ယခင်က ဆရာကြီးမင်းသင်္ခ၊ မြသန်းတင့် ၊ ဒဂုန်ရွှေမြှား၊ ဘာသာပြန်တွေ ဖတ်ခဲ့ရာမှ လွန်းထားထား၊ နွမ်ဂျာသိုင်း၊ နီကိုရဲ၊ အကြည်တော်၊ တာရာမင်းဝေ...နောက်တော့ ဆရာညီညီနိုင်နှင့် အောင်မြင်ရေးတတ်ကျမ်း ဘာသာပြန်ပေါင်းစုံ ဖတ်ဖြစ်ခဲ့ပါတယ်။ တတ်ကျမ်းတွေ
ဖတ်ပါများလာတော့ စာရေးဆရာ ဖြစ်ချင်စိတ်၊ စာရေးချင်စိတ်ပဲ
ရှိနေခဲ့ပါတယ်။ အချိန်ရတိုင်းလည်း စာဖတ်စာရေးပဲ လုပ်နေခဲ့မိတယ်။
ခုတော့... Steemit စသုံးစွဲကတည်းက စာအုပ်တွေ ဖတ်တာ မရှိ
သလောက် ဖြစ်ခဲ့ပါတယ်။ steemit ပေါ်က စာတွေ ဖတ်ရင်း
မန့်ရင်းဖြင့် အချိန်ကုန် ၊ အချိန်လုနေခဲ့ရပါတယ်။ ခုချိန်ထိလည်း
စာအသစ်များ သိပ်မရေးဖြစ်ခဲ့ပါ...ရေးပြီးသား အဟောင်းများသား
ရေးတင်နေခဲ့ပါသည်။ မိမိထက်သာသော ရသစာပေ ရေးအားကောင်းသော သူများကိုလည်း MSC တွင် တွေ့မြင် ဖတ်ရှုနေရသည်ကိုတော့ ဝမ်းသာမိပါသည်။
You are viewing a single comment's thread from:
ဟုတ်တယ်ကို ဟိန်းရေး... စာ ရေးဆရာ မဟုတ်ကြပေမယ့် အရေးအသားကောင်းကြတယ်.. အားကျလိုက်ပါဘိ။