ရောင်ပြန်မေတ္တာ
ကျွန်တော် ငယ်ငယ်တုန်း က မေမေ ပြောပြတဲ့ အိပ်ယာဝင် ပုံပြင်တွေကို မှတ်မိသလောက် ပြန်ရေးပါ့မယ် အမှားပါရင်သည်းခံပြီး ဖတ်ပေးကြပါ
ကျွန်တော် အခု ရေးမဲ့ ပုံပြင်နာမည်က ရောင်ပြန်မေတ္တာပါ
ဟိုရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ မုဆိုးကြီးတစ်ယောက်ရှိတယ် အဲဒီတောအုပ်ထဲထူးခြားတာ တစ်ခုရှိတယ် ဘာလဲဆိုတော့ တောအုပ် အလယ်မှာ ခေါင်းလောင်းကြီးရှိတယ် အန္တရာယ် တစ်ခုခုကြုံလာခဲ့ရင် ခေါင်းလောင်းကို သုံးချက်တီးလိုက်ရင် အန္တရာယ် အားလုံးကင်းစေပါတယ် တစ်နေ့တော့ မုဆိုးကြီးက သားကောင်ရှာဖို့ တော ထဲကိုထွက်လာတယ် အဲချိန်မှာ ဆူဆူညံညံ နဲ့ အသံတစ်ခု ကြားလိုက်တယ် သူကြည့်လိုက်တော့ အပင်ပေါ်မှာ မြွေက စာကလေးတွေကို မျိုဖို့လုပ်နေတာတွေ့တယ် အဲမြင်ကွင်းကို တွေ့တော့ သူလဲ အမြန် ခေါင်းလောင်းကို သုံးချက်တီးလိုက်တယ် စာကလေးက မြွေမျို မခံရတော့ဘဲ အသက်အန္တရာယ်က လွတ်မြောက်သွားတော့ပေါ့ နောက် ရက်အနည်းကြာတဲ့ အချိန်မှာ မုဆိုးကြီးက အရင်လိုဘဲ တောထဲ ကို ထွက်လာခဲ့တယ် အဲဒီချိန်မှာ ကျားကြီးတစ်ကောင်ကလဲ အစာရှာဖို့ ထွက်လာတာနဲ့ တွေ့ တယ် မုဆိုးကြီးက ထွက်ပြေးမယ်ဆိုလဲ မလွတ် တိုက်ခိုက်မယ်ဆိုရင်လဲ မလွယ်ကူဘူးဆိုတာ သိနေတယ် မုဆိုးကြီးက ဘယ်လုပ်ရမလဲ မသိတဲ့ အချိန်မှာ ခေါင်းလောင်းသံကြားလိုက်ရတယ် 3ချက်ဆက်တိုက်ကြားပြီးတဲ့ အချိန်မှာ ကျားကြီးက သူအနားက ထွက်ခွာသွားတော့တယ် မုဆိုးကြီးက တော့ သူကို ကူညီတာ ဘယ်သူလဲဆိုတာသိအောင် ခေါင်းလောင်းကြီးဆီကို လာခဲ့တယ် ခေါင်းလောင်းကြီးနားရောက်တော့ စာကလေး သုံးကောင် ခေါင်းကွဲသေဆုံးနေတာကို တွေ့လိုက်ရတယ် အဲ စာကလေးကလေ သုံးကောင်က အရင်တစ်ခါ သူကယ်ခဲ့တဲ့ စာကလေးသုံးကောင်ဖြစ်နေတယ် ပုံပြင်လေးကတော့ ဒါပါဘဲ ပုံပြင်ထဲမှာ တိရစ္ဆာန် လေးတွေကတောင်း သူတို့ကို ကူညီခဲ့တဲ့သူကို အကူညီလိုနေချိန်မှာ ပြန်ကူညီပေးပါတယ်
ကိုယ့်ကို လူတစ်ယောက်က အကူညီလိုနေတဲ့အချိန်မှာ ကူညီပေးဖူးရင် သူ လိုအပ်တဲ့ အချိန်မှာ ပြန်ကူညီပေးပါ ဒီလိုအပြန်အလှန်ကူညီချင်က ကောင်းတဲ့ အလုပ်တစ်ခုပါ ကျွန်တော်ရေးထားတာလေးကို အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးပါတင်ပါတယ်😊😊
Photo credit -Facebook
#👑M.K.K👑bigbosss
Nice post keep it up
ရေးထားတာကောင်းတယ် bro
Vote power တော့50% ကျနေလို့ မvote ခဲ့တော့ဘူး bro😢
nice
Wow တိုတိုနဲ့ လိုရင်းရောက်တယ်
Good story
ကောင်းပါ့
ကောင်းတယ် ကြိုးစားညီလေး
ကောင်းလိုက်တဲ့ပုံပြင်
Good post
Good post
Like this story
ကောင်းလိုက်တာ
ကောင်းတယ်ဗျာ
Good