားကြောင့် မယ်နန်းဘုံလေးက ပိုရှုပ်သွားပြီး ခေါင်းကို တွင်တွင်ကုတ်လိုက်သည်။ ပြီနောက်တွင်မှ -
"မမတို့လောက . . ဟုတ်လား . . ဘာလောကလဲဟင်. . . နောက်ပြီး မမ ခုနတုန်းက မမလည်း မကောင်းဆိုးဝါး ပဲဆိုပြီး ပြောခဲ့သေးတယ်နော် . . မမက သမီးလိုပဲ စုန်းလားဟင် . ."
ဟု မေးလိုက်သည်။ နိုရာကတော့ မျက်လုံးလေးကို အသာအယာလေး မျက်လွှာချပြီး ခေါင်းကို ညင်သာစွာလေးခါရင်းပြောလိုက်သည်။
"မဟုတ်ဘူး . . ဇကွဲ . . . မမက ဇကွဲ"
"ဇကွဲဆိုတာ ဘာလဲဟင် . ."
"ဒီလို . . ညီမလေးရဲ့ . . ဇကွဲဆိုတာ ဇယားရဲ့ အရှည်ကောက်ကိုပြောတာ . . . မမက လူတွေရဲ့အပျော်အတွက် ခန္ဓာကိုယ်ကို ငွေနဲ့ အငှားစားရတဲ့ မိန်းမပါ . . ."
"အော် . . . ဟုတ်ကဲ့ မမ . . "
မယ်နနိးဘုံလေးကတော့ ဒါပဲပြောလိုက်သည်။ ၅ နှစ်အရွယ်ကလေးမလေးက ပြည့်တန်ဆာဆိုတာ ဘာဆိုသည်ကို အဘယ်သို့သိနိုင်ပါအံ့နည်း။ သို့သော် နိုရာ့ရဲ့ ခံစားချက်တို့က မပျောက်နိုင်သေးဘဲ အဝေးတစ်နေရာသို့ ငေးကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီးနောက် နာကြည်းစွာပင်ဆက်ပြောလိုက်သည်။
"ဟူးး . . လူတွေက မမတို့မိန်းမသားတွေဆိုရင် အထင်သေးကြတယ် . . နိမ့်ကျတယ်ဆိုပြီး ပြောကြတယ် . . . ဒါပေမယ့် အချိန်တန်တဲ့အခါ အဲ့ဒီမြင့်မြတ်လှပါတယ်ဆိုတဲ့ ယောက်ျားတွေကပဲ နိမ့်ကျလှတဲ့ မိန်းမတွေရဲ့ . . . "
ဟု အစချီကာ ယောက်ျားမုန်းတီးခန်းဋီကာကို ဖွင့်ဆိုပါတော့သည်။ တကယ်တမ်းတော့ နိုရာ့မှာလည်း သူ့နာကျည်းချက်နှင့်သူပင် . .။
သို့သော်လည်း အချို့သောအကြောင်းအရာမျာက ငါးနှစ်သမီးလေးကို ရင်ဖွင့်ပြမည်ဆိုရင်တောင် အဘယ်သို့များ နားလည်နိုင်ပါအံ့နည်း။
သို့သော်လည်း နာကျည်းမှုများ ဝန်းရံနေရာ မြေကမ္ဘာတွင်တော့ မယ်နန်းဘုံနှင့်နိုရာတို့သည် တစ်ဦးကိုယ်တစ်ဦး အပြန်အလှန် အမှီသဟဲပြုနိုင်သော မှီတွယ်ရာများပင် ဖြစ်သွားကြပါလေတော့သည်။
× × × × × × × ×
အညာဖုန်ထူထပ်ရာဒေသတစ်ခုရှိ ဘုရားပြို ဘုရားပျက်များကြားတွင်ဖြစ်သည်။ ညနေခင်း နေဝင်ပြီးစအချိန် သဲဆန်သော မြေများက လေအေးအေးမှာ ပျံ့လွင့်နေလျက်ရှိပြီး မှောင်စပြုနေသော ပတ်ဝန်းကျင်မှာ သဲမှုန်တို့ကြောင့် ထိုင်းမှိုင်းလို့ နေ၏ ။
ဘုရားပြိုများအနီးမှာတော့ ဆံထိုးမှာ အရိုးထိုးထားသော စုန်းမအိုကြီးရှိနေပြီး လေထု၏ အတင်းတိုးဝှေ့မှုကြောင့် ဝတ်ရုံမှာ တဖျတ်ဖျတ်လွင့်နေသည်။ ခဏကြာတော့ ရွှံ့လုံးနှစ်လုံးသည် အဝေးမှ ခုန်ဆွ ခုန်ဆွနှင့် လာလျက်ရှိပြီး စုန်းမအိုကြီးအနားသို့ရောက်သောအခါ မီးခိုးငွေ့များမှတစ်ဆင့် လူသားအသွင်ပြောင်းသွားပြီးနောက် . .
"သူတို့ရွာ ပြာကျသွားပါပြီ အရှင်မ"
ဟု ပြောလိုက်သည်။ စုန်းမအိုကြီးက အဝေးသို့မျှော်ကြည့်နေရာကနေ ထိုနှစ်ဦးဆီသို့လှည့်လိုက်ပြီး -
"ဟိုကောင်မလေးရော . . ."
ုမေးလိုက်သည်။
"မတွေ့တော့ပါဘူး . . .အရှင်မ . . . အဝေးရောက်သွားပါပြီ"
"ကောင်းပြီ . . ဒါဆိုငါတို့ရဲ့ စီစဉ်မှုတစ်ခုတော့ အောင်သွားပြီ . သူအဝေးရောက်သွားပြီဆိုရင် မယ်နန်းဘုံ လွတ်လပ်ရေးမကြိုးပမ်းနိုင်တော့ဘူးပေါ့ . . . ဗမာပြည်ဟာ ငါတို့အတွက်ပဲ ဖြစ်ရမှာပေါ့ . . . ဟားဟားဟားဟား ဟားဟားဟားဟား"
ဟု ရယ်မောရင်းနှင့် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -
"နေဦး . . . ဟိုကောင်လေးကော . . . ဟုတ်တယ် . .ရွာတည်တဲ့ကောင်လေး . . . သူ ဘယ်မှာပြန်ဝင်စားနေသလဲ . . ပြီးတော့ . အချစ်ကို ကိုယ်စားပြုတဲ့ ပြဒါးရှင်လုံးတွေကကော ဘယ်မှာလဲ . . ဒေဝေါကြောင့် မယ်နန်းဘုံ သူ့ဘဝအားလုံး သတိမရနိုင်သေးပေမယ့် တစ်ချိန်ကျရင် ."
ဟု ပြောလိုက်ရင်းနှင့် စုန်းမအိုကြီးက အဝေးသို့ မျှော်ကြည့်လိုက်မိသည်။ ဟိုးအဝေးက ပြာကျနေသော ရွာလေးတစ်ရွာကတော့ ပြာကျသွားသော်လည်း မီးခိုးတလူလူလွင့်နေဆဲ . . . . . ။
သို့သော် ပျောက်ကွယ်နေသော ပြဒါးရှင်လုံး . . . နောက်ပြီး ရွာတည်စက မီးအိမ်နဲ့ကောင်လေး . . . မယ်အိုစာစုန်းမအိုကြီး ဒါတွေအားလုံးပျောက်လို့နေသည်။
တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ နက္ခတ်ပွဲသဘင်ည သည် သူတို့အားလုံးကို များစွာပင် ပြောင်းလဲ သွားစေခဲ့လေပါတော့သည်။ ဆံထုံးမှာ အရိုးထိုးထားသော စုန်းမအိုကြီးရဲ့ စိတ်ထဲမှာတော့ -
"မယ်အိုစာ . . . ညည်းနဲ့ကျုပ် ဆုံခဲ့ကြတဲ့ လွတ်လပ်ရေးအလံတင်အခမ်းအနားကို ကျုပ်သတိရလိုက်တာ . .
တကယ်တော့ ညည်းနဲ့ကျုပ်ဟာ ရည်ရွယ်ချက်ချင်းတူပြီး . . . လမ်းကြောင်းမတူခဲ့လို့ အခုလို ရန်သူတွေဖြစ်နေခဲ့ကြရတာပေါ့အေ . . ."
ဟုသာ တစ်ချက်ညည်းတွားလိုက်ရင်း စုန်းမအိုကြီးရဲ့ အတွေးတို့က ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် သူတို့ဖြစ်ပျက်ခဲ့သော ပုံရိပ်များကို တရိပ်ရိပ်ဆိုသလိုပင် မြင်ယောင်လာခဲ့ရပါတော့သည်။
အပိုင်း(၉)ဆက်ရန်။
Own Feeling @ 2018 by
@AuroKarshine
MSC-136
ဖတ်လို့ကောင်းတယ်
ကျေးဇူးပါဗျ . . .ထပ်ကြိုးစားပါဦးမယ်
Good post !
...
စာရေးကောင်းတယ် 😃
good post လေးပါ
ဒါနဲ့အပိုင်းဘယ်လောက်ထိထွက်မှာလဲ
တစ်ဝက်မကျိုးသေးဘူးခင်ဗျ . . နွားချစ်သူတောင်မလာသေးဘူးဆိုတော့လေ . . ဇာတ်လမ်းက ခေါင်းထဲစဉ်းစားထားပြီးသားဆိုတော့ ခန့်မှန်းချေ ၂၀ ၃၀ လောက်ရှိမယ်ထင်ပါတယ် . . အဲ့ထက်လည်းများနိုင်ပါတယ်
GOOD. အရေးအသားကောင်းပါသည်။
ကျေးဇူးတင်ပါတယ်ဗျ
good bro
အပိုင်းရှည်ရီးရေးတာ တော်လိုက်တာ
Good story.
ဇာတ်လမ်းလေးကောင်းတယ်။
ဖတ်လို့ကောင်းတယ် အစ်ကို
ဒီတပုဒ်ဆုံးရင် $1000လောက်ကတော့ ပြေးမလွတ်လောက်ဘူး
ဟဲဟဲ . .Bro ကတော့ နောက်ပြီဗျာ
ဆက်မျှော်နေမယ်
စိုးစိုး ဂွတ်တယ် စိုးစိုး ဂွတ်တယ်
အားကျတယ်ဗျာ။ရေးနိုင်တာ။အားပေးတယ်bro
Good story
နိ လုံးချင်းထုတ်မဲ့ဟာလားဟင်
ဟဲဟဲ . . .အခြေနေအရပေါ့
ဗိုလ်အောင်ဒင်လိုပဲ အရေးသားတွေ
ကြွေပြီဗျာ