မော်လမြိုင်မြို့လေး၏မြတ်ဒါနအလှူပွဲလေး

in #myanmar7 years ago

IMG_20170903_074037.jpg
Steemit members အားလုံးမင်္ဂလာပါ။ဒီနေ့လေးမှာတော့ မြန်မာတို့၏ မွန်မြတ်သော အလှူပြုပုံ စေတနာသဒ္ဒါတရား ထက်သန်လှပုံကို အကြောင်းပြုလို့ မို့တို့နှင့်ထပ်တူသာဓုခေါ်နိုင်စေဖို့ မိုတို့မော်လမြိုင်မြို့လေးမှာနှစ်စဉ်ကျင်းပမြဲမြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲလေးကိုစိတ်အားထက်သန်စွာပီတိဝေဖြာသာဓုခေါ်နိုင်စေဖို့ရေးသားခြင်းပါ။
IMG_20170903_071539.jpg
၁၃၇၉ခုနှစ်တော်သတင်းလဆန်း(၁၃)ရက်နှင့်(၁၄)ရက်နှစ်ရက်တိုင်တိုင်နှစ်ပိုင်းခွဲကာမော်လမြိုင်မြို့မုဒုံမြို့ကျိုက်မရောမြို့မုတ္တမကျေးရွာတို့မှကျောင်းပေါင်း(၃၁၀)ကျောင်းတို့မှရဟန်းရှင်သာမဏေပေါင်း(၈၀၀၀)ကျော်နှင့်သီလရှင်(၈၀၀)ကျော်တို့မှာမြို့စမှမြို့တစ်ဝက်တစ်နေ့တာအဖြစ်သတ်မှတ်လို့မိုးပဲရွာရွာနေပဲပူပူခြေကျင်လျှောက်လို့မိုတို့တစ်မြို့လုံးမှမြို့သူမြို့သားအားလုံးက၊ကြည်ညိုသဒ္ဒါပွါးများကာလောင်းလှူကြမယ့်ဆွမ်းဆန်တော်ကိုအလှူခံဖို့ကြွပေးတော်မူကြတယ်လေ
IMG_20170903_071447.jpg
မိုးမလင်းခင်အာရုံတက်ချိန်မှစလို့ စုရပ်နေရာ၊လောကမာရဇိန်ငွေဘုံသာဆုတောင်းပြည့်စေတီလေးမှာအာရုံဆွမ်းဆပ်ကပ်လှူဒါန်းကြသည်များကိုဘုဉ်းပေးတော်မှူပြီးရှေ့ဆုံးကနေရုပ်ပွါးတော်တစ်ဆူပင့်ဆောင်ကာမိုတို့ရပ်ကွက်မှကာလသားလူငယ်လေးများကတူညီဝတ်စုံများဝတ်ဆင်ကာအလှူခံဖလားလေးများကိုင်ဆောင်ပြီးရဟန်းသံဃာများအမှူးထားလို့တစ်မြို့လုံးကမြို့သူမြို့သားကုသိုလ်တွေတိုးပွါးစေဖို့မမောနိုင်မပန်းနိုင်ကြွပေးကြတာဟာအလှူပေးသူတို့၏စိတ်ကိုလှူသထက်လှူချင်စိတ်များဖြစ်ပေါ်လာစေတာအမှန်ပါ။မြင်ကြည့်လိုက်ပါမြန်မာလူမျိုးတွေဖြစ်ကြသည့်အတွက်ကိုယ်ကိုတိုင်လှူတာမဟုတ်တာတောင်သူတစ်ပါးအလှူကိုပီတိဖြစ်ကာဝမ်းသာမဆုံးသာဓုခေါ်ပေးကြမယ့်သူများသာမဟုတ်လား။
IMG_20170903_071142.jpg
steemitmemberများလည်းမိုတို့မြို့လေးရဲ့နှစ်စဉ်အစဉ်အလာမပြတ်ကုသိုလ်ပြုဆွမ်းဆန်လောင်းလှူပွဲကြီးကိုမိုနှင့်အတူသာဓုခေါ်ပေးကြမယ်လို့မိုယုံကြည်ပါတယ်ဘာလို့လည်းဆိုမိုတို့ဟာတစ်နိုင်ငံတစ်မြေတည်းမှာတစ်မျိုးသားတည်းမို့ကုသိုလ်ပြုဖို့လက်မနှေးကြသူပဲမဟုတ်လား။

မလှူလို့မရှိမရှိလို့မလှူတာမျိုးမဖြစ်ချင်ကြသူတွေဆိုတော့ဘယ်အလှူမှာကြည့်လိုက်ကြည့်လိုက်မြန်မာဆိုတာထိပ်ဆုံးကပါလူတိုင်းတစ်နေ့တော့သေကြရမှာချည်းပဲဆိုတော့သေရင်ကိုယ်နောက်ပါမှာကိုယ်ပြုလိုက်တဲ့ကုသိုလ်ဒါနတွေပဲဆိုတာလူသားတိုင်းယုံကြည်ထားပြီးသားပဲမို့ကိုယ်တက်နိုင်တဲ့အင်အားနဲ့တော့နည်းနည်းများများလှူကြတာချည်းပါပဲ
IMG_20170903_065533.jpg
(3-9-2017)ဒီနေ့လေးမှာဆိုမို့တို့မော်လမြိုင်မြို့သူမြို့သားများအားလုံးဆွမ်းဆန်တော်လောင်းလှူပွဲလေးမှာပါဝင်နိုင်ဖို့မနက်အစောကြီးထကာ စိတ်အားထက်သန် ကြည်နူးသဒ္ဒါအဖြာဖြာနှင့် မမောနိုင်မပန်းနိုင်ပြင်ဆင်နေကြတာဟာ တကယ့်ကိုကျက်သရေရှိလှပါတယ်ငွေအားနိုင်သူကငွေအားလုပ်အားနိုင်သူကလုပ်အားတို့ဖြင့်ရဟန်းသံဃာတော်များကြွချီလာမယ့်လမ်းတစ်လျှောက်ကုသိုလ်ယူနိုင်ဖို့အဆင့်သင့်စောင့်ဆိုင်းနေကြပါတယ်တစ်ချို့မှာလည်းလှူကြတဲ့သူများအတွက်အာဟာရဒါနပြုကြသေးတယ်ကျွေးမွေးလှူဒါန်းသူများစိတ်ချမ်းမြေ့စေဖို့အားရပါးရကိုစားသောက်နေသူများဖြစ်လည်းတကယ့်ကိုစည်ကားပျော်ရွှင်ကုသိုလ်ရတဲ့နေ့လေးတစ်နေ့ပါပဲ၊
IMG_20170903_070754.jpg
စုပေါင်းလှူတဲ့သူကလှူတစ်ဦးချင်းစီလောင်းလှူတဲ့လှူအောက်လမ်းမကြီးတလျှောက်မြင်ရသူအပေါင်းကိုစိတ်ကြည်နူးသဒ္ဒါဖြစ်ပေါ်စေမှာအမှန်ပါ။မနက်မိုးလင်း(၅)နာရီလောက်မှစ၍ခြေကျင်လျှောက်လာကာနေ့ခင်းတစ်နာရီနှစ်နာရီထိုးသွားခဲ့တာတောင်မပြီးပြတ်သေးတာမို့နောက်မှာကျန်နေတဲ့တစ်ချို့ရဟန်းသီလရှင်များမှာနေ့ဆွမ်းများဘုဉ်းရမယ့်အချိန်ကျော်လွန်သွားတာတောင်ရပ်တန့်မသွားပဲလောင်းလှူကြတဲ့မြို့သူမြို့သားများကုသိုလ်ကောင်းမှုအပြည့်အဝရစေဖို့အလှူခံပေးကြပါတယ်။

ဒါကြောင့်လောင်းလှူကြတဲ့မိုတို့မြို့သူမြို့သားအားလုံးဟာတစ်နှစ်ထက်တစ်နှစ်ပိုတိုးလို့သာလှူဒါန်း
ကြတာတကယ့်ကိုဝမ်းသာပီတိဖြစ်ရတာအမှန်ပါ။သိက္ခာပုဒ်နှင့်ပြည့်စုံတဲ့ရဟန်းရှင်သာမဏေများကိုလှူဒါန်းရတဲ့အတွက်ဒါန၏အကျိုးကိုရရှိသလိုမလှူခင်မှာရောလှူနေစဉ်မှာပါကိုယ်လှူခွင့်ရတဲ့ကုသိုလ်ကြောင့်စိတ်အစဉ်ကိုအေးချမ်းကြည်နူးမှုဖြစ်
ပေါ်စေတာအမှန်ပါ။လူသားအားလုံးဟာတစ်နေ့တစ်နေ့ရုန်းကန်ဖြတ်သန်းလှုပ်ရှားနေရတာကြောင့်ဘဝအမောတွေနဲ့မကင်းနိုင်ကြပါဘူးဒါကြောင့်မြန်မာလူမျိုးအများစုဟာစိတ်အေးချမ်းမှုအပေးနိုင်ဆုံးကိုယ့်အတွက်အကျိုးဖြစ်နိုင်ဆုံးသောကုသိုလ်ဒါနလေးကိုရတဲ့အချိန်နိုင်တဲ့အင်အားနဲ့တက်နိုင်သလောက်ကုသိုလ်ပြုနေကြသူများပဲမဟုတ်လား။
IMG_20170903_064048.jpg
အခုလည်းမိုတို့မြို့လေးရဲ့ဒါနကုသိုလ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲလေးမှာကိုယ်တိုင်ပါဝင်လောင်းလှူခွင့်ရသလိုဝမ်းသာပီတိသာဓုခေါ်ခွင့်ရသလိုsteemitmemberများလည်းမိုတို့နှင့်ထပ်တူသဒ္ဒါပွါးလို့သာဓုခေါ်စေဖို့ရည်ရွယ်၍ဒီpostလေးကိုရေးသားတင်ပြရခြင်းပါ။steemitmembersအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ဆန္ဒပြုရင်း။
Writer by @ayemomo
Photo by my phone

Sort:  

တ​နေ့ ငါsteemit မိသားစု​တေ ​မောင်​နုမ​တေဆီ လိုက်​လည်​မယ်
သာဓု သာဓု သာဓု ပါအန်​တီ

ဟုတ်ကဲ့ပါ တူလေး

မော်လမြိုင် ရောက်ရင် လာလည်မယ် နော်

ဟုတ်ကဲ့ပါရှင်

သာဓု…သာဓု…သာဓု…ပါခမျာ ဆရာမလေး ။

ဟုတ်ကဲ့ပါရှင်

Great post...

စာပုဒ်အဖြတ်အတောက်တွေကြားမှာ space လေးတွေခြားပါ။ စာလုံးတွေကို တောက်လျောက်ရိုက်တော့ စာလုံးတွေရောကုန်တယ်။ သာဓု သာဓု သာဓု ခေါ်ပါတယ်ဗျာ။ မျက်မှန်ဆိုင်ဖွင့်ထားတာလား အဲကြော်ငြာကြီးကဘာလား

ဟုတ်ကဲ့ပါ မို notepadကspaceခြားလိုက်ရင်အောက်ဆင်းဆင်းသွားလို့ပါ အတက်နိုင်ဆုံးတော့ကြိုးစားပါ့မ

သာဓု သာဓု သာဓုပါ

ဟုတ်ကဲ့ပါရှင်

စာအရေးသား အကြောင်းရာ ကောင်းပါတယ်။ စာရေးတာ ဆက်တိုက်ကြီး ရေးထားတာတော့ မကောင်းဘူးနော် အဖြတ်အတောက် အထားအသိုလေးတွေ ဂရုစိုက်ပေးပါ။

ဟုတ်ကဲ့ပါ ကျေးဇူးပါ

ကောင်းလေစွ တကား ကောင်းလေစွ နောက်လည်း စီးပွားရေးအဆင်ပြေလို့ အလှူ အတန်းများများလုပ်နိုင်ပါစေ ခင်ဗျာ

ဟုတ်ကဲ့ပါရှင့် ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏

မရှိလို့မလှူ၊မလှူလို့မရှိနဲ့
မွန်မြတ်တဲ့စိတ်ထား အကျိုးများမယ်.
တိုးပွားမယ် အလီလီ ကြိုးစားလို့ချီသည်..
နောင် ဘုရားအပွင့် ဥာဏ်နားကိုဖွင့်
သတိပြုဆင်ခြင် တုမရှိတဲ့ နိဗ္ဗာန်ဝင်မည်
ဒါန၊သီလ၊ဘာဝနာလမ်း ဆက်ခါလှမ်း
နောင်တမရစတမ်း.......

ဟုတ်ကဲ့ ကျေးဇူးပါ

good post that you share.... see you

yes,thank you

အရေးအသားကိုအတော်ဂရုစိုက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပုံတွေကို Edit လုပ်ပြီးချိန်ဆထည့်ပါ၊ မျက်စိပသာရအတွက်ပါ။

ဟုတ်ကဲ့ပါဆရာ