ကမ္ဘာ့အကြီးဆုံး မဟာစည်တော်ကြီး အဓိကဒုန္ဒုဘ

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ကမ္ဘာ့အကြီးဆုံး မဟာစည်တော်ကြီး အကြောင်းကို
ဗဟုသုတ အဖြစ် မျှဝေပေးပါမယ်။

မဟာစည်တော်ကြီး ၏ နာမတော်မှာ

#မဟာဘေရီ ( သို့မဟုတ်) #အဓိကဒုန္ဒုဘ

ဖြစ်ပါသည်။

စည်တော်ကြီး ဖြစ်ပေါ်လာပုံကို ပြောပြရလျှင်

2018 ခုနှစ်တွင် အင်းတော်မြို့နေ ဦးအောင်ပွဲ
ခေါ် ဆရာပွဲ မှ သုဿာန် ရှင်းလင်းရာ လွန်စွာ
ကြီးမားသော ကုက္ကိုလ်ပင် ကို တွေ့ရှိခဲ့ပါတယ်။
image
ဆရာပွဲ သည် မြန်မာ့တူရိယာလုပ်ငန်း ဆောင်ရွက်သူ
တစ်ဦး ဖြစ်လေတော့ ထိုကုက္ကိုလ်ပင်ကို
2018 ခုနှစ် ဖေဖော်ဝါရီ 12 ရက်နေ့မှ စတင်၍
စည်တော်ကြီး ထွင်းထုဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလ 23 ရက်နေ့ ရောက်မှသာ အလုံးစုံ
ပြီးမြောက်ခဲ့ပါတယ်။
image
မဟာစည်တော်ကြီး ၏ အလျား အရှည်မှာ
128 လက်မ ၊
အမြင့်မှာ 64 လက်မနှင့်
မျက်နှာပြင်အကျယ်မှာ 54 လက်မ တို့ ဖြစ်ကြပါတယ်။
image
မဟာစည်တော်ကြီး ကို
မျက်နှာပြင်နှစ်ဘက်၌ ကျွဲသားရေ နှစ်ချပ် နှင့်
စည်ကျစ်ကြိုးအတွက် နွားသားရေ တစ်ဆယ့် ရှစ်ချပ်
ဖြင့် ပြုလုပ်ခဲ့ပါတယ်။
image
စည်တော်ကြီး ထုဆစ်သူ ဆရာပွဲ

မဟာစည်တော်ကြီး ၏ အတွင်းပိုင်းတွင်
ဘုရားဒေသနာတော်များနှင့် ဂါထာတော်များ
ရေးသား စီရင်ထားပါတယ်။
ဗားမဲ့ဂါထာများဖြင့်လည်း လောကီအစီအမံ ပြုထားပါတယ်။
image
မဟာစည်တော်ကြီး ၏ အပြင်ပိုင်းတွင်
ဘုရားရှင်ခြေတော်ရာ စက်လက္ခဏာများကို
နတ်သားများ ပူဇော်နေပုံ ပါရှိပါသည်။

ဤသို့ စီမံပြုလုပ်ပြီးသကာလ ဆရာပွဲတို့ မိသားစုသည်
မဟာစည်တော်ကြီး ကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ထံ
ပေးအပ်လှူဒါန်းပါတယ်။
ထိုမှတဆင့် သီတဂူဆရာတော်ကြီး ထံ ဆပ်ကပ်လှူ၍
ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး
ပရဝုဏ်အတွင်း တင်ဆောင်ထားရှိရန် စီစဉ်ကြပါတယ်။
image
ထိုကာလသည် ကောင်းမှုတော်စေတီတော်မြတ်ကြီး
အဖြူရောင်သင်္ကန်း ကပ်လှူပြီးချိန်နှင့် သီတဂူဆရာတော်ကြီး
မွေးနေ့ပူဇာ အလှူတော်နေ့နှင့်လည်း အချိန်ကိုက် ဖြစ်ပြီး
လတကာတို့ထက် ထူးမြတ်သော တပေါင်းလပြည့်
အခါသမယ ဖြစ်ခဲ့ပါတယ်။

မဟာစည်တော်ကြီး သည် မြန်မာ့ရိုးရာ တူရိယာများထဲမှ
ထူးမြတ်သော အရာတစ်ခု ဖြစ်သည်နှင့်အညီ
အရွယ်အစားအားဖြင့်လည်း ကမ္ဘာအကြီးဆုံး ဟု
စံချိန်တင်ရပေမည်။

သို့ဖြစ်ပါ၍ ကျွန်တော်သည်လည်း မှတ်တမ်းဓာတ်ပုံများ
ရိုက်ယူကာ မျှဝေပေးလိုက်ပါတယ်။

ဖတ်မှတ်ကြည့်ရှုမိသူအပေါင်းအား
စည်တော်ရွမ်းလို့ ဆုတောင်းသံသာ ပြုလိုက်ရပါတယ်။

ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေသော်....

MSC - 193

@billionairehein

Sort:  

Hi.
Awesome.
greetings and blessings

Myanmar Natural Great Drum

Posted using Partiko Android

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဆက်ဆက်ကျေးဇူးတင်ပါသည်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!

Learn more: https://esteem.app Join our discord: https://discord.gg/8eHupPq

Thanks for vote

Posted using Partiko Android

မျှ​ဝေ​ပေးလို့ သာဓုပါ ကိုဟိန်း

Posted using Partiko Android

ကုသိုလ်ရစေသော်

Posted using Partiko Android

ရောက်အောင်သွားဦးမယ်ဗျာ

လာခဲ့ပါညီရာ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community
Curation Collective Discord community
community witness. Please consider using one of your witness votes on us here ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။This post was shared in the #burmese-curation channel in the for curators, and upvoted and resteemed by the @c-squared community account after manual review.@c-squared runs a

Thank you very much!

Posted using Partiko Android