Steemit members အားလုံး မင်္ဂလာပါရှင်။
မိုက အရောင်းဝန်ထမ်း တစ်ယောက်မို့ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတဲ့ စကားလေးဟာ မိုတို့နဲ့လည်း ကိုက်ညီတာ အမှန်ပါ။ လူတိုင်းတွက်လည်း ဘယ်အရာမှာ မဆို စိတ်ရှည် သည်းခံ လိုက်မယ် ဆိုရင် လမ်းကြောင်းမှန် ဆိုတဲ့တိုင်း ကိုယ်လိုချင်တဲ့အရာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝမှာ အမှန်ပဲ မဟုတ်လား။ မို အလုပ်စဝင်ဝင်ခြင်းက ဘာမှလည်း နားမလည် ဈေးရောင်းတာ လွယ်လွယ်လေးလို့ပဲ ထင်ခဲ့တာ။ တကယ်တော့ ဈေးရောင်းတယ် ဆိုတာ တော်ရုံစိတ်မျိုးနဲ့ မရပါဘူး။ ကမ္ဘာ့နယ်ပယ် အရပ်ရပ်က လူမျိုးစုံ နေရာမျိုး၊အလွှာမျိုးစုံ လာရောက်ဝယ်ယူကြတာမို့ တစ်ဦးနှင့်တစ်ဦး စိတ်ဓါတ်တွေ မတူညီနိုင်တာကို ပထမဦးဆုံး နားလည်သဘောပေါက် ထားဖို့ သိပ်ကို အရေးကြီးပါတယ်။
မိုတို့ နယ်ပယ်က ရောင်းကုန်များဟာ စားစရာ မဟုတ်လို့ ဒီမုန့်ဝယ် ဒီမုန့်ရောင်း ဆိုသလို လွယ်လွယ်နဲ့ မပြီးသွားတာမို့ ဈေးရောင်းခြင်းမှာလည်း အမျိုးမျိုး ရှိပါတယ်။ ဈေးရောင်းသူ ဆိုတာ အပြောအဆို သွက်လက်ရသလို ဝယ်သူရဲ့ စိတ်နေစိတ်ထားကို မဖတ်တက်ရင်တောင် မြင်အောင်ကြည့်နိုင်ဖို့ လိုတယ်။ ပထမတော့ မိုလည်း အလုပ်က ဝင်ခါစ စကားလည်း အိမ်မှာနေတောင် တော်ရုံမပြောတဲ့သူ ဆိုတော့ မိုလုပ်တဲ့ အလုပ်နဲ့ သဟဇာတ ဘယ်ဖြစ်မလဲ။ အခက်အခဲကတော့ ဖြစ်တာပေါ့။ ဈေးရောင်းတယ် ဆိုတာ ကိုယ့်ပစ္စည်းကို သူများဝယ်ချင်လာအောင် စွဲဆောင်ပြီး ပြောဆိုနိုင်ရမယ်လေ။ ဒါမှလည်း ကိုယ့်ပစ္စည်း ရောင်းရမှာလေ။ အဲလို ရောင်းရဖို့ စွမ်းဆောင်နိုင်စွမ်း အရောင်းဝန်ထမ်း တစ်ယောက်မှာ တာဝန်အပြည့်ဝ ရှိတယ်။ မရောင်းရလည်း ဘာဖြစ်လည်း အချိန်တန် လစာရမှာပဲ ဆိုတဲ့ စိတ်ဓါတ်မျိုး မရှိသင့်ပါဘူး။ ဘာလို့ဆို ရောင်းရမှ လုပ်ငန်းတိုးတက်မှာ ဖြစ်သလို လုပ်ငန်းတိုးတက်မှလည်း လခစားဘဝ တည်မြဲသလို ကိုယ်ယူရတဲ့ လခဟာလည်း တန်ဖိုးရှိမှာလို့ မိုခံယူထားတယ်။
အစပိုင်းမှာ ခက်ခဲပင်မယ့် သူများလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမယ် ဆိုတဲ့ ခံယူချက် ထားလို့ သင်ယူနိုင်အောင် ကြိုးစားတယ်။ အစပိုင်းမှာ ခက်ခဲပင်မယ့် အချိန်ကြာလာတာနဲ့အမျှ အလုပ်က သင်လာတာမို့ အခက်အခဲက နည်းလာတယ်။ ဈေးရောင်းတဲ့ နေရာမှာ လူမျိုးစုံနဲ့ တွေ့ကြုံနေရတာမို့ လူအမျိုးမျိုး စိတ်အထွေထွေကိုလည်း နားလည်လာတယ်။ နဂိုက မိုက စကားနည်းသလို ကိုယ်မှန်တယ်ထင်ရင်လည်း ဘယ်သူ့မှ ဂရုမစိုက်တက်တဲ့ လူစားမျိုးလေ။ စီးပွားရေး နယ်ပယ်မှာ လူအများနဲ့ ဆက်ဆံရတဲ့ခါ ကိုယ့်ရဲ့ အပြုအမူတွေကို ဂရုစိုက်ဖို့ လိုအပ်လာတယ်။ ကိုယ့်စိတ်ထဲ ရှိတဲ့တိုင်း ပြောဆို ဆက်ဆံလိုက်လို့ မရမှန်း သိလာတယ် သည်းခံတက်လာတယ်။ အရောင်းအဝယ်မှာ စိတ်ရှည်သည်းခံ တက်ဖို့က အရေးကြီးဆုံး သော့ချက်မှန်း လူအများနဲ့ ဆက်ဆံရတဲ့ခါ ပိုသိလာရတာပါပဲ။
အရောင်းအဝယ်ပိုင်း ဆိုင်ရာမှာလည်း ဝယ်သူအမျိုးမျိုးပေါ် ကိုယ်က အလိုက်သင့် နားလည်ပေးပြီး စိတ်ရှည်ပေးဖို့ ဝယ်သူ စိတ်ချမ်းသာ ပျော်ရွှင်သွားစေဖို့ အဓိကထား စဉ်းစားပေးဖို့ လိုအပ်တယ်။ ဝယ်သူကလည်း အမျိုးမျိုး ရှိတယ်။ ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ ဝယ်သူ ရှိသလို အရမ်းရစ်ပြီး လက်ပေါက်ကပ် လောက်အောင် ပြောမရတဲ့ ဝယ်သူ ကိုယ့်ကို စိတ်ညစ်စေတဲ့ ဝယ်သူပေါ့။ ဒါပေမယ့်လည်း အရောင်းဝန်ထမ်းတွက်ကတော့ ဘယ်လို ဝယ်သူပဲ ဖြစ်ဖြစ် တူညီသော စိတ်မျိုးပဲ ထားဖို့ လိုအပ်တယ်။ အရောင်းဝန်ထမ်းလည်း လူပဲမို့ တစ်ခါတစ်လေမှာ အရမ်းသည်းမခံ နိုင်လောက်တဲ့သူမျိုးတွေနဲ့ ဆုံရတဲ့ စိတ်ထဲက ဒေါသကို အပြင်ထုတ် လိုက်မယ်ဆို သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမှာမို့ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန် ဆိုတဲ့တိုင်း ဒေါသများ မျိုသပ် ဟန်ဆောင် ပြုံးထားရတာမို့ ရောင်းဝယ်ခြင်းဟာလည်း မိုထင်သလို လွယ်လွယ်လေး မဟုတ်မှန်း အလုပ်အတွေ့အကြုံ များလာလေ ပိုသိလာလေပါပဲ။
ဘာတွေပဲ ဖြစ်ဖြစ်ပါ ကိုယ်က စီးပွားရေး လုပ်နေသူ ကိုယ့်ပစ္စည်းကို ဝယ်သူက နှစ်သက်မှ ရောင်းရမှာမို့ ဘယ်လို ဝယ်သူဖြစ်ဖြစ် စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်ဖို့ အမြဲတမ်း အပြုံးများနှင့်သာ စီးကြိုလိုက်လျှင် ကိုယ်လိုချင်တဲ့ အရာကို ရရှိလိမ့်မယ်လို့ မိုယုံကြည်ပါတယ်။ ဒါကြောင့် မိုလို အရောင်းဝန်ထမ်းပဲ ဖြစ်ဖြစ် တစ်ခြား နယ်ပယ် အသီးသီးမှာ လုပ်ကိုင်နေသူတွေပဲ ဖြစ်ဖြစ် အရာရာမှာ စိတ်ရှည် သည်းခံနိုင်အောင် ကြိုးစားပါ။ လမ်းကြောင်းမှန်သကဲ့သို့ အောင်မြင်ခြင်းတွေ ရရှိမယ် ဆိုတာ အသေချာပါလို့ မိုရဲ့ အရောင်းဝန်ထမ်း ဘဝ အတွေ့အကြုံများနှင့် ယှဉ်ပြီး ဝေမျှလိုက်ပါတယ်ရှင်။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြစေလို့ ဆုတောင်းပေးရင်း။
Author@ayemomo(MSC-051)
Photo by my phone& google
အလဲ့အလဲ့:::::::
အရောင်းဝန်ထမ်းဆိုရင်တော့
တော်ကီ ညက်ရမှာပေါ့
ဆန်ကျင်ဘက် ဖြစ်နေတော့
မနည်းကြိုးစားနေရတယ်ရှင့်
သီးခံခြင်းဟာအနိုင်ယူခြင်းပါပဲ
မှန်ပါတယ်၊ ပုထုဇဉ်တွေဆိုတော့ တစ်ခါတစ်လေတော့လဲ
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် …
နေရာတိုင်းအတွက် တကယ်မှန်ပါတယ် မမိုရေ။
ဟုတ်တယ် zin ရေ
မျက်မှန်ရောင်းတာလား
နီးရင်လာကြည့်ပါတယ်
လာခဲ့လေ
အမှန်ပါပဲအစ်မရေ။အရာရာတိုင်းအတွက်စိတ်ရှည်မှအောင်မြင်တာပါ။
ပြောမယ့်သာပြောရတာ
တစ်ခါတစ်ခါမနည်းသည်းခံရတယ်
အားပေးနေပါတယ်ဗျာ
ကျေးဇူးပါ
စိတ်ရှည်သည်းခံလမ်းကြောင်းမှန်
ဟုတ်
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်။
ဟုတ်ကဲ့
သီးခံ ....သီးခံ 😁😁😁
သည်းခံနေပါတယ်
အမှန်ဘာဘဲဗျာ...plz v and m me back @mgtoetat
ဟုတ်ကဲ့ပါ
အရောင်းဝန်ထမ်းအလိုရှိသည်။
ပုံ
Steemit Dollar ကုမ္ပဏီ
လျှောက်လွှာဘယ်မှာယူရမလဲရှင့်
အားပေးနေတယ် သူငယ်ချင်း
ကျေးဇူးပါ
အဲ့တာ အမှန်ပါပဲ အမရေ စိတ်ရှည်ခြင်းသည် အောင်မြင်ခြင်း ပါပဲဗျာ
ဟုတ်ကဲ့ပါ
2.44% @pushup from @ayemomo
This post has received a 4.48 % upvote from @aksdwi thanks to: @ayemomo.
You got a 37.59% upvote from @upmewhale courtesy of @ayemomo!